မြိတ်(ဘိတ်)တွင် ဝေလငါးမန်း တစ်ကောင်ကို သေဆုံးလျက်သား တွေ့ရှိရ။

Local News

ကျွန်းစုမြို့နယ်၊ ဝဲကျွန်းအနီး မြိတ်ခရိုင်တွင် ၂၆ ပေခန့် အရှည်ရှိသော ဝေလငါးမန်း အမတစ်ကောင်အား သေဆုံးလျက်တွေ့ရကြောင်း သတင်းရရှိသောကြောင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးအတည်ပြုချက်များ လုပ်ဆောင်ထားကြောင်း သိရှိရသည်။

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ဝဲကျွန်းအနီးရှိ ပဲ့ဂလက်ရေလုပ်ငန်းစခန်း ရေပြင်တွင် Whale Shark ( ဝေလငါးမန်း )အမျိုးအစားငါးကြီးတစ်ကောင်မှာသေဆုံးလျက်အနေထားတွေ့ရသည့်အတွက် ဒေသခံများကငါးလုပ်ငန်းဦးစီးဌာနသို့သတင်းပေးပို့ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများကဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာများဖြင့်သေဆုံးနေသည့် ဝေလငါးမန်းအ မျိုးအစားငါးအမဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနသို့အတည်ပြု ချက်ရရှိရန်မှတ်တမ်းများ ပေးပို့ထားကြောင်းသိရသည်။

ဝဲကျွန်းအနီးရှိပဲ့ဂလက်ရေပြင်မှာ ရေဝဲများ၊လှိုင်းတံပိုးများ ပြင်းထန်သည့်နေရာဖြစ်ပြီး ကျွန်းနှစ်ခုအကြားနေရာတွင်အဆိုပါငါးကြီးဖြတ် သန်းစဉ်ကျောက်ဆောင်များဖြင့် ထိခိုက်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ဆေးသူတစ်ဦးမှ သုံးသပ်သည်။

’’ဝဲကျွန်းရွာအနီးက ပဲ့ဂလက်အလုပ်စခန်းဆိုတာရှိတယ်။ အဲဒီမှာဒီဇင်ဘာ ၁၆ ရက်နေ့ညနေပိုင်းမှာတွေ့ခဲ့တာဖြစ်တယ်ဒေသခံတွေသတင်းပေးပို့ချက်အရကျွန်တော်တို့ ၁၇ ရက်နေ့မှာက ွင်းဆင်းပြီးသွားရောက်စစ်ဆေးခဲ့တယ်၊ အတိုင်းအတာတွေကိုတိုင်းကြည့်လိုက်တော့အရှည်က ၂၆ ပေရှိတယ်၊လုံးပတ် က ၁၂ ပေရှိတယ်၊သူကအမ ဖြစ်တယ် ဝေလငါးမန်းအမျိုးအစားထဲက ခန့်မှန်းရတယ်၊ပုံနည်းနည်းပျက်နေပြီ Whale Shark လို့ခေါ်တယ်၊ဒေသအခေါ် ဝစီပျောက်ငါးလို့ခေါ်တယ် မြိတ်တက္ကသိုလ်ကအဏ္ဏဝါသိပ္ပံဌာနကို ဓာတ်ပုံတွေ၊မှတ်တမ်းတွေပို့ပြီး အတည်ပြုနိုင်ဖို့လုပ်ထားပါတယ်၊ကျွန်တော်တို့စစ်ဆေးချက်အရနောက်ကျောဘက်မှာ ၈လက်မကနေတစ်ပေလောက်အထိရှိတဲ့ဒဏ်ရာတွေ့တယ် တစ်ခုခုနှင့် ထိခိုက်မိထားတဲ့ပုံစံမျိုးဖြစ်နေတယ် ‘’လို့ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးညီညီလင်းထွဋ် မှပြောကြားခဲ့သည်။

သေဆုံးခဲ့သော ဝေလငါးမန်း မျိုးနွယ်များမှာ အရိုးနု သတ္တဝါအမျိုးအစားများ တွင် ပါဝင်သောကြောင့် အရိုးရရှိရန်မလွယ်ကူချေ။ ထိုငါးကြီး၏ အလောင်းအား ဝဲကျွန်းကျေးရွာရှိ သင်္ချိုင်းထဲတွင် မြှုတ်နှံမည်ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင်လည်း နိုဝင်ဘာလတွင် မြိတ်မြို့နယ်၊ ရေမြစ်ကျေးရွာအနီးတွင် ဝေလငါးမန်းတစ်ကောင်လာရောက်  သေဆုံးခဲ့သော ဖြစ်စဉ်လဲ ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။

Leave a Reply