Yulin ခွေးသားစားပွဲတော်အတွက် ခွေးပေါင်း (၃၈၆) ကောင်တင်လာတဲ့ကားကို Shaanxi city မှာရဲအကူအညီနဲ့တားဆီးနိုင်ခဲ့

Local News

Yulin ခွေးသားစားပွဲတော်အတွက် ခွေးပေါင်း (၃၈၆) ကောင်တင်လာတဲ့ကားကို Shaanxi city မှာရဲအကူအညီနဲ့တားဆီးနိုင်ခဲ့
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Yulin ခွေးသားစားပွဲတော်အတွက် ခွေးပေါင်း (၃၈၆) ကောင်တင်လာတဲ့ကားကို Shaanxi city မှာရဲအကူအညီနဲ့တားဆီးနိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
တရုတ်ပြည်မှာ Yulin ခွေးသားစားပွဲတော်အတွက် ခွေးပေါင်း (၃၈၆) ကောင်တင်လာတဲ့ကားကို Shaanxi city မှာရဲအကူအညီနဲ့တားဆီးနိုင်ခဲ့
Shaanxi city ကနေ ခွေးသားစားပွဲတော်ကျင်းပမယ့် Yulin မြို့ကိုမောင်းလာတဲ့ကားကို သတင်းရတာနဲ့ ဒေသခံတွေက ရဲအကူအညီနဲ့တားခဲ့တာဖြစ်ပါတယ်။
ပုံထဲမှာတွေ့ရတာက တရုတ်ပြည် Hunan ကနေ Guangzhou သားသတ်ရုံကိုပို့ခဲ့တဲ့ ခွေးအကောင် (၈၀၀) ကိုကယ်တင်ခဲ့စဉ်ကပုံဖြစ်ပါတယ်။


အဲ့ဒီတုန်းက သနားဂရုဏာသက်သူတွေက ခွေးတွေတင်လာတဲ့လော်လီကားကြီးရှေ့မှာပိတ်ရပ်တားဆီးကာ ခွေးလေးတွေကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။
လိုက်ချီသီးနဲ့ခွေးသားပွဲတော် (သို့မဟုတ်) Yulin dog meat festival ကို ၂၀၀၉ ခုနှစ်မှစပြီးနှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်းကျင်းပတယ်လို့ဆိုပါတယ်။
ဒီခွေးသားစားပွဲတော်ဟာ နွေရာသီအလယ်အချိန်ရောက်တဲ့အနေနဲ့ စားပွဲကျင်းပတာလို့ဆိုပါတယ်။


စတင်ကျင်းပစဉ်က ခွေးအကောင် (၁၀၀၀၀) လောက်ရှိမယ်လို့မှန်းခဲ့ပေမယ့် အခုအခါ ခွေးအကောင် (၁၀၀၀) လောက်ပဲရှိတော့တယ်လို့ဆိုပါတယ်။
Humane Society International (HSI) လို INGO တွေက ဒီခွေးသားစားပွဲတော်ကိုတားမြစ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။


Yulin မြို့မှာရိုက်ထားတဲ့ ပုံတစ်ပုံထဲမှာ ခွေးနဲ့ကြောင်းအတော်များများကို သတ်ပြီးပုံထားတာကို တွေ့ရတယ်လို့ဆိုပါတယ်။
Yulin မြူနီစီပယ်အစိုးရကပြောတာကတော့ ဒီပွဲတော်ကိုတားမြစ်လို့မရပါဘူးတဲ့။ တားမြစ်ဖို့ရာ တရားဝင်အစိုးရမှတ်တမ်းဝင်ပွဲတော်မဟုတ်လို့ဖြစ်ပါသတဲ့။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။