အရှေ့တောင်အာရှမှ နာမည်ကြီးသရဲ (၉)ကောင်နှင့် မိတ်ဆက်ခြင်း

Knowledge

မင်္ဂလာပါ မိုးနတ်မင်း ပရိတ်သတ်ကြီးရေ။ မိုးနတ်မင်း page ကနေ ရံဖန်ရံခါ ဆိုသလို သရဲအကြောင်းတွေ မိတ်ဆက်ပေးနေတာ အတော်လေးကြာခဲ့ပါပြီနော်။ ပရိတ်သတ်ကြီးကလဲ သဘောကျ ကြိုက်နှစ်သတ်တဲ့အတွက် ကျွန်တော်တို့ မိုးနတ်မင်း ဝိုင်းတော်သားတွေအနေနဲ့ အထူးကျေနပ် ပီတိဖြစ်ရပါတယ်။ အခုလဲ အရှေ့တောင်အာရှ နိုင်ငံတွေအလိုက် နာမည်ကြီးသရဲ (၉) ကောင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။ တကယ်လို့ သူတို့အကြောင်းကို စိတ်ဝင်စားလို့ပိုမိုသိချင်တယ်ဆိုရင်  comment box ကနေ စိတ်ဝင်စားတဲ့ အကြောင်းကိုလာရောက်ပြောပြလို့ရပါတယ်နော်။ ဒါ့အပြင် နာမည်တွေကို english လိုဖော်ပြပေးထားတာ ဖြစ်တဲ့အတွက် မိမိဟာမိမိ google မှာဖြစ်ဖြစ် youtube မှာဖြစ်ဖြစ် ကိုယ်သဘောကျတဲ့ သရဲအကြောင်းကို အသေးစိတ်ပြန်လည် ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။

အရှေ့တောင်အာရှနိုင်ငံတွေကတော့ ကိုးကွယ်ရာဘာသာအရရော ဓလေ့စရိုက်အရရော ကွဲပြားခြားနားတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သောယဉ်ကျေးမှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် တူညီမှုရှိပြီး အဲ့ထဲမှာတော့ ကြောက်ဖို့ကောင်းတဲ့ သရဲတစ္တေဇာတ်လမ်းတွေကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ သရဲတွေထဲမှာရော ကျွန်တော်တို့ မြန်မာပြည်နဲ့ကိုက်ညီတဲ့ သရဲဘယ်နှကောင်လောက်ပါကြလဲ။ အဆုံးထိဖတ်ပေးကြပါဦးနော်။

၁။ စင်္ကာပူနိုင်ငံမှ Shui Gui

Shui Gui တွေကိုတော့ ရေထဲက ဝိဉာဉ်လို့ခေါ်ကြပြီး ရေနစ်သေဆုံးတဲ့လူတွေကနေ ကူးပြောင်းသွားတဲ့ ဝိဉာဉ်တွေဖြစ်ပါတယ်။ ဒီဝိဉာဉ်တွေကတော့ ရေထဲကို ဆင်းတဲ့လူတွေကို ရေနှစ်သတ်ဖို့ စောင့်ဆိုင်းနေတတ်ကြပြီး သူတို့ကို သတိမမူမိတဲ့ အချိန်တွေမှာ ပေါ်ထွက်လာတတ်တယ်လို့ ပြောကြပါတယ်။ စင်္ကာပူသွားမယ်ဆို ရေထဲမဆင်းခင် အဲ့ကောင်တွေကို အရင်သတိရကြပါနော်။ :p

၂။ မလေးရှားနိုင်ငံမှ Orang Minyak 

Orang Minyak  ကတော့ မလေးရှားနိုင်ငံမှာ ကျော်ကြားတဲ့သရဲတစ်ကောင်ဖြစ်ပြီး ဆီတွေသုတ်လိမ်းထားတဲ့ ယောကျ်ားတစ်ယောက်ပုံစံရှိပါတယ်။ သူပေါ်ပေါက်လာပုံကတော့ အတော့်ကို ဒဏ္ဏာရီဆန်ပါတယ်။ သူ့ရဲ့အချစ်ကို လက်မခံခဲ့ပဲ ရက်ရက်စက်စက် အသဲခွဲသွားတဲ့ ကောင်မလေးရဲ့ အချစ်ကို ရယူပိုင်ဆိုင်လိုတဲ့ အတွက် devil စေတန် ဆီမှာ အပေးအယူလုပ်ခဲ့ပါသတဲ့။ စေတန်ကတော့ သေသွားတဲ့အခါမှာ သူ့ရဲ့ဝိဉာဉ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး သူ့ကိုတော့ အစွမ်းထက်လှတဲ့ ပီယဆေးဖော်နည်းတစ်ခုကို ပြန်ပေးခဲ့ပါတယ်။ ဆေးနည်းထဲမှာ ပစ္စည်းပေါင်းများစွာပါဝင်ပြီး အင်မတန်ခတ်ခဲတဲ့ အဆင့်တွေကိုလဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲ့ထဲက တစ်ခုကတော့ တစ်ပတ်အတွင်း အပျိုစင်မိန်းကလေး ၂၁ ယောက်ကို မုဒိန်းကျင့်ရမှာဖြစ်ပြီး အဲ့အဆင့်မှာ သူဟာ ကျရှုံးခဲ့ပါသတဲ့။ အခုထိ သူ့ဝိဉာဉ်ဟာ အပျိုစင် မိန်းကလေးတွေကို ချောင်းမြောင်းနေဆဲ ဖြစ်တယ်လို့ မလေးရှားနိုင်ငံက လူတွေက ယုံကြည်ကြပါတယ်တဲ့။

တကိုယ်လုံး ကိုယ်တုံးလုံးချွတ်ကြီးနဲ့ အမဲရောင်အဆီတွေ သုတ်လိမ်းထားတဲ့ လူတစ်ယောက်ကို မလေးရှားနိုင်ငံမှာ ညဖတ်တွေ့ရတယ်ဆိုရင်တော့ သေချာပါတယ်။ အဲဒါ Orang Minyak ပါပဲ။ ဆီတွေ သုတ်လိမ်းထားရတဲ့ ရည်ရွယ်ချက်ကတော့ သူ့ကို ဖမ်းရခတ်အောင် ပြုလုပ်ထားတာဖြစ်ပြီး ကြောက်ဖို့အကောင်းဆုံးအချက်ကတော့ မလေးရှားနိုင်ငံမှာ အဲ့လိုမှုခင်းတွေ တကယ်ဖြစ်ခဲ့ပါတယ်တဲ့ဗျ။

၁၉၅၀ ပြည့်နှစ်တွေမှာ နာမည်ကြီးလာခဲ့တဲ့ Orang Minyak  ဟာ မလေးရှားနိုင်ငံရဲ့ ကျေးရွာတွေမှာ မကြာခဏ တွေ့မြင်ရလေ့ရှိပါသတဲ့။ နောက်ဆုံးသူ့ကိုတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ ၂၀၁၂ ခုနှစ် Kampung Laksamana, Gombak ဆိုတဲ့ နေရာမှာဖြစ်ပါတယ်။

၃။ ဖိလစ်ပိုင် နိုင်ငံမှ Kapre 

ဖိလစ်ပိုင်နိုင်ငံဟာဆိုရင် အစ္စလာမ် ဘာသာဝင်တွေ များပြားစွာနေထိုင်တဲ့ နိုငငံတစ်ခုဖြစ်တာနဲ့အညီ သူတို့ရဲ့သရဲတစ္ဆေဇာတ်လမ်းတွေမှာလဲ မွတ်စလင် အငွေ့အသက်တွေများစွာပါဝင်နေပါတယ်။ ကဖွာ ဆိုတတဲ့ စကားလုံးဟာ 

kaffir ဆိုတဲ့ အာရေဗီ စကားလုံးက ဆင်းသတ်လာပြီး အယူလွဲမှားသူ လို့ အဓိပ္ပါယ်ရပါသတဲ့။ Kapre ဆိုတဲ့နာမည်ဟာလဲ အဲ့စကားလုံးကနေ ဆင်းသက်လာပြီး အဲ့သရဲရဲ့ပုံစံကတော့ ဝိဉာဉ်ပုံစံရှိပြီး ခြေထောက်အရှည်ကြီးနဲ့ လို့ လူပြောများကြပါတယ်။ အဲ့သရဲမှာ ထူးခြားတဲ့ တန်ခိုးရှိပြီိး သစ်ပင်ကြီးတွေပေါ်မှာ စီးကရက်ခဲလျက် တွေ့မြင်တတ်ကြပါတယ်တဲ့။ ညဖတ် အပြင်ထွက် ကစားနေကြတဲ့ ကလေးတွေကို ခြောက်လှန့်လေ့ရှိပြီး တကယ်လို့ သင်ဟာ လမ်းလျှောက်နေရင်းနဲ့ ကိုယ်သွားချင်တဲ့နေရာမရောက်ပဲ တစ်နေရာထဲကိုပဲ ပြန်ပြန်ရောက်နေရင် (စပါးကြီးမြွေ ညှို့သလို)  သင်ဟာ Kapre ရဲ့ သားကောင်ဖြစ်နေပါပြီ။ အဲ့အခြေအနေကနေ လွတ်ဖို့ဆိုရင် ဝတ်ထားတဲ့ အဝတ်အစားတွေကို ချွတ်ပြီး ပြောင်းပြန်လုပ်ဝတ်ရမှာပါတဲ့။ (မြန်မာပြည်နဲ့ ဆင်တယ်နော်)။ 

၄။ လာအိုနိုင်ငံမှ Gong Goi 

Gong Goi  တွေဟာဆိုရင် ကလေးပုံစံရှိတဲ့ မကောင်းဆိုးဝါးလေးတွေဖြစ်ပြီး လိမ်နေတဲ့ ခြေထောက်တစ်ချောင်းထဲ နဲ့ခုန်ဆွခုန်ဆွ သွားလေ့ရှိကြပါသတဲ့။ သွားရင်းနဲ့လဲ Gong Goi  Gong Goi လို့အော်သွားတတ်ပါသေတယ်။ အဆိုပါ မကောင်းဆိုးဝါးလေးတွေဟာ တောထဲမှာနေလေ့ရှိပြီး လူတွေတောထဲမှာကမ့်စခန်းချ လာလည်တဲ့အခါမှ ညဖတ်တွေဆို တိတ်တိတ်လေးရောက်လာတတ်ပြီး လူတွေရဲ့ ခြေချောင်းလေးတွေကိုကိုက်ပြီး သွေးစုတ်လေ့ရှိပါသတဲ့။

၅။ ကမ္ဘောဒီးယားမှ  Khmoach Daoem Chek Chvia 

Khmoach Daoem Chek Chvia ကို ငှက်ပျောပင် တစ္ဆေလို့လဲ သိကြပြီး ကျွန်တော်တို့ဓလေ့နဲ့ အတော့ကိုတူပါတယ်။ ကမ္ဘောဒီးယားမှာ ကောင်မလေးတွေက သူတို့ရဲ့ချစ်သူရဲ့အိမ်မှာ ငှက်ပျောပင်ရှိရင် မကြိုက်တတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ငှက်ပျောပင်က ညကျရင် ကောင်မလေးတစ်ယောက်အဖြစ် ပုံစံ ပြောင်းပြီး ကောင်လေးတွေကို မြှူစွယ်လေ့ရှိတာကြောင့်ပဲဖြစ်ပါတယ်။ တချို့ဒဏ္ဏာရီတွေမှာတော့ မိန်းကလေးတွေကိုပါ ကောင်လေးပုံစံပြောင်းပြီး မြှူဆွယ်တတ်ပါတယ်။ တကယ်လို့ မြှူဆွယ်ခံရတဲ့ လူက အင်မတန်သမာဓိကောင်းပြီး ငြင်းနေရင် သူ့ရဲ့ချစ်သူပုံစံပြောင်းပြီး အတူတူနေဖို့ ကြိုးစားတတ်ပါတယ်တဲ့။ သိပ်ပျော်မသွားပါနဲ့ဦး။ အတူတူနေပြီးသွားရင် မြှူဆွယ်ခံရတဲ့လူက ၃၊၄ရက်အတွင်း ညှိုးနွမ်းပြီး(ရုပ်နဲ့စိတ်ပြောတာ) သေပါသတဲ့။

အပိုင်း(၂) ဆက်ရန်ရှိ။

 

Leave a Reply