ကျောက်ဖြူတွင် စစ်တပ်က လူလာ ဖမ်းရာတွင် မတွေ့၍ ငွေကျပ် ၅ သိန်းကျော်တန်ဖိုး ရှိသည့် ငါးခြောက်များကို လုယူသွား

Local News

ကျောက်ဖြူတွင် စစ်တပ်က လူလာ ဖမ်းရာတွင် မတွေ့၍ ငွေကျပ် ၅ သိန်းကျော်တန်ဖိုး ရှိသည့် ငါးခြောက်များကို လုယူသွား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ဖြူတွင် စစ်တပ်က လူလာ ဖမ်းရာတွင် မတွေ့၍ ငွေကျပ် ၅ သိန်းကျော်တန်ဖိုး ရှိသည့် ငါးခြောက်များကို လုယူသွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေရာတွင် မတွေ့ရှိသဖြင့် ၎င်း၏ ပိုင်ဆိုင်သော ငါးခြောက် ဒိုင်တွင်ထားသည့် ကာလတန်ဖိုး ၅သိန်းကျော်ရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ယူဆောင်သွားကြောင်း ရပ် ကွက်တွင် နေထိုင်သူများက ပြောသည်။
နိုဝင်ဘာ ၁၂ရက်နေ့ ညဉ့် ၁၀ နာရီကျော်ခန့်က ကုလားပိုက်ဆိပ် ရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းတွင် နေထိုင်သည့် အဖ ဦးလှသာထွန်း၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုလှမြင့်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စရဖများ ၃၀ခန့်က အိမ်စီးကားတစ်စီး၊ ကားအကြီး ၂ စီးတို့ဖြင့် လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ဝင်ရောက်ပြီးရှာဖွေရာတွင် ဇနီးဖြစ်သူနှင့် ဖခင်တို့ ရှိရာ ကိုလှမြင့်ထွန်း ကို ရှာမတွေပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးခြောက်ဒိုင်သို့ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
“ယူနီဖောင်းရော ၊ ယူနီဖောင်းမပါတာရော၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ စရဖ အပါအဝင် ၃၀ ခန့်လောက်ရှိမယ်။ ကိုလှမြင့်ထွန်းရှိ၊ မရှိကိုမေးတယ်။ နေအိမ်ကို ဝင်ရှာတယ်။ မွှေတယ်။ သူ့မိန်းမက ယောကျ်ားမရှိဘူး။ နယ်မှာလို့ပြောတယ်။ သူပိုင်ဆိုင်တဲ့ ငါးခြောက်ဒိုင်ကို သွားကြတယ်။ သူအဲ့ဒီငါးခြောက်ဒိုင်မှာ ရှိမယ်ဆိုပြီးတော့ သွားကြတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကိုလှမြင့်ထွန်း မိသားစုနေထိုင်သည့် နေအိမ်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သည့် ငါးခြောက်ဒိုင်းတို့သည် မလှမ်းမကမ်းတွင်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းအား ရှာမတွေ့ရာကနေ ငါးခြောက်ဒိုင်တွင် ရှိမည်ဟု ယူဆချက်ဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။
သို့သော်လည်း ကိုလှမြင့်ထွန်း အား ရှာမတွေ့ဘဲ ငါးခြောက်ဒိုင်တွင် ရှိသည့် ငါးရံဂုံးခြောက်၊ ငါးညို့ခြောက်စသည့် ကာလတန်ဖိုး ၅သိန်းကျော်ဖိုးရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

“သူ့ကို အိမ်မှာ မရှိဘူးဆိုတော့ မယုံဘူးပေါ့။ ငါးခြောက်ဒိုင်ကို စစ်ကောင်စီတပ်သားတွေက သွားကြတာပါ။ ငါးခြောက်တွေ သိုလှောင်ထားတာအများကြီးပါပဲ။ သူတို့ မိသားစုက ငါးလုပ်ငန်းလုပ်တယ်။ ငါးဒိုင်ဖွင့်ထားတာပေါ့။ သူ့ကို မတွေ့တော့၊ ငါးခြောက်ဒိုင်မှာရှိတဲ့ ငါးခြောက်တွေကို ယူသွားတယ်။ ကာလတန်ဖို့ ၅ သိန်းကျော်လောက်တော့ရှိမယ်။ စစ်ကောင်စီတပ်သားတွေယူသွားတာ။ ပိုင်ရှင်မသိဘဲ ယူတယ်ဆိုရင် ခိုးယူသွားတယ်ပေါ့၊ ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးခဲ့တယ်”ဟုပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုပြည်၊ စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများအပါအဝင် ဌာနဆိုင်ရာက တာဝန်ရှိသူများကိုလည်း ဆက်တိုက်ဖမ်းဆီးမှုရှိလာနေပြီး ဖမ်းဆီးခံရသည့် ၎င်းတို့ပိုင်ဆိုင်သည့် ကားများကို ပြန်မပေးဘဲ အဆိုပါ ကားများဖြင့် မြို့ထဲ လှည်ပတ်ကာ ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံများက‌ပြောသည်။
“ကျောက်ဖြူမှာ အခုက တော်တော်ဆိုးလာနေတယ်။ ဖမ်းတာမကလို့ အရပ် သားကားတွေကိုလည်း ဖမ်းပြီးတော့ ကားပြန်မပေးဘူး.။ အဲ့ဒီကားတွေနဲ့ မြို့ပတ်ပြီး လိုက်ဖမ်းတာ၊ နေလယ်ပိုင်းရော၊ ညပိုင်းရော ဖမ်းတယ်။ စရဖတွေရော၊ SBရော၊ အကုန်ပါတယ်။ အရပ်ဝတ်တွေနဲ့
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ပေါ်ရော၊ နယ်ဖက်တွေ လိုက်ဖမ်းတာ။ စည်းဆိုတာ သူတို့မှာမရှိဘူး။ တွေ့တဲ့သူကို ကောက်ဖမ်းနေတာ”ဟုပြောသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက အပြစ်မဲ့ အရပ်သားများအား thet ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများအား တစ်နေ့ထက် တစ်နေ့ ပို၍ ဆိုးလာနေပြီး အခု ရက်ပိုင်းများက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာသား ၉ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်ရောက်ပြီး thet ဖြတ်ခဲ့သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။