တင်းတိပ်ရောဂါ နှင့် ဆေးဖက်၀င် အပင်တစ်ပင်

Health Knowledge
တင်းတိပ်ရောဂါ နှင့် ဆေးဖက်၀င် အပင်တစ်ပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တင်းတိပ်ရောဂါ နှင့် ဆေးဖက်၀င် အပင်တစ်ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တင်းတိပ်ရောဂါ နှင့် ဆေးဖက်၀င် အပင်တစ်ပင်

အသက်လေးဆယ် စွန်းစွန်း အမျိုးသမီး တစ်ဦးသည် မျက်နှာတွင် နေလောင် သကဲ့သို့ ဖြစ်သဖြင့် နိုင်ငံခြားဖြစ် မိတ်ကပ် တစ်မျိုးကို စျေးကြီးပေး ဝယ်လိမ်းနေရာ အသားအရောင် ပြောင်းသွား သော်လည်း တဖြည်းဖြည်း အောက်ခံ အရေပြားတွင် တင်းတိပ် ကဲ့သို့ အမည်းစက်များ ထွက်လာ ခဲ့သည်။ သူသည် အထိတ်တလန့် ဖြစ်ပြီး မျက်နှာ ပေါင်းတင် အလှပြုပြင်သည့် ဆိုင်တစ်ဆိုင်တွင် သွားရောက် ပေါင်းတင်သည်။

ထိုဆိုင်မှ ညွှန်သဖြင့် နိုင်ငံခြားဖြစ် တင်းတိပ် ပျောက်ဆေး တစ်မျိုးကို ဝယ်ယူ လိမ်းရပြန်သည်။ တင်းတိပ် လိမ်းဆေးမှာ အလွန်ပင် တန်ဖိုးကြီးသည်။ အထူ တစ်လက်မပင် မရှိသည့် ဘူးအဝိုင်းငယ် လေးကို ငွေကျပ် တစ်သိန်းကျော် ပေးရသည်။

သက်သာနိုးနှင့် ထိုလိမ်းဆေး ငါးဘူး ကုန်သွား သော်လည်း သူ့မျက်နှာမှ တင်းတိပ်များမှာ ပျောက်မသွားပါ။

ထို တင်းတိပ်စွဲနေသော အသက် လေးဆယ်ကျော် အမျိုးသမီး သည် မိတ်ဆွေ တစ်ဦးထံ အိမ်လည် သွားရင်း စကားစပ်မိ ရာမှ ထို မိတ်ဆွေအိမ် တွင် ဝရန်တာ အပေါ် စိုက်ထားသော ရှားစောင်း လက်ပပ်ပင် မှ တစ်ခက်၊ နှစ်ခက် ချိုးပေး လိုက်သည်။

ထို ရှားစောင်း လက်ပပ်ပင် ၏ အပြင်ခွံကို ဓားနှင့်ခွာပြီး အသားအနှစ် ကို ပါးပါးလှီးကာ မျက်နှာပေါ် ရှိ တင်းတိပ် ကျသော နေရာများတွင် ကပ်ပေးရန် ညွှန်လိုက်သည်။ စိတ်ရှည်ရှည် နှင့် ၁၄ ရက်ခန့် ကပ်ကြည့် ရန်လည်း မှာလိုက်သည်။

တင်းတိပ်ကျသူ အမျိုးသမီး သည် အလှအပ အတွက်ချည်း မဟုတ် သော်လည်း မျက်နှာပေါ်ရှိ တင်းတိပ်များ ယခုထက် ပို၍ ပွားများလာ မှာကို အလွန် စိုးရိမ်သဖြင့် နေ့စဉ် စိတ်ရှည်ရှည် လုပ်ဆောင်သည်။

ရက်ဆက် ပြုလုပ်နိုင်ရန် အတွက် ရှားစောင်း လက်ပပ်ပင် များကို လိုက်လံ ရှာဖွေ ဝယ်ယူပြီး မိတ်ဆွေ အိမ်မှာကဲ့သို့ ပန်းအိုးများတွင် ထည့်စိုက် သောအခါ အလွန် အပွားမြန်သော အပင်မျိုး ဖြစ်ကြောင်း တွေ့လာ ရသည်။

မျက်နှာတွင် ရှားစောင်း လက်ပပ်အနှစ် ကို ကပ်သောအခါ အေးစက်နေပြီး ခဏ ကြာသောအခါ ထုံတင်း သကဲ့သို့ ဖြစ်လာသည်။ ထို့နောက် တစ်နာရီခန့် ကြာသောအခါ မျက်နှာ အရေပြား အောက်မှ ပူလာပြီး အခိုးများ ထွက်လာ သကဲ့သို့ ခံစားရသည်။

ထိုအခါ ခွာချလိုက်ပြီး မျက်နှာသစ် လိုက်လျှင် ပြီးပြီဖြစ်သည်။

စတင် ပြုလုပ်ခါစ မသိသာ သော်လည်း ရက်သတ္တပတ် ခန့်ကြာသော အခါတွင် မျက်နှာသစ် လိုက်လျှင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်ကို ခံစားလာရသည်။ အမှန်ပင် မျက်နှာပေါ်မှ တင်းတိပ် အမည်းစက်များ မှေးမှိန် လာသည်ကို ဆယ်ရက်ကျော် သောအခါ သိရှိလာရသည်။

၁၄ ရက် ကျော်သောအခါ ရေးရေးမျှ ကျန်တော့ သဖြင့် ပြင်ပလူ အမြင်တွင် တင်းတိပ်မရှိ သလောက် ဖြစ်သွားပြီ ဖြစ်သည်။

ရှေးလူကြီးများက ရှားစောင်း လက်ပပ် အနှစ်ကို ဟင်းချိုချက် သောက်ဖို့ အကြံပေး ကြသည်။ သွေးသား မမှန်ခြင်း၊ သွေးဆုံး ကိုင်ခြင်း၊ မီးယပ် လွန်ခြင်း၊ မီးယပ် အဖြူဆင်းခြင်း၊ မျက်နှာ တင်းတိပ် ထွက်ခြင်း၊ မျက်ခမ်းများ၊ မျက်ကွင်းများ ညိုမည်းခြင်း တို့ကို ပျောက်ကင်း စေနိုင် သည်ဟု ဆိုသည်။

မီးယပ်သွေး ကျန်များသည် သွေးအတွင်း လှည့်လည် နေရာမှ မျက်နှာတွင် ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ရှားစောင်း လက်ပပ် ဟင်းချိုကို အရသာ ကောင်းစေရန် စမုန်စပါးရွက်၊ လယ်ပတူရွက်၊ ကန်စွန်းရွက် စသည်တို့နှင့် လည်း ရောပြီး ချက်နိုင်သည်ဟု ဆိုသည်။

ရှားစောင်း လက်ပပ်ပင်သည် အိမ်တိုင်းတွင် ပန်းအိုးနှင့် စိုက်လျှင်ပင် ရှင်သန်နိုင်သော အပင်ဖြစ်ပြီး ဆေးဖက်လည်း ဝင်၊ ဟင်းချက်စရာ အဖြစ်လည်း သုံးနိုင်သော အပင်မျိုး ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။

ရေးသားသူ –ကြည်မြင့်လွင် (မုဒြာ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။