ရန်ကုန်မှာ ကိုဗစ်ရောဂါ ကာကွယ်ဖို့ တင်းကြပ်မှုတွေ စတင်လုပ်ဆောင်

Local News

ရန်ကုန် မြို့နယ်တချို့မှာ မလိုအပ်ပဲ အပြင်ထွက်သူတွေကို သတိပေးပြီး ပြန်လွှတ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဗစ်ရောဂါပိုး ထိန်းချုပ်ရေးအတွက် Stay At Home အဖြစ်သတ်မှတ်ထားတဲ့ ရန်ကုန်က 

မြို့နယ်တွေမှာ သတ်မှတ်စည်းကမ်းတဲ့ မညီပဲ အပြင်ရောက်နေသူတွေကို တာဝန်ရှိသူတွေက 

စစ်ဆေးနေပြီး ပထမအကြိမ်သတိပေးတဲ့အနေနဲ့ နေအိမ်ကို ပြန်လွှတ်နေပါတယ်။ 

ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ ကမာရွတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေ၊ ယာဉ်ထိန်းရဲတွေ ၊ နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေပူးပေါင်းပြီး ဖြတ်သွား ဖြတ်လာ ကားတွေကို စစ်ဆေးပြီး စည်းကမ်းတဲ့မညီတဲ့ ကားတွေကို ပြန်လွှတ်နေတာပါ။ 

ဒီအစီအစဉ်ဟာ ရန်ကုန်တိုင်း တစ်တိုင်းလုံး အနေနဲ့ ဆောင်ရွက်တာတော့မဟုတ်ပဲ ကိုယ့်မြို့နယ် ခရိုင်အလိုက် ဆောင်ရွက်နေတာလို့ ကမာရွတ်မြို့်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ် ။

Leave a Reply