စာရေးဆရာသွန်းနေစိုးရေးတဲ့ ဒဂုံဆိပ်ကမ်းကပြဿနာ

Local News

စာရေးဆရာသွန်းနေစိုးရေးသားသုံးသပ်တဲ့ ဒဂုံဆိပ်ကမ်းပြဿနာ

ဖြစ်စဉ်။
_______
ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇ )ရပ်ကွက်
မဂ္ဂင်လမ်းမှာရှိတဲ့
ပေါင်မုန့်နဲ့ ပေါက်စီလုပ်တဲ့
တရုတ်ပိုင် လုပ်ငန်းမှာ
ကလေးလုပ်သားတွေကို
နှိပ်စက်လုပ်ခိုင်းတယ်။
မခံနိုင်တဲ့အဆုံး အဲ့ဒီက
ကလေးတစ်ယောက် ထွက်ပြေးလာရာက
ဒီဇာတ်လမ်း အများကြား ပျံ့တယ်။
.
ရပ်ကွက်သားတွေရဲ့အမြင်။
_______________
ကလေးတွေကို
သတ်ပြီးမြှုပ်ထားတယ်တို့
လူသားပေါက်စီ တို့
လှိုဏ်ခေါင်းရှိတယ် တို့
စတဲ့ လုံး၀မှားယွင်းနေတဲ့
ကောလဟလတွေကနေ
လူစုလူဝေးတွေ ဖြစ်ကုန်တယ်
.
ရဲတွေဘက်က။
______________
တရားခံတွေအကုန်
ဖမ်းထားပြီးပြီ။
နစ်နာတဲ့ကလေးတွေကိုလည်း
အကုန်ကယ်ထုတ်ပြီးပြီ
ဒါကိုတောင်မှ …
မနက်ပိုင်းတုန်းကလည်း
ပြည်သူတစ်စု ဝင်ရှာချင်တယ်ဆိုလို့
ပေးရှာခွင့် ပြုခဲ့ပြီးပြီ
ညပိုင်းကျ နောက်တစ်စု
ထပ်ဝိုင်း ထပ်ရှာမယ် လုပ်ပြန်တယ်။
ဒါက မင်းမဲ့နိုင်ငံမဟုတ်ဘူး။
မနက်ပိုင်းရှာတုန်းကလည်း
ရပ်ကွက်ထဲကလူတွေ
သတင်းမီဒီယာတွေ ပါပြီး
နှံ့နှံ့စပ်စပ် ရှာပြီးပြီ။
ညကျ တစ်ခါ ထပ်ဆူပူပြန်တယ်
မနက်ကလူတွေနဲ့ မတူဘူးပဲထား။
ရဲတွေဘက်က စိုးရိမ်တာက
အဲ့ဒီနေရာကို မီးရှို့မှာတို့
လုယက်ဖျက်ဆီးမှာတို့
(အခုလည်း ဖျက်ဆီးတာ
တော်တော်ခံရပါတယ်။
ကားတွေ မှောက်လှန်ထားတယ်
ရိုက်ချိုးဖျက်ဆီးထားတာ အများကြီးပဲ)
ညဘက်မှာလည်း ထပ်ရှာခွင့်ပြုလိုက်တယ်
သတင်းမီဒီယာတွေလည်းပါတယ်။
ရပ်ကွက်ကိုယ်စားလှယ်တွေလည်း အများကြီးပဲ။
.
အဖြစ်မှန်ကို ဝေဖန်ခြင်း။
_________________
အခုထိ ရဲတွေ လုံး၀ မမှားဘူး။
ဒါက မင်းမဲ့တိုင်းပြည်မဟုတ်ဘူး
တရားဥပဒေ မစိုးမိုးတဲ့နေရာမဟုတ်ဘူး။
ရပ်ကွက်လူထုတချို့က ရဲတွေကို
ပြည်သူ့ဘက်မပါဘူးလို့ စွပ်စွဲတာရှိတယ်။
ဆူပူသောင်းကျန်းခွင့်ပေးတာဟာ
ပြည်သူ့ဘက်လိုက်ခြင်း မဟုတ်ဘူး။
ပြည်သူဆိုတာနဲ့လည်း သောင်းကျန်းချင်တိုင်း
သောင်းကျန်းလို့ မရဘူး။
မနက်က တခါ ရှာကြပြီးပြီလေ၊
တော်ရောပေါ့၊ ဒါကို ညကျ
ထပ်ရောင့်တက်ပြန်တာက
ဆူပူသောင်းကျန်းချင်တာပဲ။
ရဲက ရာဘာကျည်နဲ့ ပစ်တယ်ဆိုပြီး
ရပ်ကွက်နေသူတွေဘက်က ပြောတယ်ပြတယ်။
ဒီလောက် လူအုပ်ကြီးနဲ့ ဆူပူနေမှ
ဒီလောက်တော့ ထိန်းသိမ်းရမှာပဲ။
ရဲတွေကိုကျ ရပ်ကွက်ကလူတွေက
ကုန်းသီးတွေနဲ့ ပြန်ပစ်တယ်။
ရဲတွေ ခေါင်းပေါက်ကြ ထိခိုက်ကြတယ်။
ဒီလို လက်နက်ကိုင်ပြီး ပြန်တိုက်ခိုက်ရင်
ဒါက ပုန်ကန်မှုပဲ။
အခုတော့ လမ်းကို ပိတ်ထားလိုက်ပါပြီ။
ဒီမှာတင်ပြဿနာ ပြီးသွားပြီလို့
ထင်မြင်ဆုတောင်းမိပါတယ်။
ဒီ့ထက် ပို ဖြစ်ရင်တော့
ဒါက အကြမ်းဖက်မှုပဲ။
သူတို့အကျိုးစီးပွားလည်း မပါ။
တာဝန်ကိုတိတိကျကျ ထမ်းဆောင်ရင်း
ဒါဏ်ရာရရှာတဲ့ ရဲသားလေးတွေ
သနားစရာကောင်းတယ်။

စာရေးဆရာ သွန်းနေစိုး၏လူမှုကွန်ယက်တွင် ရေးသားထားသည်ကိုလေးစားသောအားဖြင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Leave a Reply