Stay at Home ကာလတွင် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်သဖြင့် ဒဂုံမြို့နယ်မှ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား ဦးဝိစာရ ရပ်ကွက်မှ ပြည်သူများက အရေးယူမှု ပြုလုပ်ပေးရန် သက်ဆိုင်ရာသို့ တိုင်ကြား

Local News

Stay at Home အမိန့် အသက်ဝင်နေဆဲ ကာလတွင် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သဖြင့် ဒဂုံမြို့နယ်မှ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား COVID-19 ကာလ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ နေထိုင်ခြင်းမပြုဟုဆိုကာ အရေးယူဆောင်ရွက်ပေးရန်အတွက် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည့် ဦးဝိစာရ ရပ်ကွက်မှ ပြည်သူများက ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင် ရာတာဝန်ရှိသူများထံ ဒီဇင်ဘာ ၆ ရက်တွင် တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် ဦးရဲမင်းဦးသည် ကိုမင်းအိုကလောင်အမည်ဖြင့် ၎င်းကိုယ်တိုင်ရေးသားထားသော “ပြတင်းအမှတ် ၇၅” စာအုပ်မိတ်ဆက်ပွဲအား ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာ ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ဦးဝိ စာရရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လူ ဦးရေ ၄၀ ကျော် တက်ရောက်ခဲ့သည်ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးက ပြော ကြားသည်။

“မနေ့က ဦးရဲမင်းဦးက ကျွန်တော်တို့ ရပ်ကွက်ထဲက စာကြည့်တိုက်မှာ သူရေးတဲ့ စာအုပ်မိတ်ဆက်ပွဲ လုပ်သွားတယ်။ အဲဒီပွဲ ကို မြို့နယ်စည်ပင်ဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ရယ် နောက် NLD က လူတွေ လည်း တက်လာတယ်။ စုစုပေါင်းက လူဦး ရေ ၄၀ ကျော်လောက်တော့ရှိမယ်” ဟု ဦးဝိစာရရပ်ကွက်နေ ပြည်သူတစ်ဦးက ပြော ကြားသည်။

COVID-19 ရောဂါ ထိန်းချုပ်ကာ ကွယ်ရေးအတွက် အစိုးရက ထုတ်ပြန်ထား သည့် အမိန့်၊ ညွှန်ကြားချက်များအား ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ထားရာ  ဒဂုံ မြို့နယ်မှာလည်း Stay at Home နေထိုင်ရ မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဦးရဲမင်းဦးသည် ယင်းအမိန့် နှင့်အညီ နေထိုင်ခြင်းမပြုဘဲ စာအုပ်မိတ် ဆက်ပွဲပြုလုပ်ခဲ့သဖြင့် ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ နေထိုင်ခြင်းမပြုဟုဆို ကာ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်နေပြည်သူ များက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ပေးရန်အတွက် တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စာအုပ်မိတ်ဆက်ပွဲလုပ်တာက ကျွန် တော်တို့ မြို့နယ်က Stay at Home ထုတ် ထားတဲ့မြို့နယ်လေ။ အဲဒါကို အခုလိုလုပ် တာဆိုတော့ သတ်မှတ်ထုတ်ထားတဲ့ ဥပဒေ တွေကို မလိုက်နာတာ။ ဒါကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးရော တာဝန်ရှိသူတွေဆီကို အရေးယူပေးဖို့ တိုင်ကြားစာပို့ထားတယ်” ဟု ဦးဝိစာရရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်ကြားမှုကို ဒဂုံမြို့မရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က လက်ခံထားကြောင်းသိရပြီး တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။

Leave a Reply