မင်းဘယ်လိုတောင် မဲပေးလိုက်တာလဲ ညီလေးရာ

Local News

မင်းဘယ်လိုတောင် မဲပေးလိုက်တာလဲ ညီလေးရာ

ယခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနေ့က မဲပေးကြတဲ့ မဲဆန္ဒရှင်တွေထဲက တစ်ဦးရဲ့ ထူးခြားဖြစ်စဉ်လေးပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာကတော့ မထူးဆန်းပါဘူး ဒါပေမယ့် အခု ဖြစ်စဉ်ကလေးကတော့ ရှားမှရှား ထူးဆန်းပါတယ်။

ရွေးကောက်ပွဲမှာ မဲထည့်ပြီးရင် မဲထည့်ပြီးကြောင်း လက်သန်းမှာ မှင်တို့ရတာ အားလုံး အသိပဲဖြစ်ပါတယ်။

အခုတစ်ယောက်ကတော့ သူများနဲ့ မတူ တမူထူးခြားစွာနဲ့ လက်သန်းမှာ မှင်မတို့ဘဲ လက်သန်းလေးပဲ ကွက်ချန်ပြီး လက်ဝါးတစ်ခုလုံးကို မှင်တို့ထားတာပဲ ဖြစ်ပါတယ်။

လူ့ဂွစာပဲဖြစ်လေသလား၊ လက်သန်းမှင်တို့တယ်လို့ ကြွားနေသူတွေကိုပဲ နားကြားပြင်းကပ်လို့ အရွဲ့တိုက်လေးသလားတော့ မသိပါ။ ဘာပဲဖြစ်ဖြစ် ထူးခြားတာတော့ အသေအချာပါပဲ။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

မှီငြမ်း – အင်တာနက်

Leave a Reply