Super Hotel နှင့် ရေကြောင်းတက္ကသိုလ်ကြားတွင် ဆက်ကြေးကောက်အဖွဲ့လိုက် ညကြီးသန်ခေါင်ချိန် အိမ်တွေကိုဓားဖြင့်ဝင်ခုတ် အနိုင်ကျင့်

Knowledge

Super Hotel နှင့် ရေကြောင်းတက္ကသိုလ်ကြားတွင် ဆက်ကြေးကောက်အဖွဲ့လိုက် ညကြီးသန်ခေါင်ချိန် အိမ်တွေကိုဓားဖြင့်ဝင်ခုတ် အနိုင်ကျင့်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းရေးအမည်ခံ ပြောက်ကြားအဖွဲ့သည် ပြည်သူလူထုအား နေ့ရောညပါအနိုင်ကျင့် ခြိမ်းချောက်လျက်ရှိကြပြီး ဆက်ကြေးများတောင်းခံလျက်ရှိကြောင်း သိရသည်။ Super Hotel နှင့် ရေကြောင်းတက္ကသိုလ်ကြား မြေကွက်လက်တွင် နေထိုင်သူများအား ငှက်ကြီးတောင်ဓားများကို နေ့ခင်းကြောင်တောင်အချိန်တွင်ပင် ကိုင်ဆောင်ကာ ၎င်းတို့ဘာသာ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်ပုံစံကဲ့သို့ ပြုလုပ်ပြီး ပြည်သူလူထုအား ဥပဒေမဲ့ပြုလုပ်နေသော အဆိုပါအုပ်စုအား သက်ဆိုင်ရာလူကြီးမင်းများသိရှိစေရန် တင်ပြအပ်ပါသည်။

Leave a Reply