ပုတိဖွားဟောကိန်း

Astrology
ပုတိဖွားဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပုတိဖွားဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပုတိဖွားဟောကိန်း

အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။ယထာဘူတကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ကမ်းနဲ့နေတတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသားကတိကို တည်အောင်ထိန်းသည်။ မည်သည့်အလုပ်ကိုမဆို လေးလေးစားစားလုပ်တတ်သည်။ လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရမည်။ စည်းရုံးရေးကောင်းသည်။ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။

ဘဝတစ်လျှောက်လုံး ရုန်းကန်လှုပ်ရှားနေရတတ်သည်။ အတတ်အကျများသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿ နာများးလဲ မကြာခဏကြုံရတတ်သည်။ ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရမှကျေနပ်ကြသည်။ အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှားမခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်းနည်းကြသည်။ ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။

အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်သည်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများတယ်။ ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုးစိတ်ယုတ်ဝင်လာရင် ဘီလူးထက်မိုက်ပြတတ်သည်။

ပုတိဖွားတွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်းဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွားတွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။

မိမိသည် အခွင့်အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက်အတားအဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါပဲ။ ကောင်းတာလုပ်ရင်နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲနာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။

မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။ မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထားသော်လည်း လက်တွေ့မှာတော့လက်ဖွာတတ်သူပါပဲ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေတတ်သူပါပဲ။ စုလိုက်ကုန်လိုက်ပါပဲ။ ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြားမည်။ လူအထင်ကြီးခြင်းခံရမည်။ မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြုံရ တတ်သည်။

အလုပ်မှာလဲ လက်ငါးချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရတတ်ပေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။