ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် ဆက်သွယ်ထားသည့် ယခင် တံတားအဟောင်းပေါ်တွင် ပထမဆုံး ပန်းခြံတံတား တည်ဆောက်

Local News

ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ကို ဆက်သွယ်ထားသည့် ယခင်တံတားအဟောင်းပေါ်တွင် ပထမဆုံး ပန်းခြံတံတား တည်ဆောက်နေကြောင်း နိုဝင်ဘာ ၂၁ ရက် တွင် ဒေါပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်၏ ပြောကြားချက် အရ  သိရသည်။

အဆိုပါပန်းခြံတံတားသည် ရန်ကုန်မြို့ ၌ ပထမဆုံးတည်ဆောက်သည့် အပန်းဖြေနေ ရာ သို့မဟုတ် ပန်းခြံတံတားဖြစ်ပြီး လက်ရှိတွင် အစပျိုး၍ တည်ဆောက်နေပြီဖြစ်သည်။

တံတားအပေါ်တွင် အလယ်၌ လူသွားလမ်း ထားပေးထားပြီး ဘေးနှစ်ဖက်တွင်  Flower Box များဖြင့် အလှဆင်သွားမည်ဖြစ်ကြောင်း၊  Flower Box ၏အပြင် လက်တန်း ဘေးတွင် ရေပြင်ကိုကြည့်၍ အပန်းဖြေနိုင်ရန်  ခုံတန်းလျားများ ထားသွားမည်ဖြစ်ကြောင်း၊ ညပိုင်းတွင်လည်း မီးအလှများတပ်ဆင်သွား မည်ဖြစ်ကြောင်း ဒေါပုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က ပြောကြားသည်။

“အဲဒါကတော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ လမ်းညွှန်မှာကြားချက်ပေါ့နော်။ အဲဒါကို စည်ပင်ကို တာဝန်ပေးပြီးတော့ စည်ပင်ကနေ ဒီဇိုင်းတွေဆွဲပြီးတော့ လမ်းတံတားဌာနကို တာဝန်ပေးလိုက်တယ်ပေါ့။ အခု လမ်း၊ တံတားဌာနကနေ စပြီးလုပ်နေပြီပေါ့။ အဲဒီတံ တားပေါ်မှာတော့   Flower Box တွေပေါ့ နော်။ အလယ်မှာ လူသွားလမ်းပါမယ်။ ဟိုဘက်ဒီဘက်မှာ  Flower Box ဆိုတဲ့ပန်းပင်တွေ စိုက်ထားတဲ့ Box တွေပေါ့နော်။ အဲဒီထဲမှာ ပန်းပင်တွေစိုက်သွားမယ်။ အလယ်မှာလူ သွားလမ်း လမ်းလျှောက်မယ်ပေါ့နော်။ Flower Box ရဲ့အပြင်လက်တန်းဘေးမှာတော့ လွတ်တဲ့နေရာမှာ ခုံတန်းလျားလေးတွေထား မယ်ပေါ့။ ထိုင်လို့ရအောင်လို့ပေါ့နော်။ ကမ်းဘက်ကိုကြည့်ပြီး လေကောင်းလေသန့်ရှူလို့ ရအောင်ပေါ့နော်။ ပြီးတော့ ဘေးက လက်တန်းကိုလည်း ထပ်မြှင့်မယ်ပေါ့နော်။ သံချောင်းတွေနဲ့ကာမှာပေါ့နော်။ အဲဒီလိုလုပ်မယ်။ ကျန်တာကတော့ မီးအလှဆင်မယ်။ မီးအလှဆင်ပြီး ဒေါပုံဘက်မှာတော့ ကလေးက စားကွင်းလေးတွေလုပ်မယ်ပေါ့။ အပေါ်ကတော့ အမိုးမရှိဘူး။ ဒီအတိုင်းပဲ။ အောက်မှာသာ သစ်ပင်လေးတွေစိုက်ထားမယ်” ဟု ဦးသန့်ဇင်က ပြောကြားသည်။

ယင်းတံတားဟောင်းသည် ကားများသွားပါက နောက် ၁၀ နှစ်ခန့်အသုံးပြု၍ရ သော်လည်း တံတားပုံစံမှာ ဟောင်းနေသည့်အတွက် ဖြိုပစ်မည်ဆိုလျှင် မလွယ်ကူဘဲ ဘေးနားရှိ တံတားအသစ်ကိုလည်း ထိခိုက်မည်ဖြစ် ကြောင်း၊ သို့အတွက်ကြောင့် ယခုကဲ့သို့ရေရှည် ထိန်းသိမ်းသည့်အနေဖြင့် အပန်းဖြေနေရာလုပ်ခြင်းဖြစ်ကြောင်း၊ တံတားအောက်တွင်လည်း အိမ်သာများနှင့် ကားပတ်လမ်းများ ထားရှိသွားမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ဆက်လက် ပြောကြားသည်။

“လက်ရှိလုပ်နေတာကတော့ လမ်း၊ တံတားက လုပ်နေတာ။ နောက်ပိုင်း ပန်းပင် စိုက်တာတွေ၊ ဘာတွေကျန်ဦးမယ်။ ရန်ကုန်မြို့ မှာတော့ ဒီပန်းခြံတံတားဟာ ပထမဦးဆုံးပါ ပဲ” ဟု ဦးသန့်ဇင်က ဆိုသည်။

အဆိုပါတံတားဟောင်းသည် ယခင်က ကားများသွားလာနေပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ယင်း တံတားဟောင်းဘေးတွင် မြန်မာ-ဂျပန် ပူးပေါင်း၍ တံတားအသစ် ထပ်မံတည်ဆောက်ခဲ့သည့်အတွက် ကားသွားခြင်းမရှိတော့ဘဲ လက်ရှိတွင် အပန်းဖြေနေရာ တည်ဆောက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရ သည်။

Leave a Reply