နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန် တောင်းဆို

Local News

ယနေ့ရန်ကုန်မြို့ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးခွဲမှာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ နိုဝင်ဘာ (၈)ရက်နေ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ခဲ့လို့ ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီက တရားဝင်ပြောကြားခဲ့ပါတယ်။

အဲဒီ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တပ်မတော်နဲ့ပူးပေါင်းပြီး စည်းကမ်းတကျ ဘတ်လိုက်မှုကင်းစင်ပြီး မတရားနည်းနဲ့ မဲဆွယ်တာမျိုးမရှိတဲ့ ရွေးကောက်ပွဲအသစ်တစ်ကြိမ် ပြန်လည်ကျင်းပပေးဖို့လဲ တောင်းဆိုလိုက်ပါတယ်။ 

ကြံ့ခိုင်ရေးပါတီဖတ်ကတော့ ဘတ်လိုက်တဲ့ တရားနည်းလမ်းမကျတဲ့ အပြုအမူတွေကို အခုလိုပဲ ထောက်ပြခဲ့ပါတယ်။မဲရုံတွေမှာ ဆရာဆရာမတွေ အင်အားမလုံလောက်လို့ လုပ်အားပေးလူငယ်တွေခေါ်တဲ့နေရာမှာ NLD လူငယ်တွေဖြစ်နေတာ၊ ကြိုတင်မဲပေးတဲ့ရက်ကို အောက်တိုဘာ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်လို့သတ်မှတ်ထားပေမယ့် နိုဝင်ဘာ(၇)ရက်အထိကြိုတင်မဲပေးခိုင်းတာ အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွေးကောက်ပွဲရက်နီးချိန်မှာ ဆန်ဆီတွေပေးတာ၊ NLD ကိုမဲထည့်ရင် ငွေလေးသောင်းပေးမယ်ဆိုတာနဲ့ မဲဆန္ဒရှင် စလစ်တွေပေးခဲ့တာဟာ မဲနှစ်ခါပေးတဲ့ဖြစ်စဉ်တွေဖြစ်စေခဲ့တယ်ဆိုပြီး လည်းပြောကြားခဲ့တာပါ။

ပရိတ်သတ်ကြီးရော ကြံံ့ခိုင်ရေးပါတီရဲ့ ပြောကြားချက်တွေကို ဘယ်လိုသဘောရပါသလဲ။ မိမိရဲ့ ထင်မြင်ယူဆချက်တွေကို comment ကနေ ဝင်ရောက်ဆွေးနွေးငြင်းခုန်သွားလို့ ရပါတယ်နော်။ 

Leave a Reply