အိမ်ထောင်သစ် ထူထောင်ခဲ့ပေမဲ့ ဝေဒနာသည် ခင်ပွန်းဟောင်းကို တစ်အိမ်တည်းမှာ အတူစောင့်ရှောက်ပေးထားသူ

International News
အိမ်ထောင်သစ် ထူထောင်ခဲ့ပေမဲ့ ဝေဒနာသည် ခင်ပွန်းဟောင်းကို တစ်အိမ်တည်းမှာ အတူစောင့်ရှောက်ပေးထားသူ

သူတို့အိမ်ထောင်ကျပြီး ၂ နှစ်အကြာမှာပဲ ခရစ်အတွက် သတင်းဆိုး ကြားခဲ့ရတယ်။ စက်ပြင်ဆရာဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဘရင်ဒန် ကားတိုက်ခံရပြီး ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာပါပဲ။ ဘရင်ဒန်က ၂လကြာ ကိုမာဝင်ခဲ့တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာက သာမန်လူတစ်ယောက်လို မဟုတ်တော့ဘူး။ ဒီတော့ ခရစ်က ဘရင်ဒန်ရဲ့အနားမှာ မပြတ်တမ်း ပြုစုစောင့်ရှောက်ပေးရတာပေါ့။

ခရစ်တစ်ယောက်တည်း ရုန်းကန်နေရချိန်မှာ ဂျိမ်းစ်အမ်းစထရောင်းနဲ့ ဆုံတယ်။ ဂျိမ်းစ်အမ်းစထရောင်းက သူ့ကို လက်ထပ်ခွင့်တောင်းတယ်။ ဒါပေမဲ့ ခရစ်က ကတိတစ်ခု တောင်းတယ်။ သူ့ခင်ပွန်း ဘရင်ဒန်ကို သူတို့နဲ့အတူ နေခွင့်ပေးပြီး ပြုစုစောင့်ရှောက်ပေးတာကို သဘောတူမှ လက်ထပ်မယ်လို့ ပြောတယ်။ ဂျိမ်းစ်အမ်းစထရောင်းက နားလည်ပေးတယ်။

သူကိုယ်တိုင်က ဘရင်ဒန်ကို ဆေးရုံ လိုက်ပို့ဖို့ စီစဉ်ပေးတယ်။ အဝတ်အစား လဲပေးတယ်။ ဝေယျာဝစ္စ လုပ်ပေးတယ်။ ခရစ်နဲ့ ဘရင်ဒန်တို့ရဲ့ ကလေးတွေကိုလည်း သူ့တူလေးတွေလို စောင့်ရှောက်ပေးတယ်။ ကလေးတွေကလည်း ဂျိမ်းစ်ကို ခင်ကြတယ်။ တကယ်လို့ ဘရင်ဒန် ပြန်သက်သာလာရင်တောင် သူတို့နဲ့ တစ်အိမ်တည်း နေခွင့်ပေးဦးမယ်လို့ ဂျိမ်းစ်က ဆိုတယ်။ ဒါပေမဲ့ ခရစ်က ဂျိမ်းစ်နဲ့ လက်မထပ်ခင် ဘရင်ဒန်နဲ့ ကွာရှင်းခဲ့ပြီးပါပြီ။ ဘရင်ဒန် ပြန်သက်သာလာရင်တောင် သူ့ရဲ့ခင်ပွန်းဟောင်းအဖြစ်ပဲ ရှိတော့မှာပါ။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။