သူငယ်ချင်းမိန်းမကို ခြင်ထောင်ထဲဝင် လျှာနဲ့လျှက်သူ

Local News

သူငယ်ချင်းမိန်းမကို ခြင်ထောင်ထဲဝင် လျှာနဲ့လျှက်သူ

အိပ်ပျော်နေစဉ် ခြင်ထောင်တွင်းဝင်ကာ မဖွယ်မရာပြု
လုပ်နေသူအား ခင်ပွန်းမဟုတ်မှန်း အိပ်ယာနိုးမှသိ၍ အမှုဖွင့်ပြီ

လှိုင်သာယာ၊ ဇန်နဝါရီ ၂/၂၀၂၁

လင်မယား နှစ်ဦးအတူအိပ်နေကြပြီး ခင်ပွန်းအပေါ့ထသွားစဉ် ခြင်ထောင်တွင်းဝင်၍ မဖွယ်မရာပြုလုပ်ခဲ့သူအား ဇန်နဝါရီ ၁ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်နေ တရားလိုမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ညက ၎င်းတို့နေအိမ်တွင် လင်မယား နှစ်ဦး အတူ အိပ်ယာဝင်ခဲ့ကြောင်း ဆိုသည်။

ထို့နောက် ည ၁၁ နာရီကျော်ခန့်၌ နာရေးအိမ်သွားနေသည့် အမေဖြစ်သူနှင့် ညီမဖြစ်သူတို့ပြန်လာကြ၍ တရားလိုမှ တံခါးထဖွင့်ပေးပြီး အိပ်ယာပြန်ဝင်ခဲ့ကြောင်း ဆိုသည်။

၎င်းနောက် ဇန်နာဝါရီ ၁ ရက် နံနက် ၁နာရီကျော်ခန့်၌ တရားလိုမှ အပေါ့ထသွားခဲ့ကြောင်း အပေါ့သွား၍ ပြန်လာစဉ် ဇနီးဖြစ်သူကို နေအိမ်ခြံတံခါးနားတွင် တွေ့ရ၍ “ဘာဖြစ်လို့လဲ” မေးရာ ဇနီးမှ ၎င်းအိပ်နေသောခြင်ထောင်ထဲကို တရားလို၏ သူငယ်ချင်းဖြစ်သူ ဆန်းသူ ဝင်လာပြီး၊ ခြုံထားသောစောင်အား ဆွဲဖယ်ပြီး ဝတ်ထားသည့် ထမိန်စကပ်အား လှန်ကာ ဇနီးဖြစ်သူ၏ မိန်းမအင်္ဂါအား လျှာဖြင့်ယက်နေသဖြင့် အိပ်ပျော်ကာမှ နိုးလာကာ ခင်ပွန်းမဟုတ်မှန်းသိ၍ အော်ဟစ်လိုက်စဉ် ဆန်းသူမှာ ထွက်ပြေး သွားသည်ဟု ပြောပြကြောင်း ဆိုသည်။

ခြင်ထောင်အတွင်းဝင်‌ရောက်ကာ အိပ်နေသည့် ဇနီးအား
ဓမ္မတာနှင့်ဆန့်ကျင်၍ သားမယားပြုကျင့်ရန် ကြံစည်သူ အောင်သုခ(၂)လမ်း၊ ၁၄ ရပ်ကွက်နေ ဆန်းသူ အား ဥပဒေအရ အရေးယူပေးပါရန် ခင်ပွန်းမှ တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ၎င်းတိုင်ကြား ချက်အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆန်းသူ (၂၅နှစ်)အား လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ (ပ) ၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Source :မြင့်အောင်(လှိုင်သာယာ)
Top Phoenix Media Group

Plz Like & Share

Leave a Reply