ကိုဗစ်စင်တာထဲမှာ နိုင်ရာဝင်ကူနေကြတဲ့ အနံ့ပျောက်လူနာတွေ

Local News

ကိုဗစ်စင်တာထဲမှာ နိုင်ရာဝင်ကူနေကြတဲ့ အနံ့ပျောက်လူနာတွေ
နိုဝင်ဘာ ၂၇၊ ၂၀၂၀

Covid -19 ကုသရေးစင်တာ (ဧရာဝတီ) ရဲ့ အဆောင်ကိုရောက်ရှိနေကြတဲ့ လူနာတွေပဲ ဖြစ်ပါတယ်။

ပိုးတွေ့ပေမယ့် အနံ့ပျောက်၊ ချောင်းဆိုးနဲ့ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေကို ထားရှိတဲ့ အဆောင်တစ်ခုလည်း ဖြစ်ပါတယ်။

စင်တာကို ရောက်ရှိနေကြတဲ့သူတွေဟာ မနက်စာစားပြီးပြီဆို လမ်းလျှောက်ကြသူတွေ၊ နေပူဆာလှုံကြသူတွေရှိသလို၊ အခုဆို စင်တာအတွင်း အလုပ်တွေ ကူလုပ်နေကြသူတွေလည်း ရှိကြပါတယ်။

အိပ်ယာခင်း ကူလျှော်ပေးကြ၊ အမှိုက်ဝိုင်းသိမ်းကြနဲ့ အလုပ်တွေ ကူညီပေးကြရင်း ရောဂါ
ပျောက်ကင်းဖို့ အစွမ်းကုန်တိုက်ထုတ်နေကြပါတယ်။

ဓာတ်ပုံ- ယဉ်မွန်

Source-7Day TV

Leave a Reply