မဲပေးမည့်သူများအားလုံးသိထားဖို့လိုသည့် ဆောင်ရန်ရှောင်ရန်အချက်များ

Knowledge

ကြိုတင်မဲပေးမည့်သူများနှင့် နိုဝင်ဘာ ၈ ရက်မဲပေးမည့်သူများအတွက်ဆောင်ရန်ရှောင်ရန်အချက်များ

– မဲပေးသရုပ်ပြကြည့်တဲ့အခါ အယောက်၁၀၀ကို ၃၅မိနစ်သာကြာမြင့်တယ်လို့သိရပါတယ်။ ဝန်ထမ်းတွေမို့မြန်တာလည်းဖြစ်နိုင်ပါတယ်။ ပြည်သူကတော့ပိုကြာနိုင်ပါတယ်။

– N95နဲ့faceshieldကို၃၈သန်းလုံးအတွက်အခမဲ့ပေးမှာပါ။

– လက်အိတ်တော့ဝတ်ဆင်သွားသင့်တယ် လို့အကြံပြုလိုပါတယ်။

– အိမ်ကဘောလ်ပင်ယူသွားပါ။ အဆင်မပြေရင်မဲရုံကပိုးသတ်ထားတဲ့ဘောလ်ပင်ပေးပါလိမ့်မယ်။ လက်မှတ်ကတော့ဘောလ်ပင်နဲ့ထိုးရမှာမို့ပါ။
– တယောက်ကို၆ပေအကွာစီရတဲ့အခါ နေရာအကျဉ်းအကျယ်ပေါ်မူတည်ပြီး နီးသွားတာရှိနိုင်ပါတယ်။

– အဓိက ကMaskကိုဖယ်ပြီးစကားမပြောမိဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မထိနေဘူး။ လေအချင်းချင်းမကူးလူးနေရင် ၆ပေမကွာလည်းစိုးရိမ်စရာမလိုပါ။

– လက်မှတ်ကိုအတိုသာထိုးကြပါ။ ဘဏ်မဟုတ်လို့ ဆိုင်းလှလှဖြစ်နေစရာမလိုပါဘူး။ မှန်ဖို့မြန်ဖို့သာအဓိကပါ။

– တန်းစီစောင့်လျှင်နေပူနိုင်ပါတယ်။သို့ပါ၍ ဦးထုပ် ခမောက် တို့တွင်ပါတီတစ်ခုခုရဲ့အမှတ်အသားမပါတာဆောင်းဖို့ယူသွားပါ။

– ရေငတ်နိုင်ပေမယ့်ပါးစပ်ဖွင့်ရမယ့်အလုပ်မလုပ်ပါနဲ့။ မြန်မြန်ပေး မြန်မြန်အိမ်ပြန်ပါ။

– မိမိတယောက်သုံးလက်သန့်ဆေးရည်ဗူးလေးတွေယူသွားပါ။

– နောက်ဆုံးမှင်တို့တဲ့အခါ လက်အိတ်ချွတ်ရပါမယ်။ လက်သန်းကို ဗူးနှုတ်ခမ်းနဲ့လုံးဝမထိပါနဲ့။ အလယ်တည့်တည့်ကိုသာလက်ချောင်းနှစ်ပါ။ လက်သန့်ဆေးနဲ့ပြန်ဆေးပြီးမဲရုံကအိမ်တန်းပြန်ပါ။

– ပါတီတံဆိပ်တွေလည်းဝေဝါးဖို့မရှိပါဘူး။ ရွေးရခက်တဲ့ဆင်တူရိုးမှားပုံတွေအစဉ်လိုက်မပါပါဘူး။ စာဖတ်တတ်သူများလို့ ပါတီအမည်ဖတ်ရုံပါပဲ။

– အများစုက တိုင်းရင်းသားကိုယ်စားလှယ်လောင်းမဲမပေးရဘူး။ တိုင်းရင်းသားဖြစ်မှသာမဲတပြားအပိုရမယ်။

– ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် နေရာ၃နေရာအတွက်သာ
မဲ၃ရွက်ရမယ်။ တစ်ရွက်ယူ မဲပုံး၁ပုံးထဲထည့်စနစ်နဲ့ ၃ခါလုပ်ရမယ်။
(နေပြည်တော်ကတော့ ပြည်ထောင်စုနယ်မြေဖြစ်လို့ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်အတွက်သာ မဲပေးရမှာဖြစ်လို့ မဲစာရွက် ၂ရွက်သာရရှိမှာဖြစ်ပြီး မဲပုံးကလည်း ၂ခုသာရှိမှာဖြစ်ပါတယ်။တိုင်းဒေသကြီးလွှတ်တော်မရှိပါ။)

– လက်အိတ်ရဲ့သဘောက ကိုယ့်အတွက်လုံခြုံပေမယ့် တစ်ခြားသူကိုထိတာ တို့တာ ဝမ်းသာအားရရိုက်ပုတ်ပြောတာတို့မလုပ်မိပါစေနဲ့။ ပိုးက လက်အိတ်မှာကပ်နေနိုင်ပါတယ်။ သတိထားကြပါ။

အားလုံးကျန်းမာစွာ မဲပေးနိုင်ကြပါစေ။

မူရင်းတင်သူ Credit

Leave a Reply