ကိုဗစ်-၁၉ နောက်ဆုံးရသတင်းများ

Local News

မကွေးတိုင်း ဒေသကြီးတွင် တစ်ရက်အတွင်း၌  လူနာသစ် အယောက်(၆၀) စံချိန်တင် တိုးမြှင့်ခဲ့ပြီး နောက် အချို့ဒေသများကို အဝင်အထွက်ကန့်သက်ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် မြို့နယ်သုံးခု မှ လက်ခစားလုပ်ငန်းများကို ၁၄ ရက်ထပ်မံပိတ်ထားရန် တိုးမြှင့်လိုက်ကြောင်း သိရှိရသည်။ မကွေးတိုင်းဒေသကြီးတွင် ရောဂါကူးစက်မှု တိုးတက်များပြားလာခြင်းကို  ထိန်းချုပ်နိုင်ရန်အတွက် နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်း၊ မြင်သာနှင့် ဂွေးပင်ကျေးရွာသို့ အဝင်အထွက် ကန့်သတ်လိုက်ကြောင်း နတ်မောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အောက်တိုဘာ ၉ ရက်နေ့တွက် ထုတ်ပြန်သည်။ အောက်တိုဘာလ ၉ ရက်နေ့တစ်ရက်ထဲ၌ လူနာသစ် (၆၀) ဦးစံချိန်တင် တွေ့ရှိပြီးနောက်ပိုင်း အထက်ပါကြေငြာချက်ကို ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသန်းလှိုင်က ပြေကြားသည်။

ထို့အပြင်ပဲခူးသနပ်ပင်နှင့်က၀မြို့နယ်များတွင်အောက်တိုဘာ၉ရက်နေ့ညအထိ covid-19 ရောဂါအတည်ပြုလူနာပေါင်း၂၀၀ကျော်ရှိခဲ့ပြီးပိတ်သိမ်းခံထားရသည့်စက်ရုံပေါင်း၁၀၀ကျော်မှအလုပ်သမားတစ်သိန်းခန့်ကိုလစာ၏၄၀% ကိုလူမှုဖူလုံကြေးမှထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ယာယီပိတ်ထားရမည့်စက်ရုံ၊အလုပ်ရုံများတွင်သားငါးစားသောက်ကုန်နှင့်အအေးခန်းလုပ်ငန်းများ၊ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းများ၊ရေသန့်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့်နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းများမပါဝင်ကြောင်းသိရှိရသည်။

Leave a Reply