တချို့လူတွေ ညဘက်မှာ လေအောင့်သလို ခံစားရတာဘာလို့လဲ

Health Knowledge
တချို့လူတွေ ညဘက်မှာ လေအောင့်သလို ခံစားရတာဘာလို့လဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တချို့လူတွေ ညဘက်မှာ လေအောင့်သလို ခံစားရတာဘာလို့လဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တချို့လူတွေ ညဘက်မှာ လေအောင့်သလို ခံစားရတာဘာလို့လဲ

ညစာစားပြီးတဲ့နောက် အိပ်ရာဝင်ခင်နီးအချိန်ဆို မျက်လုံးမှိတ်ပြီးတော့ အိပ်လို့မရလောက်အောင် လေအောင့်သလို ခံစားဖူးကြတယ်မလား။ လေအောင့်တာက သက်တောင့်သက်သာမဖြစ်တဲ့အတွက် အိပ်ရာထဲမှာပဲ အိပ်လို့မရအောင် လူးလိမ့်နေရကြရမှာပါ။ ဘာလို့ အခုလိုဖြစ်ရတာလဲ။ လူအများစုက နေ့ခင်းဘက်ထက် ညဘက်တွေမှာ လေအောင့်သလို ခံစားကြရပါတယ်။ လေအောင့်သလိုခံစားရရင် မစိုးရိမ်ပါနဲ့။ တခြားသူတွေလည်း သင့်လိုပဲ ဖြစ်ကြပါတယ်။ ညဘက် လေအောင့်သလိုခံစားရတာက အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရင်း (၃) ခုကြောင့်ဖြစ်နိုင်ပါတယ်။

အကြောင်းအရင်း (၁)

ခန္ဓာကိုယ်မှာ ဂတ်စ်ဖြစ်တည်နေတာက သာမန်ပါပဲ။ အစာခြေဖျက်နိုင်ဖို့အတွက် ကူညီပေးတဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ဘတ်တီးရီးယားတွေက ကျွန်တော်တို့ရဲ့အစာခြေစနစ်မှာ တစ်နေ့တာလုံး ဂတ်စ်တွေထုတ်ပေးပါတယ်။ တချို့ဂတ်စ်တွေကို ဘတ်တီးရီးယားတွေကို စုပ်ယူပြီး တချို့ကတော့ ခန္ဓာကိုယ်ကနေ လေလည်ခြင်းဖြင့် ဂတ်စ်တွေကို ဖယ်ရှားပေးပါတယ်။ ထမင်းအများကြီးစားပြီးတဲ့နောက်မှာ ဂတ်စ်ထုတ်တဲ့ဖြစ်စဉ်က အရှိန်မြှင့်လာပါတယ်။ ဒါကြောင့် တချို့လူတွေက သင့်တစ်နေ့တာမှာ ညစာကို ပိုစားဖြစ်တယ်ဆိုရင် ညဘက်မှာ အဆက်မပြတ်လေအောင့်သလိုခံစားရမှာဖြစ်ပါတယ်။

အကြောင်းအရင်း (၂)

 

ညစာကို ပေါ့ပေါ့ပါးပါးစားရင်တောင် တစ်နေ့တာလုံးအတွက် ဂတ်စ်ဖြစ်တည်မှုက ညဘက်မှာ သင့်ကို လေပွသလိုခံစားရစေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ gut bacteria တွေက အစာကို လုံးဝချေဖျက်ပေးဖို့အတွက် (၆) နာရီလောက်အချိန်ယူရပါတယ်။ ဒါကြောင့် သင်က လွန်ခဲ့တဲ့ (၆) နာရီမှာ စားခဲ့တဲ့အစားအစာကြောင့် သင်က လေပွသလိုလေအောင့်သလို ခံစားရတာဖြစ်နိုင်ပါတယ်။

အကြောင်းအရင်း (၃)

အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေကလည်း လေအောင့်ခြင်းနောက်ကွယ်က အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ အဲဒီအစားအစာတွေက အစာခြေဖျက်ဖို့အတွက် အချိန်ယူရပြီး လေအောင့်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက အစာခြေစနစ်အားကောင်းစေဖို့အတွက် အရေးကြီးပေမဲ့ ကျွန်တော်တို့ခန္ဓာကိုယ်က အမျှင်ဓာတ်ကို မချေဖျက်နိုင်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့အတွက် gut bacteria တွေပေါ်မှီတည်နေရတာကြောင့်ဖြစ်ပါတယ်။

ဒီအခြေအနေကို ဘယ်လိုကာကွယ်မလဲ

လေအောင့်ခြင်းမဖြစ်အောင် ကာကွယ်ဖို့အတွက် နည်းလမ်း (၃) ခုရှိပါတယ်။
အိပ်ရာမဝင်ခင် မိနစ် (၂၀) လောက် လမ်းလျှောက်ပါ – ညစာစားပြီးတာနဲ့ တချို့ဆို အိပ်ရာထဲတန်းဝင်ကြပါတယ်။ တကယ်တော့ ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် ညစာစားပြီးရင် အနည်းဆုံး မိနစ် (၂၀) လောက်လမ်းလျှောက်ပေးပါ။

ရေများများသောက်ပါ

တစ်နေ့တာလုံး ရေနည်းနည်းပဲ သောက်ထားရင် ညဘက်တွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် အစာချေဖျက်နိုင်ဖို့နဲ့ အာဟာရဓာတ်တွေ ပိုစုပ်ယူနိုင်ဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။

ညစာစားချိန်နောက်မကျပါစေနဲ့

ညစာစားချိန်ကို အရမ်းကြီးနောက်မကျသင့်ပါဘူး။ ဒါက အစာခြေစနစ်မှာ ဂတ်စ်တွေတိုးလာစေပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ညစာမစားခင်မှာ တစ်ခုခုစားပေးသင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။