တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံပြင်ပထိပါကူးစက်လာ

Local News

တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံပြင်ပထိပါကူးစက်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံပြင်ပထိပါကူးစက်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ မြို့ကြီးအချို့တွင် အစိုးရ၏ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးမူဝါဒကို အပြင်းအထန် ဆန့်ကျင် ဆန္ဒပြမှုများပေါ်ပေါက်နေပြီး ယခုအခါ နိုင်ငံတကာအထိ ကူးစက်လာပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများကလည်း ၎င်းတို့အစိုးရကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လာကြသည်။
ဗြိတိန်နိုင်ငံ လန်ဒန်၊ ပြင်သစ်နိုင်ငံ ပဲရစ်၊ ဂျပန်နိုင်ငံ တိုကျိုနှင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီ အပါအ ဝင် နိုင်ငံတကာမြို့ကြီးပေါင်း တစ်ဒါဇင်ထက်မနည်းတွင် တရုတ်အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှား မှုများပေါ်ပေါက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ရေးသားသည်။
ပြည်တွင်းပြည်ပရှိ စိတ်ဆိုးဒေါသထွက်နေသော တရုတ်လူမျိုးများ၏ စုရုံးဆန္ဒပြမှုများမှာ ကြုံ တောင့်ကြုံခဲပင်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် နေအိမ်တိုက်ခန်းအတွင်း ပိတ်မိကာ လူ ၁၀ ဦး မီးလောင်thayဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်မှာ အစိုးရ၏ နေအိမ်အပြင်မထွက်ရ (Lockdown) ဆိုင်ရာ ကန့်သတ်ချက်များကြောင့်ဖြစ်သည်ဆိုကာ ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်အစိုးရအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်ထားရာတွင် တရုတ်အနေဖြင့် Zero Covid ဗျူဟာအားဖြင့် ကိုဗစ်ထိန်းချုပ်နိုင်ရေး ခက်ခဲလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် တကမ္ဘာလုံးတွင် လူတိုင်း လွတ်လပ်စွာငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံတွင်လည်း အလားတူပင်ဖြစ်ကြောင်း ဖော်ပြသည်။
ရှန်ဟိုင်းအပါအဝင် တရုတ်မြို့ကြီးအချို့မှ စုရုံးဆန္ဒပြပွဲများအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးမှနုတ်ထွက်ပေးရန်အထိ တောင်းဆိုကြသည်ဟုလည်း အခြားသော နိုင်ငံတကာသတင်းများ တွင် ဖော်ပြသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။