မန္တလေးကိုကယ်တင်ရန် မန္တလေးသားများသာလုပ်နိုင်ကြောင်း ဝန်ကြီးချုပ်ဆို

Local News

မန္တလေးကို ကယ်တင် ရန် မန္တလေးသားများသာ လုပ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ဒီဇင်ဘာ ၅ ရက်တွင်လူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။

COVID-19 ရောဂါ ကူးစက်မှုမြင့်တက်နေချိန်တွင် မန္တလေးခရိုင်ကို နှစ်ပတ်ကြာ နေအိမ်တွင်နေထိုင်ရေး (Stay at Home)သတ်မှတ်ပြီးနောက် စည်းကမ်းချက်များကို လိုက်နာကြရန် ဝန် ကြီးချုပ်က  မြို့သူမြို့သားများကို  လူမှုကွန်ရက်မှတစ်ဆင့် တိုက် တွန်းရေးသားခဲ့ခြင်းဖြစ်သည်။

‘‘မန္တလေးကို ကယ်တင်ဖို့ရာ မန္တလေးသားတွေပဲ လုပ်နိုင်တာပါ။ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ဒီရောဂါရဲ့ ကြောက်စရာကောင်းပုံ  က ကိုယ်တစ်ယောက်တည်းကိုပဲ  ဖြစ်တာမဟုတ်ပါ။ ကိုယ်နဲ့ ထိစပ် သူအားလုံး ဘယ်လိုအချိန် ဘယ်လို လုပ်ကူးသွားမှန်းတောင် မသိလိုက်ရပဲ ကူးသွားတာပါ။ ကိုယ့်ကြောင့် သူများ ဒုက္ခရောက်နိုင်တာ ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက သူများကိုပါ ကာကွယ်တာဖြစ်တာမို့ မန္တလေးသူ၊မန္တလေးသားတွေ ကိုယ့်ဘာသာကိုယ် ကာကွယ်ကြရအောင်ပါ’’ ဟု ဒေါက်တာဇော်မြင့်မောင်က ရေးသားထားသည်။

မန္တလေးတွင် ဒီဇင်ဘာ ၂ ရက်အထိ COVID-19 ရောဂါရှိ၊ မရှိစစ်ဆေးမှု စာရင်းများအရ ပိုးတွေ့ရှိသူ ၅ ဒသမ ၉၂ ရာခိုင်နှုန်း၊ သေဆုံးသူ ၁ ဒသမ ၀၁ ရာခိုင်နှုန်းရှိပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် လိုအပ်သော ကြောင့် တာဝန်ရှိသူများနှင့် ညှိ နှိုင်းကာ နှစ်ပတ်ကာ Stay at Home သတ်မှတ်ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆို သည်။

‘‘ဘာလို့ မန္တလေးခရိုင်အ တွင်းပဲ လုပ်ရတာလဲဆိုတော့ ပိုးတွေ့သူတွေက မန္တလေးခရိုင်ရှိမြို့နယ်များက အများဆုံးဖြစ်နေပါတယ်။ လူဦးရေကလည်း ထူ ထပ်၊ ကျူးတွေကလည်းရှိ၊ ပြောင်းရွှေ့ အလုပ်သမားတွေလည်းရှိ တော့ ရန်ကုန်လိုဖြစ်လာမှာလည်း  စိုးရိမ်မိတယ်။ ကျန် ၂၁ မြို့နယ်က ပိုးတွေ့လူနာက မများသလို လူဦးရေထူထပ်မှု သိပ်မရှိတော့  မန္တလေးခရိုင်ကို ပစ်မှတ်ထားပြီး Stay at Home ကို တင်းကျပ်စွာ ဆောင်ရွက်လိုက်ခြင်း ဖြစ်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရမှ ကွာရန်တင်းစင်တာများ၊ ကုသရေးဌာနများ လိုအပ်သလို စီစဉ်ဆောင်ရွက် ထားသော်လည်း ‘အိတ်ပေါက်ဖြင့် ဖားကောက်မိမှာကို’ စိတ်ပူသောကြောင့် ပြည်သူများမှ ပူးပေါင်း ပါဝင်ကာ နေအိမ်တွင် နေထိုင်ကြ  ရန် ဒေါက်တာဇော်မြင့်မောင်က  မေတ္တာရပ်ခံထားသည်။

Leave a Reply