ပရဟိတလူနာတင်ကားနဲ့တိုက်မိသူ၏နာရေးတွင် ပရဟိတသမားများမှ ဒူးထောက်တောင်းပန်

Local News

ပရဟိတသမားများမှ ပရဟိတလူနာတင်ကားနဲ့တိုက်၍သေဆုံးသွားသူနာရေးပို့ရာလမ်းတလျှောက်တွင် ဒူးထောက်တောင်းပန်ခဲ့ကြသည်

နိုဝင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ကန်ဖျားနယ်မြေ၊ကြံတောလမ်းဆုံ မီးပွိုင့်တွင် ကျန်းမာရေးအထောက်အကူပြုယာဉ်နှင့်

ဆိုင်ကယ်မောင်းနှင်သူတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ သေဆုံးသွားခဲ့သည်။

ကျန်းမာရေးအထော်ကူပြုယာဉ်သည် မြိတ်မြို့ ကဘင်းကျေးရွာရှိ အနံ့ပျောက်လူနာကို သွားရောက်ခေါ်ဆောင်စဉ်တွင်

ကြံတောလမ်းဆုံအရောက်မှာ ဗန္ဓုလလမ်းဘက်မှ ဆိုင်ကယ်မောင်းနှင်လာသူ ကို ရဲဇင်မျိုးအောင်နှင့်တိုက်မိကာ

ဆိုင်ကယ်မောင်နှင်လာသူသေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ယနေ့ပြုလုပ်သော အသုဘ တွင် မြိတ်မြို့ရှိ ပရဟိတသမားများမှ အသုဘပို့ရာလမ်းတလျှောက်တွင်

ဒူးထောက်၍တောင်းပန်နေကြခြင်းဖြစ်သည်။

သေဆုံးသူ၏နေအိမ်သို့လဲ သွားရောက်တောင်းပန်ပြီးဖြစ်ကြောင်းသိရသည်။

(ပရဟိတလုပ်ဆောင်တဲ့အချိန်မှာလဲ အမှားအယွင်းများဖြစ်တတ်တာကြောင့် မှားသွားတဲ့အချိန်မှာ ယခုလိုပြန်လည်တောင်းပန်ခြင်းဟာ

တကယ့်ပရဟိတစိတ်ဓာတ်ကိုဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။)

Leave a Reply