လျှပ်စစ် ၇၅၀ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူးမည့် LNG သိုလှောင်ရေးသင်္ဘော သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ ငါးနှစ်ကြာ ဆိုက်ကပ်ထားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်ဖြန့်ဖြူးမည်

Local News

မြန်မာနိုင်ငံတွင် ငါးနှစ်ကြာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် LNG သိုလှောင်ရေး သင်္ဘော CNTIC VPOWER ENERGY (LNG To Power) သည် သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၂၆ ရက်က ရောက်ရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

‘‘မနက်ဖြန် (နိုဝင်ဘာ ၂၇ ရက်) ကစပြီး LNG ဖြည့်တာ။ ဓာတ်အားလိုင်းချိတ်ဆက်တာတွေလုပ်ပြီး မကြာခင် ဖြန့်ဖြူးပေးနိုင်ပါလိမ့်မယ်’’ဟု ဦးစိုးမြင့်က ပြောသည်။

အဆိုပါ ဓာတ်အားပေးသင်္ဘောသည် အလျား ၂၇၂ မီတာ၊ တန်ချိန် ၁၀၆,၂၈၃ တန်ရှိပြီး ရန်ကုန်မြစ် သမိုင်းတစ်လျှောက်တွင်  စံချိန်တင်အကြီးဆုံး ဝင်ရောက်သည့် သင်္ဘောဖြစ် သည်ဟု ဆိုသည်။

အဆိုပါသင်္ဘောသည် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၅၀ ထုတ် လုပ်နိုင်မည်ဖြစ်ပြီး Floating Storage Unit (FUS) စနစ်ဖြင့် Liquefied Natural Gas (LNG) များ လက်ခံသိုလှောင်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်ဖြန့်ဖြူး မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အထူး သဖြင့် ရန်ကုန်တိုင်းအတွင်း ၂၄ နာရီ ဓာတ်အား အပြည့်အဝရရှိရန်၂၀၂၀ နွေရာသီကတည်းက တင်ဒါစနစ်ဖြင့် သင်္ဘောကြီးများ ဆိုက် ကပ်၍ အရေးပေါ် မီးပေးနိုင်သည့် ပုံစံမျိုးဖြင့် လျှပ်စစ်မီး မလုံ လောက်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက စီစဉ်ခဲ့သည်။

‘‘အဓိကကတော့ ကပ် ရောဂါရယ်။ နောက်ဘတ်ဂျက်  အပါအဝင် ဒီကိုလာမယ့် လမ်း ကြောင်းတစ်လျှောက် ရာသီဥတုအခြေအနေကြောင့် ကြန့်ကြာ သွားတာမျိုးရှိတယ်’’ဟု လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၇ ကလည်း ရန်ကုန်မြို့ ၌ လျှပ်စစ်လုံလောက်စွာ ရရှိစေ ရန်အတွက် တူရကီနိုင်ငံမှ မဂ္ဂါဝပ် ၃၀၀ ခန့် ထုတ်လုပ်မည့် လျှပ်စစ်  ဓာတ်အားပေး သင်္ဘောဖြင့် ဓာတ်အား ဖြန့်ဖြူးပေးရန် စီစဉ်ခဲ့သော်လည်း ဘတ်ဂျက်မရှိ၍ ယင်းအစီ အစဉ်ကို ဖျက်သိမ်းခဲ့သည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်ရှိသည့်အ နက် ၅၀ ရာခိုင်နှုန်းကို ၂၀၂၀ ဧပြီကစ၍ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ပြီ ဟု အစိုးရက ကြေညာထားသည်။

သို့သော် နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့်တိုးတက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

အလားတူ လျှပ်စစ်သုံးစွဲမှု နှုန်း ခန့်မှန်းချက်အရ ၂၀၂၀- ၂၀၂၁ တွင် မဂ္ဂါဝပ် ၆,၀၀၀ ခန့်လိုအပ်မည်ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှုအရ ၃,၈၀၀ မဂ္ဂါဝပ်ဝန်း ကျင်ရှိနေဆဲ ဖြစ်သည်။

လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် ယခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲ  လာသော ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Lique-fied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ် ဓာတ်အား စုစုပေါင်း ၁,၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ်ခုနစ်ခုကို ရန်ကုန်တိုင်းဒေသ ကြီး အလုံ၊ သန်လျင်၊ သာကေတ တို့တွင်လည်းကောင်း၊ မကွေး တိုင်းဒေသကြီး မကွေးနှင့် ကျွန်း ချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ တို့တွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။

အဆိုပါ စီမံကိန်းခုနစ်ခုအ နက် မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံ၊ အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါ ဝပ် ဓာတ်အားပေးစက်ရုံတို့မှ လျှပ် စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ပြီး ကျန်ဓာတ်အားပေး  စက်ရုံစီမံကိန်းများမှလည်း ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းနေသည် ဟု ဆိုသည်။

Leave a Reply