မကောင်းဆိုးဝါး ဝင်စီးခြင်း( ကြောက်တတ်ရင် မဖတ်ပါနဲ့)

Knowledge

1990″ ခုနှစ်နှောင်းပိုင်းကာလတုန်းက American ကပြည်နယ်လေးတခုမှာ “14 “နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့ သူမရဲ့မိသားစုတို့ နေထိုင်ခဲ့ကြပါတယ်။
ဒီမိသားစုနဲ့ ရင်းနှီးတဲ့လူတွေရဲ့ပြောစကားအရ ကောင်မလေးက တခါတလေမှာဆိုရင် ထူးဆန်းတဲ့အပြုအမူတွေကို ပြုလုပ်လေ့ရှိပါတယ်တဲ့။

ဘယ်လိုအပြုအမူတွေလဲဆိုတော့တချို့ညတွေမှာ အဲ့ကောင်မလေးက အိပ်နေရင်းနဲ့ လမ်းထထလျှောက်တက်တယ်။
သူမမိဘတွေကတော့ အဲ့တာကို ” Sleep Walking “(အိပ်မက်ယောင်ခြင်း) လို့ပဲ ထင်နေခဲ့ကြတာပေါ့။

ဒါပေမဲ့ မကြာခင်မှာ ကောင်မလေးရဲ့ အပြုအမူတွေက ပိုပီးထူးဆန်းလာခဲ့တယ်။
တစ်ညမှာ သူမက ဘယ်ကမှန်းမသိတဲ့မှန်ကြီးတချပ်ကို ယူလာခဲ့တယ်။
သူမရဲ့မိဘတွေက မနက်ကျ‌ အဲ့မှန်ကိုတွေ့တော့ သူမကိုမေးကြတယ်။
ဘယ်ကယူလာတာလဲ ? လို့မေးခဲ့ကြတဲ့အခါ
သူမကမသိဘူးလို့ပဲ တခွန်းထဲပြန်ဖြေခဲ့ပါတယ်။

သူမက တကယ်လဲသိနေတဲ့ပုံမပေါ်ပါဘူး။
မနက်ခင်းတွေဆိုရင် သူမကသာမာန်မိန်းကလေးတွေလို ပုံမှန်ပါပဲ။

ဒါပေမဲ့……
ညကျရင်တော့သူမမဟုတ်တော့တဲ့အတိုင်းပဲ။


ဒီလိုနဲ့ တစ်နေ့မှာတော့ သူမတို့အိမ်မှာနှစ်လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပါတယ်။

ထူးခြားတာကတစ်ယောက်ထဲသော ရှင်သန်ကျန်ရစ်သူဟာ အဲ့ကောင်မလေးဖြစ်နေခဲ့တာပါပဲ။

သူမကို ရဲတွေကမေးတော့ကျမလုပ်တာ : “ကျမသတ်လိုက်တာဆိုတဲ့ စကားတစ်ခွန်းကိုပဲ ထပ်တလဲလဲပြောနေခဲ့ပါတယ်။

ဒါပေမဲ့လဲ အသက်မပြည့်သေးတာရယ် , ဘယ်လိုသက်သေမျိုးမှမရှိခဲ့တာရယ်ကြောင့် ဒီအမှုဟာ ပြည့်ဖုံးကားချပီး ပြီးဆုံးသွားခဲ့ပါတယ်။


နောက်ထပ် အဲ့ကောင်မလေးပြောခဲ့တဲ့ စကားနောက်တခွန်းရှိပါသေးတယ်။
အဲ့စကားကတော့ကျမသူတို့ကိုမြင်ရတယ် , သူတို့ရှိနေတယ် , သူတို့ကခိုင်းတာဆိုတဲ့ စကားမျိုးတွေကို တတွတ်တွတ်ရွတ်နေခဲ့တာပါ။

သူမ အဲ့စကားတွေကိုပြောတုန်းက
သူမယူလာခဲ့တဲ့မှန်ကြီးကိုလဲ စိုက်ကြည့်နေခဲ့ပါတယ်တဲ့။

ဒီတော့ Did You Know ?:

မှန်တွေဟာ နက်နဲဆန်းကြယ်တဲ့ အသုံးအဆောင်တွေဖြစ်ပါတယ် :
(
ဒါပေမဲ့မှန်တွေကို မယုံပါနဲ့ : )
(
အထူးသဖြင့် ဒီလိုညဘက်တွေမှာဆိုရင်ပေါ့ ) :

Leave a Reply