ရာသီဖွားများအလိုက် အားသာချက်များ

Local News
အနောက်တိုင်းနက္ခတ်ဗေဒင်အရ ရာသီခွင် ၁၂ ခုစလုံးမှာ အားသာချက် ကိုယ်စီတွေ ရှိနေကြပါတယ်။
ထပ်အားသာချက်တွေရှိရင်လဲmentမှာ ဆွေးနွေးသွားလို့ ရပါတယ်ခင်​ဗျာ
မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) – အင်္ဂါနဲ့ တနင်္ဂနွေဂြိုဟ်တွေ လွှမ်းမိုးတဲ့ ရာသီခွင် ဖြစ်လို့ အရာရာမှာ ဦးဆောင်နိုင်စွမ်း ရှိသူ၊ အများအပေါ်မှာ သြဇာ ပေးနိုင်၊ လွှမ်းမိုးနိုင်သူတွေ ဖြစ်ပါတယ်။ သတ္တိ ကောင်း၊ စွန့်စားလိုစိတ်လည်း ပြင်းပြသူတွေ ဖြစ်တယ်။ ဘာလုပ်လုပ် တက်ကြွထက်သန်တဲ့ စိတ်ဓာတ်နဲ့ လုပ်ကိုင်ကြပါတယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – မြင်တာနဲ့ အားကိုးလောက်တဲ့သူလို့ အထင်ခံရအောင် အရှိန်အဝါ ရှိကြပါတယ်။ တစ်ခုခုကို စိတ်ပါလက်ပါနဲ့ စွဲစွဲမြဲမြဲ လုပ်တတ်ကြသူတွေ ဖြစ်တယ်။ ဇွဲကောင်း၊ သည်းခံစိတ် ကြီးမားကြပြီး ဂရုတစိုက်နဲ့ လုပ်တတ်ကြတယ်။ အပေါင်းအသင်း မင်သလို ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းချင်ကြပါတယ်။
မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ဥာဏ်ရည်ထက်မြက်ပြီး နေရာတကာမှာ ဝင်ဆံ့သူတွေ အပေါင်းအသင်းတွေနဲ့ ပျော်မွေ့သူတွေ ဖြစ်ကြပါတယ်။ နူတ်သီးကောင်း လျှာပါး ပြောဆိုတတ်ပြီး ဇဝနဥာဏ်လည်း ရွှင်လို့ လူစိမ်းတွေနဲ့တောင် ရောနှောနိုင်ကြပါတယ်။ မှတ်ဥာဏ်လည်း ကောင်းပြီး တစ်ခုထက်မကတဲ့ ပညာတွေ တတ်မြောက်ကြပါတယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – ခံစားချက် အားကောင်းသူတွေ ဖြစ်လို့ ခင်မင်ရင်းနှီးသူတွေ၊ မိသားစုတွေရဲ့ အားကိုးလေးစားမှုကို ရရှိကြတယ်။ သနားတတ်သူ၊ ကိုယ်ချင်းစာတရား ကြီးမားသူတွေလည်း ဖြစ်ပါတယ်။ စိတ်ကူးဥာဏ် ကွန့်မြူးမှု အားကောင်းပြီး အနုပညာဓာတ်ခံလည်း ကောင်းမွန်သူတွေ ဖြစ်ပါတယ်။ အတွေးတွေ မှန်နေတတ်ပါတယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – ထူးချွန် ထက်မြက်သူ၊ ဦးဆောင်နိုင်သူ၊ သြဇာလွှမ်းမိုးနိုင်သူတွေပဲ ဖြစ်ပါတယ်။ မြင်ရုံနဲ့ ရှိန်သွားလောက်တဲ့ အဆင်းသဏ္ဍာန် ရှိတတ်ကြပြီး ရောက်တဲ့နေရာတိုင်းမှာ ခေါင်းဆောင်နိုင်ကြပါတယ်။ ဘုန်းတန်ခိုးအရှိန်အဝါ ပါလာသူတွေမို့ ထိထိရောက်ရောက် အသုံးချတတ်ရင် ဘဝမှာ အောင်မြင်ဖို့ လွယ်ကူပါတယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ပြီး အသေးစိတ်ကအစ ရှာဖွေစူးစမ်းနိုင်သူတွေ ဖြစ်ပါတယ်။ မွေးရာပါ ပါရမီ ဓာတ်ခံ ကောင်းသူ ဖြစ်လို့ တတ်လွယ်မြင်လွယ်ကြပါတယ်။ နေရာတိုင်းမှာ အပေါင်းအသင်း ဝင်ဆံ့နိုင်သူတွေ ဖြစ်ပြီး လူပေါင်းစုံနဲ့ ဆက်ဆံနိုင်စွမ်း ရှိပါတယ်။ လက်တွေ့ကျသူတွေလည်း ဖြစ်ပါတယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – ဘယ်နေရာမှာမဆို အလိုက်သင့်အလျားသင့် နေထိုင်ပြောဆို တတ်သူတွေပါပဲ။ အရာရာကို မျှမျှတတ တွေးဆ ဆင်ခြင်တတ်ပြီး ဘက်မလိုက်တတ်သူတွေ ဖြစ်ပါတယ်။ သဘောမနောလည်း ကောင်းကြပြီး အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်တတ်ကြပါတယ်။ ခင်မင်လွယ်ပေမယ့် မဟုတ်မခံစိတ်လည်း ရှိကြပါတယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)- ရာသီဖွားအားလုံးထဲမှာ အကြမ်းပတမ်း အခံနိုင်ဆုံး၊ လောကဓံကို ပျက်ရယ်အပြုနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။ လျှို့ဝှက်နိုင်စွမ်း ကြီးမားပြီး ဇွဲသန်သူတွေလည်း ဖြစ်ပါတယ်။ တစ်ခုခုကို စွဲမြဲသေချာအောင် မှတ်သားနိုင်ပြီး စေ့စပ်ကျနသူတွေ ဖြစ်ပါတယ်။ ပင်ကိုယ်ပါရမီမှာ စွမ်းရည်တစ်ခုခု ပါလာသူတွေပါပဲ။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – ရည်မှန်းချက် မြင့်မားသလို ရောက်အောင်လည်း သွားပြနိုင်သူတွေ ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်ပုံကလည်း သူများတွေ လိုက်မမီအောင်ပါပဲ။ တစ်ခုဆိုတစ်ခု ရည်မှန်းထားပြီး ဆုံးဖြတ်ချက်လည်း ပြတ်သားနိုင်သူတွေ ဖြစ်ပါတယ်။ စကားပြော ကောင်းသူ၊ နားလည်ပေးတတ်တဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – ဘယ်နေရာမှာ ဖြစ်ဖြစ် အလုပ်ကို ကြိုးစားရုန်းကန်သူ၊ တိတိကျကျ အကုန် လိုက်လုပ်တတ်သူတွေ ဖြစ်တယ်။ အေးအေးဆေးဆေးနဲ့ ပျော်ပျော် နေတတ်သလို လူကြီးသူမတွေကို ရိုသေလေးစားသူတွေလည်း ဖြစ်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ထားရင် အဆုံးတိုင် ရောက်အောင် လုပ်ကိုင်တတ်သူတွေ ဖြစ်ပါတယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – တီထွင်ဖန်တီးမှု ကောင်းမွန်သူ၊ တခါတလေ ထူးထူးခြားခြား ဖောက်ထွက် တွေးတော လုပ်ကိုင်နိုင်သူတွေ ပါပဲ။ ဗဟုသုတရော အတွေ့အကြုံပါ ပြည့်စုံသူတွေ ဖြစ်လုိ့ ဇွဲလုံ့လနဲ့ ပေါင်းစပ်တဲ့အခါ အောင်မြင်မှုကို ရယူသိမ်းပိုက် ပွဲခံနိုင်ကြပါတယ်။ တည်ငြိမ်မှုအပြည့် ရှိပြီး စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်တတ်ကြပါတယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – စိတ်ကူးစိတ်သန်းနဲ့ အတွေးအခေါ် သိပ်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ ခံစားချက် ရေယဉ်ကြောမှာ မျောကြပြီး ကိုယ့်ဖီးလ်နဲ့ကိုယ် အေးဆေးနေတတ်သူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းပဲ နေရတာ သိပ်ကြိုက်လို့ ဘေးလူ ဝိုင်းကူစရာ သိပ်မလိုဘဲ တစ်ကိုယ်တော် ရှင်သန်နေထိုင်နိုင်ကြပါတယ်။

Leave a Reply