ဦးကျော်သူ၏အိမ်တွင် စပါးအုံးမြွေကြီးဖမ်းမိ

Local News

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူ၏ နေအိမ်တွင် ဒီဇင်ဘာ ၉ ရက် နံနက် ၆နာရီခွဲက စပါးအုံးမြွေကြီးတစ်ကောင်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က ဖမ်းဆီးခဲ့ရကြောင်း သိရ သည်။

မရမ်းကုန်းမြို့နယ် အာဇာနည်လမ်းရှိ ၎င်း၏နေအိမ်ခြံဝင်းအတွင်း စပါးအုံး မြွေကြီးတစ်ကောင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ် ဆယ်ရေးအထူးအဖွဲ့အား အကြောင်းကြား၍ လာရောက်ဖမ်းဆီးကာ မေတ္တာပို့သ၍ ထောက်ကြန့်ရှိ ဘေးမဲ့သတ္တဝါများထားရှိရာ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

“ကျေးဇူးတင်ပါတယ်။ အခုလို မီးသတ်အဖွဲ့က မြွေလာဖမ်းတာ။ မိုးလင်းကတည်း က မြွေတွေ့ပြီး မြောင်းထဲဝင်သွားတာကို ထိုင်ကြည့်ထားရတာ”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ဇနီး ဒေါ်မြင့် မြင့်ခင်ဖေက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် အာဇာနည်လမ်း ရှိ နေအိမ်ခြံဝင်းအတွင်း ဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီခွဲတွင် မြွေတစ်ကောင် ဝင်ရောက် နေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ် ရေးအထူးအဖွဲ့က သွားရောက်ဖမ်းဆီးပေးခဲ့ပြီး စိတ္တသုခတပ်ဦးကျောင်းတိုက်မြွေခြံသို့ သွားရောက်လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply