အမေရိကန်ပြည်ထောင်စုမှာ သမ္မတကို ဘယ်လိုရွေးချယ် တင်မြှောက်ကြသလဲ

Knowledge

အမေရိကန်ပြည်ထောင်စုတွင် သမ္မတကို လေးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်လေ့ရှိကြသည်။ နိုဝင်ဘာလ၏ ပထမဆုံး အင်္ဂါနေ့တွင် ရွေးကောက်ပွဲကိုကျင်းပလေ့ရှိကြသည်။ သမ္မတတစ်ယောက်သည် ၂ကြိမ်ဆက်တိုက် (၈ နှစ်) ထက်ပိုပြီး တာဝန်ထမ်းဆောင်ခွင့်မရှိချေ။ ယခုရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုတွင် လွှတ်တော်ကိုယ်စားလှယ်များကို လူထု၏ မဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက် တင်မြှောက်သော်လည်း သမ္မတနှင့် ဒုတိယသမ္မတတို့အား လူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ပေ။ လူထုကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။ လူထုကိုယ်စားလှယ် အရေအတွက်မှာ ၅၃၈ နေရာရှိပြီး ၂၇၀ မဲရလျှင် ရသောဖတ်မှ သမ္မတနှင့် ဒုတိယသမ္မတ တို့မှ တရားဝင် အမေရိကန်၏ အာဏာရ သမ္မတများဖြစ်လာသည်။ လူထုကိုယ်စားလှယ်များမှာ လွှတ်တော်အမတ်များပင်ဖြစ်ပြီး ယင်းတို့၏ မဲဆန္ဒနယ်မြေ အကျယ်အဝန်း အပေါ်မူတည်ကာ လူထုကိုယ်စားလှယ် အရေအတွက် ကွာခြားသည်။ ဆိုလိုသည်မှာ ရွေးကောက်ခံရသော အမတ်တိုင်းသည် သမ္မတရွေးချယ်ပွဲအတွက် မဲပေးရခြင်းမဟုတ်ပေ။ သို့သော် မဲပေးကြသူတိုင်းသည် အမတ်များသာ ဖြစ်ကြသည်။

ရွေးကောက်ပွဲမတိုင်မှီ ရွေးကောက်ခံ သမ္မတလောင်း အတွဲမျာသည် state primaries နှင့် caucuses ဆိုသော အဆင့်များကို ဖြတ်ကျော်ကြရသည်။ ယင်းအဆင့်များသည် သီးခြားစီကျင်းပကြသော်လည်း ရည်ရွယ်ချက်မှာ တစ်ခုထဲပင်ဖြစ်သည်။ ပြည်နယ်များမှ ရွေးကောက်ပွဲအတွက် ဆန္ဒပြုပါတီကို ရွေးချယ်ပေးရခြင်းပင်ဖြစ်သည်။

အမေရိကန်သမ္မတတစ်ယောက်အဖြစ် ရွေးချယ်ခံမည်ဆိုလျှင်-

  • အမေရိကန်မှာမွေးသော အမေရိကန်နိုင်ငံသားဖြစ်ရမည်။
  • အနည်းဆုံး ၃၅ နှစ်ရှိရမည်။
  • အမေရိကန်ပြည်ထောင်စုထဲမှာ အနည်းဆုံး ၁၄ နှစ်နေထိုင်ဘူးရမည်။ ဆိုသော အရည်အချင်းများနှင့်ပြည့်စုံရမည်။

ထိုအချက်အလက်နှင့်ကိုက်ညီသောလူတိုင်းသည် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့်ရှိပြီး မဲဆွယ်ပွဲအတွက် ဒေါ်လာ ၅၀၀၀ နှင့်အထက်ပိုသုံးမည်ဆိုပါက နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားရမည် ဖြစ်သည်။ ထို့အပြင် မဲဆွယ်ပွဲကော်မတီထံသို့လဲ အသုံးစရိတ်တိုးမြှင့်သုံးစွဲခွင့်ပြုပါရန် လျှောက်ထားရမည်ဖြစ်သည်။

Leave a Reply