မိမိပါတီအနိုင်မရသော်လည်း NLD နဲ့ USDP ကို ဂုဏ်ပြုစကားဆိုလိုက်တဲ့ သူရဦးရွှေမန်း

Local News

မိမိပါတီအနိုင်မရသော်လည်း NLD နဲ့ USDP ကို ဂုဏ်ပြုစကားဆိုလိုက်တဲ့ သူရဦးရွှေမန်း

ယခုတင်ဆက်ပေးမယ့် သတင်းကတော့ မိမိပါတီအနိုင်မရသော်လည်း NLD နဲ့ USDP ကို ဂုဏ်ပြုစကားဆိုလိုက်တဲ့ သူရဦးရွှေမန်း အကြောင်းပဲဖြစ်ပါတယ်။

ဦးသူရရွှေမန်းရဲ့ ချီးကျူးဖွယ် စိတ်ဓာတ်ကို အခုသူရေးတဲ့စာမှာ ဖတ်နိုင်ပါတယ်။

မကြာသေးမီရက်အတွင်းက UBP ၏ အဓိက ပြိုင်ဘက် ပါတီကြီး ၂ ခုမှာ NLD နှင့် USDP ဟု မိမိက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ယခုအခါ NLD ဥက္ကဋ္ဌသည် ယင်း၏မဲဆန္ဒနယ် အပါအဝင် တစ်ပြည်လုံးတွင် သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ အောင်နိုင်မှုကို အထူးဂုဏ်ပြုပါကြောင်းနှင့်..။

နိုင်ငံတည်ဆောက်ရေးတွင် မှန်ကန်ထိရောက်စွာ ဦးဆောင်နိုင်ပါစေကြောင်း…။

စေတနာမေတ္တာဖြင့်
သူရဦးရွှေမန်း

မကြာသေးမီရက်အတွင်းက UBP ၏ အဓိက ပြိုင်ဘက် ပါတီကြီး ၂ ခုမှာ NLD နှင့် USDP ဟု မိမိက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ယခုအခါ USDP ဥက္ကဋ္ဌသည် ယင်း၏ မဲဆန္ဒနယ်အပါအဝင် အချို့နေရာများ၌ အောင်မြင်မှုရရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၏ အောင်မြင်မှုကို ဂုဏ်ပြုပါကြောင်းနှင့်…။

တိုင်းပြည်တည်ဆောက်ရေးတွင် မှန်ကန်ထိရောက်စွာ ပါဝင်နိုင်ပါစေကြောင်း…။

စေတနာမေတ္တာဖြင့်
သူရဦးရွှေမန်း

လေးစားပါတယ် သူရဦးရွှေမန်းရေ။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply