ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် ငွေကျပ် ၁.၄၆ ဘီလီယံကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

Local News

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများနှင့်

ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် ငွေကျပ် ၁.၄၆ ဘီလီယံကျော်

တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ

တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာမှ ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ယာဒိုကျေးရွာအထိမူးယစ်ဆေးဝါးသယ်ဆောင်သည့်

CANTA ယာဉ်အား MARK-II အမျိုးအစားမော်တော်ယာဉ်ဖြင့် ရှေ့ပြေးလမ်းပြကြပ်မတ်သူအဖြစ် ဆောင်ရွက်သယ်ဆောင်လာကြောင်းသတင်းရရှိခဲ့သဖြင့်နိုဝင်ဘာလ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်၊

ယပ်ခူကျေးရွာအနီး Mark II ယာဉ်ကိုဖမ်းဆီးရမိခဲ့ပြီးစိုင်းခင်လှ(ခ)ခင်လှ မောင်းနှင်ပြီးထွန်းကျင်(ခ)ထွန်းစိန်နှင့် ခိုင်ကိုထွန်း(ခ)ခိုင်ကိုတို့ ၃ ဦးလိုက်ပါလာကြောင်း၊ ၎င်းယာဉ်ဖြင့်အသွင်ယူ၍ မူးယစ်ဆေးဝါးသိုဝှက်သယ်ဆောင်ထားသည့်

CANTA အမျိုးအစားမော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ရာလိပ်သို-ယာဒိုမှတစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊

အဆိုပါမော်တော်ယာဉ်အားနိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီတွင်ရန်ကုန်-နေပြည်တော်အမြန်လမ်း၊

ရန်ကုန်တိုးဂိတ်အနီးတွင် စစ်ဆေးရှာဖွေရာယာဉ်မောင်းပန်းပန်းနှင့်အတူ CANTA ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင်

အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၆၀,၀၀၀ ပြားသိမ်းဆည်းရမိခဲ့ကြောင်း၊

ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးလက်ခံမည့်သူများကို၎င်းတို့ပေးထားသည့်

ဖုန်းနံပါတ်များအတိုင်းချိတ်ဆက် ဆက်သွယ်ရာယာဉ်အားလှိုင်သာယာမြို့နယ်အတွင်းအထိမောင်းလာခိုင်းသဖြင့်

ဆက်လက်မောင်းနှင်ပြီးညနေ၄ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား၃,၀၀၀,၀၀၀ပြားလက်ခံယူမည့် မင်းမင်း(ခ)အောင်အောင်အားမော်တော်ယာဉ်တစ်စီးနှင့်အတူလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်း၊

၎င်းအားမူးယစ်ဆေးဝါးများသွားရောက်ယူဆောင်ခိုင်းသည့်ဇဝေလအားအင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ လာဘ်မိုးဆွေ(၁)လမ်း၊ အမှတ်(၃၆)တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား၁,၆၆၀,၀၀၀ပြားအားလက်ခံယူမည့်

ကိုမျိုး(ခ)မျိုးသိုက်နှင့် ထွန်းထွန်းနိုင်(ခ)ထွန်းမောင်တို့နှစ်ဦးအားမော်တော်ယာဉ်တစ်စီးနှင့်အတူလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်းအသီးသီးဖမ်းဆီးရမိခဲ့သဖြင့်

စိုင်းခင်လှ(ခ)ခင်လှ(၂၈)နှစ်၊ ထွန်းကျင်(ခ)ထွန်းစိန်(၃၂)နှစ်၊ ခိုင်ကိုထွန်း(ခ)ခိုင်ကို(၂၀)နှစ်၊ ပန်းပန်း (၄၄)နှစ်၊

မင်းမင်း(ခ)အောင်အောင်(၃၉)နှစ်၊ ဇဝေလ(၄၇)နှစ်၊ ကိုမျိုး(ခ)မျိုးသိုက်(၄၀)နှစ်၊ ထွန်းထွန်နိုင်(ခ)ထွန်းမောင်(၃၈)နှစ်တို့အား

ဉပဒေအရအမှုဖွင့်အရေးယူထားရှိပြီးဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများသည်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့

သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။


အလားတူမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်

နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်

ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ နေအောင်၊ မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးအမျိုးအစား

မော်တော်ယာဉ်ကိုရှာဖွေရာကားခေါင်းနှင့် နောက်ဘော်ဒီကြားအတွင်းမှဆာလာအိတ်များဖြင့်ထည့်လျက်

စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြားသိမ်းဆည်းရမိခဲ့ပြီးယာဉ်မောင်းအားစစ်ဆေးဖော်ထုတ်ချက်အရရဲဝင်းအောင်နှင့် ဖြိုးဝေအောင် တို့မှာ

Suzuki အမျိုးအစားမော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ရှေ့ပြေးလမ်းပြယာဉ် အဖြစ်မောင်းနှင်သွားကြောင်း

သိရှိရသဖြင့် အဆိုပါ မော်တော်ယာဉ်အားကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားတွင်ဖမ်းဆီးရမိခဲ့သဖြင့်

နေအောင်(၃၇)နှစ်၊ ရဲဝင်းအောင်(၂၇)နှစ်၊ဖြိုးဝေအောင်(၂၃)နှစ်တို့အားဉပဒေအရအမှုဖွင့်အရေးယူထားရှိပြီး

ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများကိုရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ မွန်ပြည်နယ်၊

မော်လမြိုင်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းဖော်ပြအပ်ပါသည်။

Source: ရဲဇာနည်

 

Leave a Reply