“ပုဇွန်တောင်မြို့နယ်တွင် ယှဉ်ပြိုင်မည့် NDF ပါတီကိုယ်စားလှယ်များ၏ မဲဆွဲလှည့်လည်မှု အစီအစဉ်ကို Stay Home တွှင်ပါဝင်နေသောကြောင့် ခွင့်မပြုနိုင်ကြောင်း မြို့နယ်ကော်မရှင်ခွဲမှ အကြောင်းပြန်ခဲ့သည်” ဟု အဆိုပါမဲဆန္ဒနယ်မှ NDF ပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ဇင်က ပြောကြားသည်

Local News

“တို့ရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေ က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခွင့်မရှိတော့ ဘူးလား။ ကိုယ့်ရဲ့ message လေးဖြစ်တဲ့ ဒီပန်းဖလက်ကိုရော ဝေခွင့်မရှိဘူးလား။ ဒါ ဆို ဒီလို ဝေခွင့်မရှိဘူး။ မိတ်ဆက်ခွင့်မရှိဘူး ဆိုရင် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေရဲ့ ပညာအရည်အချင်း အကြောင်းအရာကို ပြည်သူတွေ ဘယ်လိုသိပြီး ဘယ်လို ရွေးကြ မှာလဲ” ဟု ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးအောင်ဇင်က ပြောကြားသည်။

ဇွန်တောင်မြို့နယ်တွင် NDF ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း သုံးဦး၏ ကိုယ်အရေးအကျဉ်းပါ လက်ကမ်းကြော်ငြာ ပေးဝေမဲဆွယ်မှု ပြုလုပ် ရန် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက မြို့နယ်ကော်မရှင်အဖွဲ့ ခွဲကို အောက်တိုဘာ ၂၃ ရက်က တင်ပြ လျှောက်ထားခဲ့သည်။

အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ပုဇွန်တောင်မြို့နယ်ရှိ ရပ်ကွက်အ သီးသီးတွင် လှည့်လည်မဲဆွယ်ခွင့်ပြုရန်တင် ပြလျှောက်ထားမှုအပေါ် မြို့နယ်ကော်မရှင် အဖွဲ့ခွဲက  Stay at Home သတ်မှတ်သည့် မြို့နယ်များ၌ လှည့်လည်မဲဆွယ်ခြင်း၊ ပြင်ပ နေရာ၊ အဆောက်အအုံများအတွင်း မဲဆွယ် ခြင်းနှင့် အိမ်တိုင်ရာရောက် မဲဆွယ်ခြင်းတို့ ကို တားမြစ်ထားသည့်အတွက် NDFပါတီ ကိုယ်စားလှယ်လောင်းများ တင်ပြမှုကို လုံးဝ ခွင့်မပြုကြောင်းဟူ၍ အောက်တိုဘာ ၂၄ ရက်က ကော်မရှင်အဖွဲ့ခွဲ၏ အကြောင်းပြန် စာတွင် ဖော်ပြထားသည်။

“ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးမှာ ငါတို့ပါတီ အများစု ပြောနေကြတဲ့ကိစ္စက ရွေးကောက်ပွဲကို ခေတ္တပြောင်းပေးပါ။ COVID ကာလလွန်မှ ရွေးကောက်ပွဲကို ပြန် လုပ်ပါလို့ တောင်းဆိုတာရှိတယ်။ အဲဒီ တောင်းဆိုချက်ကျတော့လည်း မလိုက်လျောဘူး။ ဒီဘက်က ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ ရပိုင်ခွင့်အခွင့်အရေးကျ တော့လည်း အပြည့်အဝမပေးဘူး။ အဲဒီလို မပေးဘူးဆိုရင် အားလုံးတန်းတူညီမျှဖြစ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုက်ကား ၁၀၀ လောက်ရှိတယ်။ အလံတွေနဲ့ ဘာတွေနဲ့ နီနီရဲရဲတွေ လှည့်တာကျတော့ ဘယ်လိုပြော ကြမလဲ။ ဒါဟာ ၀ိုင်းရံသူတွေရဲ့ လုပ်ခွင့်ပါပဲ။ ကျွန်တော်တို့နဲ့မဆိုင်ဘူးဆိုရင် သူတို့ ပါတီ ကနေ ဥပဒေနဲ့အညီအသိအမှတ် ပြု ပြီး ရွေးကော်ကို တင်ထားတဲ့ တံဆိပ်တွေ ကို အလွဲသုံးစားခွင့်ပြုနေတာလား။ ဒါတွေ က မေးခွန်းတွေ ဖြစ်လာတာပေါ့”  ဟု ဦးအောင်ဇင်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက မဲဆွယ်စည်းရုံးရာ၌ လိုက်နာဆောင် ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁) ကို စက်တင်ဘာ ၇ ရက်က ထုတြ်ပန်ခဲ့ပြီး ယင်းလုပ်ငန်းလမ်းညွှန်၌ နေအိမ်တွင် နေ ထိုင်ရေး  (Stay at Home သတ်မှတ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာဒေသများတွင် လှည့်လည်မဲဆွယ် စည်းရုံးခြင်း၊ ပြင်ပနေရာ၊ အဆောက်အအုံ များအတွင်း မဲဆွယ်ခြင်းနှင့် အိမ်တိုင်ရာ ရောက် မဲဆွယ်ခြင်းတို့ကို ဆောင်ရွက်ခြင်း မပြုရဆိုသည့် တားမြစ်ချက်ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုး ကျွန်းမြို့နယ်မှလွဲ၍ ကျန် ၄၄ မြို့နယ်ကို Stay at Home သတ်မှတ်ထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူများသည် အောက်တိုဘာ ၁၈ ရက် က အနှေးယာဉ် ၂၀၀ နီးပါးဖြင့် ပုဇွန်တောင် မြို့ နယ်မှ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံ တားမြို့နယ်တို့ကို ဖြတ်သန်း၍ ပါတီအောင် နိုင်ရေးသီချင်းများဖွင့်ကာ စီတန်းလှည့်လည် ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့ နယ်တို့တွင် NLD ပါတီ ဝန်းရံသူများကအနှေး ယာဉ် ရာနှင့်ချီ၍ အောက်တိုဘာ ၂၄ ရက်က စီတန်းလှည့်လည်ခဲ့သည်။

Leave a Reply