နေပြည်တော်မြို့မဈေးကားဂိတ်ကို လော့ဒေါင်းချ

Local News
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မြို့မဈေးကားဂိတ်တခုမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ တွေ့ရတဲ့အတွက် မြို့မဈေးကားဂိတ်ကို ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းကစလို့ အသွားအလာကန့်သတ်တဲ့ လော့ဒေါင်းချပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။
မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ကိုသောင်းခွဲကျော်ရှိပြီဖြစ်ပြီး ယခုအခါ ကိုဗစ်ကူးစက်ဖြစ်ပွားမှုအများဆုံးရန်ကုန်တိုင်းအပြင် မန္တလေး၊ ဧရာဝတီ စတဲ့ တခြား တိုင်းနဲ့ပြည်နယ်ဒေသတချို့မှာပါ ကိုဗစ်ကူးစက်ဖြစ်ပွားမှုတွေ ဒီရက်ပိုင်းမြင့်တက်လာနေပါတယ်

Leave a Reply