ပုဂံကထူးခြားဆန်းကြယ်ဖြစ်ရပ်များ(အစ အဆုံး)

Knowledge

ပုဂံကမြို့ဟောင်းကြီးဆိုတော့အရင်ခေတ်ကနေ ခုခေတ်ထိ ထူးခြားတာတွေရှိတယ် ကြုံရပါတယ်။

တစ်ခါက ပုဂံရောက်ဧည့်သည်အဖွဲ့ ပုဂံမြိုဟောင်းထဲက ဘုရားတွေလှည့်လည်ဖူးကြပါတယ်။ ဒီလိုဖူးရင်း ညနေစောင်းအချိန်မှာ ဂူဘုရားတစ်ဆူ ရောက်သွားတုန်း ဘုရားကန်တော့နေစဥ် အမျိုးသားတစ်ဦးက ရုပ်ပွားတော်ဘေးမှာ နန်းဝတ်နန်းစားနဲ့လူတစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရပါသတဲ့။ ဒါနဲ့ သူ့မှာပါတဲ့ကင်မရာနဲ့ ပုံရိုက်လိုက်ပါတယ်။နောက် ပုံတွေပြန်ကူးတော့အဲ့နေရာမှာအဖြူကွက်ကြီးတွေပဲဖြစ်နေပါတယ်တဲ့။

နောက်တစ်ခုကတော့ Page messenger ကို အမတစ်ယောက်လာပြောပြပေးထါးတာပါ။ တစ်ရက် အမတို့မိသားစု ထီးလိုမင်းလိုဘုရားဖူးပြီးပြန်အထွက် သမီးကိုသူ့အဖေကချီပြီးရှေ့ကသွား၊သားကို အဲ့အမကဆွဲနောက်ကလိုက်ရင်း သမီးက အနောက်ကိုကြည့်ရင်း အော်ငိုပါတယ်။ ဒါနဲ့ သူတိူ့လည်း ကလေးကိုဂုတ်ပေါ်တင်ကာအမြန်ထွက်လာပါတယ်တဲ့။နောက်မှကလေးကို ချော့မေးမှ နဖူးမှာတံဆိပ်ကြီးတပ်ထားပြီး ဇောက်ထိုးကြီးနဲ့သူ့ကိုလက်ယက်ခေါ်တယ်လို့ပြောပြပါတယ်တဲ့။

ပုဂံမြို့ဟောင်းမှာလူနေချိန်က မြို့ဟောင်းမှာမီးလောင်ပါသေးတယ်တဲ့။ ဒီတော့မီးဘေးမှာပါတဲ့အိမ်ထောင်စုတွေဟာ ဘုရားတွေထဲ ခဏနေရပါသေးတယ်။ ဒီလိုနေရတဲ့ထဲမှာ ပုဂံမြို့ဟောင်းတွင်းက အတွင်းအားအာန္ဒာဘုရားမှာလည်း ပုဂံမြို့ကဦးမြင့်ဆောင်သားအဖနေကြရပါတယ်။ ဒီလိုနေစဥ်မှာပဲ ဦးမြင့်ဆောင်ရဲ့သား ၁၃နှစ်အရွယ်ကျောင်းသားလေး ဖျားပြီး ဘုရားထဲမှာပဲ ဆုံးသွားပါတယ်။ တစ်ရက် ပုဂံကရှေးသုဝန်ထမ်းတစ်ယောက် မနက်၃နာရီလောက်အဲ့ဘုရားဘက်ကြည့်လိုက်တော့ ဖြူစိမ်းဝတ် ၁၃နှစ်ရွယ်ကျောင်းသား နဲ့ အဖိုးကြီးတစ်ဦးအဲ့ဘုရားထဲဘုရားဝတ်ပြုတာမြင်လိုက်ရပါတယ်။ ဒီအခါ မနက်အစောကြီး ထူးထူးဆန်းဆန်းမို့ နောက်ရက် ပြောပြတဲ့အခါ ဦးမြင့်ဆောင်က သူ့သားဖြစ်နိုင်ကြောင်းပြောပြီး ငိုပါတယ်တဲ့။

နောက်တစ်ခုကတော့ နာမည်ကြီး ဓမ္မရံကြီးအနားမှာပါ။ တစ်ရက်ဓာတ်ပုံဆရာဧည့်သည်တစ်ဖွဲ့ ဓမ္မရံကြီးနားမှာ ဓာတ်ပုံရိုက်ဖို့စောင့်နေခိုက် ခပ်လှမ်းလှမ်းကနေ နွားလှည်းတွေလာသံကိုကြားရပါတယ်တဲ့။ အသံတွေသာဝေးရါက နီးလာတယ် အပြင်မှာတော့ဘာမှမမြင်ရပါဘူး။နောက်ဆုံးသူတို့နားကဖြတ်လို့သာကျော်သွားတယ် လှည်းသံတချွင်ချွင်ပဲကြားပြီးကျန်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ Admin ရဲ့ accထဲက အန်တီတစ်ယောက်ကိုယ်တွေ့ကြုံရတာလေးပါ။သူတို့မိသားစုပုဂံရောက်တော့ သရပါတံခါးနားကဟိုတယ်တစ်မှာတည်းပါတယ်။(၎င်းဟိုတယ်က ရှေးသုနဲ့ညိလို့ ခုတော့ပိတ်ရတယ်ပြောပါတယ်။)အဲ့မှာတည်းတုန်း ညတစ်နာရီလောက်သူတို့အခန်းမှန်တံခါးကို ပုတ်ပြီးစိမ်းညက်ညီအမဘုရား၊စိမ်းညက်ညီအမဘုရားလို့ လာအော်နေလို့ ညအိပ်ဝတ်စုံ​ကြီးနဲ့ ဟိုတယ်အပြင်ထွက် လမ်းလျှောက်သွားတုန်းမြေသယ်ကားတစ်စီးအနားကဖြတ်သွားမှ လူက သတိကောင်းကောင်းပြန်ရပါတော့တယ်။အဲ့ဒါနဲ့နောက်နေ့ဘုရားသွားပြီးကုသိုလ်ပြုအမျှဝေပေးလိုက်ပါတယ်တဲ့။

ပုဂံအနော်ရထာလမ်းနဲ့ ပုဂံညောင်ဦးလမ်းဆုံနားမှာ မီးငြိမ်းကုန်း ဘုရားကြီးရှိပါတယ်။ အဲ့ဒီဘုရားကြီးနားမှာ မြင်းကပါရွာကကျောင်းသူလေးတစ်ယောက် ကားတိုက်သေဆုံးမိပါတယ်။ ဒီလိုဖြစ်ပြီး၁၅ရက် ရက်၂၀လောက်မှာ ဂျာမန်ဧည့်သည့်အမျိုးသမီးတစ်ဦး လမ်းလျှောက်ရင်း သူ့နားကခေါက်တုံ့ခေါက်ပြန်စက်ဘီးစီးသွားလိုက်လာလိုက်လုပ်နေတာကိုတွေ့ရပါတယ်။ ဘယ်သူမှလည်းမပါဘဲ တစ်ဦးတည်း သွားလိုက်လာလိုက်လုပ်နေတာကို ဂျာမန်သူကလည်း သူ့ရဲ့ကင်မရာနဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး ဟိုတယ်ပြန်လာခဲ့ပါတယ်။  ဟိုတယ်ဝန်ထမ်းတွေကိုလည်းဒီအကြောင်းပြောပြခဲ့ပါတယ်။ နောက်ရက် သူ့ရဲ့ကင်မရာထဲကပုံတွေကို ကြည့်တဲ့အခါ ကျောင်းသူလေးပုံကိုမတွေ့ရပါ။ ဟိုတယ်ဝန်ထမ်းတွေကတော့ ကားတိုက်ခံရတဲ့ကျောင်းသူလေး ဖြစ်နိုင်တယ်ပြောကြပါတယ်။

နောက်တစ်ခုကတော့ ထီးလိုမင်းလိုဘုရားနားကတစ်ဆူမှာပါ။ အဲ့ဒီဘုရားပြင်နေတုန်းတစ်ညနေ တာဝန်ခံအင်ဂျီနီယာအမျိုးသမီးက ရှုခင်းလှလို့ဓာတ်ပုံရိုက်နေတုန်း အနောက်နားကနေတစ်ယောက်ယောက်ရပ်ကြည့်နေသလို ခံစားလာရပါတယ်တဲ့။ အဲ့ဒါနဲ့သူလည်း လှည့်မကြည့်ဘဲ ပြန်ဖို့လမ်းမဘက်ကိုထွက်လာတော့ အနောက်က ရွှတ် ရွှတ် လို့ခေါ်ပြန်ကော။ ဒီလိုနဲ့ဘုရားဘက်ပြန်လှည့်ကြည့်ပြီး ခေါ်တဲ့လူကို ဓာတ်ပုံရိုက်လိုက်တော့ ဘုရားပေါ်ကယောက်ျားတစ်ယောက်လက်ယပ်ခေါ်နေတာကိုတွေ့ရပါတယ်တဲ့။ နောက်ရက်သူဓာတ်ပုံတွေပြန်ကူးကြည့်တော့ ပုံသုံးပုံမှာတစ်ပုံမှာ အဖြူရောင်ကြီးပဲ ကျန်နေပါတယ်။ နောက်၂ပုံမှာတော့ မျက်နှာသေချာမပေါ် ဂျပ်ပြားမျက်နှာနဲ့ ကလေးချီထားတဲ့ လူတစ်ယောက်ပုံကိုမြင်ရပါတယ်တဲ့။ 

နောက်တစ်ယောက်ကတော့ Page မှာပဲ လာမန့်ထားတာပါပဲ။ သူလဲထီးလိုမင်းလိုဘုရားနားကဆိုတော့ အပေါ်က ဘုရားလို့ယူဆတာပါပဲ။ သူတို့ကတော့ နေ့လည်မကျ ညနေမကျအချိန်မှာ သွားရင်း အဲ့ဘုရားပေါ်ကလူတစ်ယောက်မြင်လိုက်လို့ ဘုရားပေါ်တက်ကြည့်မယ်ဆိုပြီးသွားကြပါတယ်တဲ့။ သွားတော့ဘုရားအဝင်မုခ်ကပိတ်ထားတာပဲတွေ့ရပါတယ်။ တခြားလူရိပ်လူယောင်မမြင်ရပါဘူးတဲ့။ ကျနော်ကတော့ ရွှေလိပ်တူးလို့ထင်တာပါပဲ။ သေတော့မသေချာပါ။

အရှေ့လိုဏ်ရှည်ဘုရားဆိုတာ အလိုတော်ပြည့်ဘုရားနားက ဘုရားပါ။ ကျနော်လည်းတစ်ရက် အဲ့ဘုရားကို တစ်ယောက်တည်းဝင်သွားဖူးပါတယ်။ အထဲကဘုရားကို ဓာတ်ပုံရိုက်ဘာညာနဲ့ ကြက်သီးတော့နည်းနည်းထမိပါတယ်။ တခြားထူးခြားတာတော့မကြုံမိပါ။ ဒါပေမယ့် ဒီဘုရားက တကယ့်ထူးထူးခြားခြားဘုရားတစ်ဆူပါ။ ၁၉၉၈ မှာ ကုန်သွယ်လယ်ယာအဖွဲ့က ပုဂံကိုဘုရားဖူးလာကြပါတယ်။ ဒီထဲမှာ အမျိုးသမီးတစ်ဦးက သူမခင်ပွန်းနဲ့ပါဝင်သလို ခရီးမှာအရမ်းပျော်ကြောင်းပြောဆိုလိုက်ပါတယ်။ ဒီလိုနဲ့သူတို့အဖွဲ့ အလိုတော်ပြည့်ကိုရောက်လာပြီး အရှေ့လိုဏ်ရှည် ဘုရားကိုလာရောက်ဖူးကြတော့  အမျိုးသမီးက ပျော်တယ် ပျော်တယ်လို့ပြောပြီး ဘုရားအပေါ်ကိုတက်သွားပါတယ်။ အပေါ်လည်းရောက်ကော အပေါ်ကနေ အောက်ကို ခုန်ချလိုက်ကာ ဦးခေါင်းပွင့်ပြီး သေဆုံးသွားပါတယ်။ ဒီအကြောင်းကြားသိရတဲ့ ဒေသခံတွေကတော့ အထူးအဆန်းအနေနဲ့ လာကြည့်ကြ မှတ်ချက်အမျိုးမျိုးပေးကြပါတော့တယ်။ 

အဲ့အမနဲ့သူငယ်ချင်းတို့ တုရင်တောင်ဘုရားဖူးရင်း ဘုရားပေါ်က ​ဂြိုဟ်နံမှာမှိုင်းဆွဲနေတဲ့ကျားရုပ်လို့တွေ့လို့ အဲ့အမသူငယ်ချင်းက ကျားလေးကချစ်စရာလေးကျားနဲ့လည်းမတူဘူးလို့ပြောမိပါတယ်။ပုံလည်းရိုက်မိပါတယ်။အဲ့ကအပြန်ကျပြောမိတဲ့သူမှာ ဂုတ်နားကယားသလိုဖြစ်လာလို့ကြည့်လိုက်တော့ အစင်းတစ်ကြောင်းထွက်နေတာတွေ့ပါတယ်။အဲ့လိုနဲ့ စကားမှားလို့ပြန်တောင်းပန်ရမလား ဘယ်လိုလုပ်ရမလဲတွေးနေတုန်း ကျောပြင်ကြည့်လိုက်တော့မှ ကျောတပြင်လုံးမှာ ကျားအကွက်လိုမျိုး အကြောင်းတွေ အကြောင်းတွေဖြစ်နေပါတယ်။(ပုံပါပြထားပေမယ့် မတင်ပါနဲ့ပြောလို့ မတင်တော့ပါဘူး၊ကျောမှာတကယ်ကိုပဲ ကျားစင်းကြောင်းလိုမျိုးတွေဖြစ်နေတာပါ။) နောက်မှဖုန်းထဲကပုံလည်းဖျက် ဘုရားမှာလည်းပြန်တောင်းပန်မှ ပျောက်သွားပါတယ်။

ဒီတစ်ခုကတော့ Page မှာပဲ မန့်ထားပေးတါပါ။ အဲ့ဒီ bro က ပုဂံကမထင်မရှားဘုရားတစ်ဆူမှာဆီမီးပူဇော်ချင်လို့ ပုဂံကတုတ်တုတ်ဆရာအကိုနဲ့ စီစဥ်ပြီး ပြိုထားတဲ့ ဘုရားတစ်ဆူမှာ ဆီမီးပူဇော်ပါတယ်။ အဲ့လိုပူဇော်ရင်ဆီမီးအကုန်ငြိမ်းကာနီးမှာ တုတ်တုတ်ဆရာက ဓာတ်ပုံလေးတွေရိုက်ပေးပါတယ်။ အဲ့လိုရိုက်ပေးတဲ့ပုံတွေထဲမှာ အံ့ဩစရာပဲအပေါ်နားမှာ မျက်လုံးအစုံလေးတွေပါ ပေါ်နေပါတယ်။ထူးထူးခြားခြားပေါ့ဗျာ။ပုံကို comment မှာကြည့်ပါ။

နောက် တစ်ယောက်ကတော့ လမ်းပျောက်တာပါ။ သူတို့ ဟိုတယ်ကထွက်တော့ နေ့ခင်းဖြစ်နေပြီ။ အဲ့ကနေဘုရားတွေလှည့်ဖူး ညနေဆည်းဆာကို ဗူးဘုရားကကြည့် အပြန်ပြန်တော့ မျက်စိလည်ပြီး သရပါတံခါးနားပဲတဝဲလည်လည်ဖြစ်နေပါကော။ဒါနဲ့ ဟိုတယ်ဖုန်းဆက်သူတို့ညွှန်တဲ့အတိုင်းလာတုန်း လမ်းကဘုရားပျက်ကြီးနားရောက်ကော။အဲ့မှာ အဲ့ဘုရားပျက်ပေါ်ကလူအုပ်ကြီးက မီးဒုတ်တွေနဲ့လှမ်းအော်ကြသတဲ့။ သူတို့လည်းကြားလည်းကြားကြောက်လည်းကြောက်နဲ့ ဆက်မောင်းလာတုန်း လှေကားထစ်လေးနဲ့ဘုရားလေးနားရောက်တော့ အရပ်ရှည်ရှည်နဲ့ လူ၃ယောက်။ မျက်စိကလည်း လင်းလင်းကြီးတွေ။အဲ့လိုနဲ့ အမြန်မောင်းလာကြတာ ဟိုတယ်ပြန်ရောက်မှ ရေးမန်းတိုက် ပုတီးတွေဆွဲပေးရပါတယ်တဲ့။

ခုပြောမှာကတော့ ပုဂံဘုရားပုဂံသားပုဂံစကား စာအုပ်ထဲပါပါတယ်။ 

အများသိတဲ့မိဖုရားဖွားစောအကြောင်းပါ။ ပုဂံရာဇဝင်မှာ မိဖုရားဖွားစော၃ဦးရှိပါတယ်။ မင်းဝိုင်းဖွားစော၊ စောလှဝန်းဖွားစော၊သစ်မထီးဖွားစောတို့ပါ။ ခု ဖွားစောရွာဆိုတာဟာ နောက်ဆုံးသစ်မထီးဖွားစောနေသွားရာနေရာပါ။ ဖွားစောရွာဒေသခံတွေက မိဖုရားဖွားစောကို နတ်အဖြစ်ကိုးကွယ်ပါတယ်။ဒီနတ်ရုပ်ကိုပဲ ဖွားစောရွာသားတစ်ဦးကခိုးဖူးပါတယ်။ ၁၃၃၀ပြည့် တပို့တွဲလဆန်း ၅ရက်မှာပါ။ ဒီလိုခိုးပေမယ့် ဖွားစောနတ်ရုပ်ကမလိုက် ခိုးလို့မရဖြစ်ပြီး ခိုးသူခြေထောက်ပေါ်ပြုတ်ကျ နတ်ရုပ်လည်းခေါင်းပြတ်သွားပါတယ်။ ဒီအခါခြေထောက်ဒဏ်ရာရပြီး သွေးထွက်လို့ ရွာသားတွေလည်း သွေးစက်နောက်ခြေရာခံလိုက်ကြတော့ နောက်ဆုံးမှာတွေ့ပါတယ်။ ဒါနဲ့ ရဲစခန်းပို့မယ်လုပ်တော့ ရွာကျောင်းဆရာတော်က ကြီးသည့်အမှုငယ်အောင် ဖွားစောနတ်ရုပ်ခိုးသူကို နတ်ရုပ်အသစ်လုပ်ပြန်ထားစေဖို့ ခိုင်းပါတယ်။ အသစ်လုပ်ပေးပေမယ့် ရွာသားတွေက မကျေနပ်လို့ အဟောင်းကိုပဲ ခေါင်းဆက်ပြီးပြန်ထားရပါတယ်။ ခုတော့ ဖွားစောနတ်ရုပ်၂ရုပ်လို့ဖြစ်နေတယ်ပြောပါတယ်။

ပုဂံမြို့ဟောင်းထဲလူတွေနေကြချိန်က မဟာဗောဓိဘုရားနားမှာ ဦးသက်ပွင့်တို့လင်မယားက လက်ဖက်ရည်ဆိုင် ဖွင့်ပါတယ်။ ဆိုင်အတွက်လိုတာတွေကိုတော့ ညောင်ဦးတက်ပြီး စက်ဘီးတစ်စီးနဲသွားဝယ်ပါတယ်။ တစ်ရက်အဲ့လို အသွားဥပါလိသိမ်နားမှာ မိန်းကလေးတစ်ယောက်က လမ်းကြုံလိုက်ချင်တယ်ပြောလို့ ခေါ်တင်လာပါတယ်။ ညောင်ဦးမြို့ဝင် ဘုရားကိုးဆူနားရောက်တော့ အဲ့မိန်းကလေးက ကျွန်မဆင်းတော့မယ်ပြောလို့ စက်ဘီးရပ် သူ့ကိုကြည့်တော့ မျက်နှာမှာ ဘာမှမပါ ပြောင်ကြီးကိုတွေ့ရပါတယ်။ အဲ့ကစလို့ ဦးသက်ပွင့်လည်း လန့်ဖျားဖျားက ၂နှစ်နေတော့ ဆုံးပါတော့တယ်။

ထူးခြားဆန်းကြယ်အကြောင်းများ

စိမ်းညက်ညီအမဘုရားဟာ ဘုရားကစိမ်းညက်ညီအမကြောင့် နာမည်ကြီးသလို ဘုရားအနားက ပရလောကသားတွေကြောင့်လည်း နာမည်ကြီးပါတယ်။

စိမ်းညက်ညီအမက ဖြစ်ရပ်ဆန်းတွေပြောရရင် ပုဂံကAdmin တို့အဖွဲ့ သီတင်းကျွတ်တစ်ရက်မြို့သစ်ကနေ မြင်းကပါကိုဆိုင်ကယ်လေးစီးနဲ့ ညတစ်နာရီ​လောက်အပြန် စိမ်းညက်နားရောက်ကာနီးတော့အားလုံးကျောထဲကစိမ့်လာကြတယ်တဲ့။ ဒီလိုနဲ့အနားရောက်တော့ ရှေ့ဆုံးက ဆိုင်ကယ်က လမ်းညာဘက်ကပ်စီးရင်းကနေ လးမ်လယ်ကိုရွှေ့မောင်းရပါကော။ နောက်ကဆိုင်ကယ်တွေက ဘာလို့လဲလို့မေးတော့ လက်ကိုင်ကိုဆွဲသွားတယ်လို့ ပြောပါတယ်။ အဲ့ဒါလည်းပြီးကော နောက်ဆုံးဆိုင်ကယ်အရှေ့ကနေ ဂါဝန်နဲ့ကောင်မလေးတစ်ယောက်ဖြတ်ပြေးသွားတာ နောက်ဆုံးဆိုင်ကယ်ရယ် တခြားဆိုင်ကယ်ပေါ်ကသူငယ်ချင်တွေလည်း မြင်ကြတယ်တဲ့။ခနနေတော့ ဒီအကြောင်းကို လက်ဖက်ရည်ဆိုင်မှာ ခနထိုင်ပြီးအားလုံးဆုံမှပြန်ပြောကြတာတဲ့။ 

နောက်တစ်ခုကတော့ Page မှာပြောပြတာပါ။ အဲ့အမတို့အဖွဲ့ ထမင်းစားပြီးပြန်လာတော့ အချိန်ရတာနဲ့ စိမ်းညက်ညီအမကို ခဏဝင်ကြတယ်တဲ့။ အဲ့ကအပြန် သူတို့တွေ ကျောထဲစိမ့်ကနဲဖြစ်ပြီးကြက်သီးတွေထတာ။ခနနေတော့ သူတို့ကားပေါ်က အမတစ်ယောက်ရှိုက်ကြီးတငင်ငိုပါတော့တယ်။ အာ့နဲ့ကားပေါ်ပါတဲ့တစ်ယောက်ကတတ်သလောက်မှတ်သလောက် အနှောင့်အယှက်ဆိုမလိုက်ခဲ့ဖို့ပြောတာ နောက်ဆုံးဟိုတယ်အဝင်မှပဲရပ်တော့တယ်တဲ့။ အဲ့နားကမကြာမကြာ မတော်တဆမှုဖြစ်တတ်တော့ အဲ့လိုပုဂ္ဂိုလ်တွေပါလာသလားပဲ။

နောက်တစ်ခုကတော့ စိမ်းညက်ညီအမက အိပ်မက်ပေးတါလေးပါ။ ဒီအမကိုတော့ အိပ်မက်ပေးတါက ဝါဝင်ကာနီးတစ်ခါ ဝါထွက်ကာနီးတစ်ခါ အလှူလုပ်ပေးဖို့ အိပ်မက်ပေးပါတယ်တဲ့။ဒီလိုအိပ်မက်ပေးရင် ဝါတွင်းဆိုအညိုရောင်၊ တခြားချိန်ဆို ပန်းရောင်အဝတ်များတယ်ပြောပါတယ်။

မိုးနတ်မင်း ပရိတ်သတ်ကြီးထဲမှာရော ပုဂံက စိမ်းညက်ညီအမဘုရားကို ရောက်ဖူးတဲ့လူတွေ ရှိကြပါသလား။  ကြက်သီးထဖွယ်ရာ ထူးဆန်းဖွယ်ရာတွေနဲ့ရော ကြုံခဲ့ဖူးကြလား။ မိမိရဲ့အတွေ့အကြုံတွေကို ကွန်းမန့်ကနေ ဆွေးနွေး ဖော်ပြကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.

Leave a Reply