Covid-19 ပိုးတွေ့လူနာများ၏ ထက်ဝက်ကျော်မှာ Contact Person များဖြစ်ကြပြီး လက်ရှိ ရန်ကုန်တွင် ပြည်ပမှ ပြန်လာသူများ အပါအဝင် လူဦးရေ ၄၀၀၀၀ ဝန်းကျင်းကို ကွာရန်တင်းထားရှိထား

Local News

Covid-19 ပိုးတွေ့လူနာများ၏ ထက်ဝက်ကျော်မှာ Contact Person များဖြစ်ကြပြီး လက်ရှိ ရန်ကုန်တွင် ပြည်ပမှ ပြန်လာသူများ အပါအဝင် လူဦးရေ ၄၀၀၀၀ ဝန်းကျင်းကို ကွာရန်တင်းထားရှိထားရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၃၆၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၃၉၀၀၀ ကျော်၊ ပဲခူးတိုင်းဒေသ ကြီးရှိ Quarantine နေရာ ၁၁၀၀ ကျော်၌ အသွားအလာ ကန့်သတ်ထားသူ ၁၀၀၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ Quarantine နေရာ ၉၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၀၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၅၉၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၄၄၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ Quarantine နေရာ ၇၈၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၄၀၀၀ ကျော်၊ ကချင်ပြည်နယ်ရှိ Quarantine နေရာ ၃၄၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၃၂၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၃၉၀ ကျော်တွင် အ သွားအလာ ကန့်သတ်ထားသူ ၃၁၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၂၅၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၈၀၀ ကျော်၊ ရခိုင်ပြည်နယ်ရှိ Quarantine နေရာ ၂၇၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ ရှမ်း (တောင်ပိုင်း) ရှိ Quarantine နေရာ ၁၄၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၄၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၃၀၀ ကျော်၊ မွန်ပြည်နယ်ရှိ Quarantine နေရာ ၃၀ ကျော် တွင် အသွားအလာ ကန့်သတ်ထားသူ ၁၃၀၀ ကျော်၊  ရှမ်း (မြောက်ပိုင်း) ရှိ Quarantine နေရာ ၄၄၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၀၀၀ ကျော်၊ နေပြည်တော်ရှိ Quarantine နေရာ ၁၀ ကျော်တွင်အသွားအလာ ကန့်သတ်ထားသူ ၁၀၀၀ ကျော်၊ ရှမ်း (အရှေ့) ရှိ Quarantine နေရာ ၂၀ ကျော် တွင် အသွားအလာ ကန့်သတ်ထားသူ ၅၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေ ရာ ၁၀ ကျော်တွင် အသွားအလာ ကန့်သတ် ထားသူ ၃၆၀ ကျော်၊ ချင်းပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၃၀၀ ကျော်ရှိ ကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲ ပြုလုပ်သည့်နေ့တွင် Quarantine ခံထားရသူများ၊ ဆေးရုံများ၌ ဆေးကုသနေသူများ၊ မိမိနေထိုင်ရာ ဒေသပြင်ပရောက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် လူနာများ၊ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်းများ၊ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာစေရေး အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ COVID-19ကူးစက်မှုမရှိစေဘဲ ဘေး ကင်းစိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ဦးဆောင်မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနတို့သည် လုပ်ငန်းလမ်းညွှန်များ၊ စံ လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရေးဆွဲ ခဲ့ပြီးဖြစ်၍ လက်တွေ့သရုပ်ပြခြင်းနှင့် သင် တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြခြင်းကို နှစ်ကြိမ် ကြည့်ရှုခဲ့ရာတွင် မဲရုံသို့ မဝင် ရောက်မီ တန်းစီချိန်မှစ၍ ဝင်ရောက်ပြီး အ ဆင့်ဆင့်သော ဆန္ဒမဲပေးမှုများနှင့်မဲရုံမှ ပြန် လည်ထွက်ခွာသည်အထိ အဆင့်ဆင့်ကို အ သေးစိတ်ကြည့်ရှုကာ လမ်းညွှန်ချက်များနှင့် အကြံပြုချက်များ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ အချက်များကို မိမိတို့ တိကျစွာလိုက်နာ ပြင်ဆင်ကာ ဆန္ဒမဲပေးရာတွင် ရောဂါကူးစက်မှု အလားအလာ မရှိသလောက် နည်းပါးစေရန် ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို ပြောကြားသည်။

Leave a Reply