ပဲခူးမြို့ အကျဉ်းထောင်တွင် COVID-19 တွေ့ရှိခဲ့သည် အချုပ်သား လူနာတစ်ဦး သေဆုံးခဲ့သဖြင့် အကျဉ်းသား အချို့ကို ထောင်ပြောင်းရွှေ့

Local News

ပဲခူးမြို့ လိပ်ပြာကန် အကျဉ်းထောင်တွင် COVID-19 တွေ့ရှိခဲ့သည့် အချုပ်သား လူနာတစ်ဦးမှာ ဇန်နဝါရီ ၁ ရက်က သေဆုံးသွားပြီးနောက် ညပိုင်းတွင် အကျဉ်းသား အချို့အား ကျိုက်ဇကော အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ပဲခူးအကျဉ်းထောင်တွင် COVID-19 Positive လူနာတစ်ဦး သေဆုံးပြီး Positive လူနာ ၅၆ ဦး အပါအဝင် အကျဉ်းသား ၁၆၉ ယောက်ကို ဇန်နဝါရီလ ၁ ရက်ညက ကျိုက်ဇကော ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နရီ ၁ ရက်က ပဲခူးအကျဉ်းထောင်တွင် သေဆုံးသွားသော COVID-19 Positive လူနာမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ပဲခူးမြို့နယ် ကျန်းမာရေး ဦးစီးဌာန၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ချက်အရ သိရသည်။

“ကျိုက်ဇကောထောင်ကို ပြောင်းတာ၊ အချုပ်ကား ၇ စီး ပွိုင့်ကားတစ်စီး လုံခြုံရေးကား ၂ စီးနဲ့ အားလုံး ကား ၁၀ စီး ၁၆၉ ဦးပြောင်းသွားတယ်၊ Positive ၅၆ ဦးမှာ တစ်ဦးသေ အားလုံး ကား ၁၀ စီးနဲ့ ၁ ရက်နေ့ညက ပြောင်းသွားတာ” ဟု ပဲခူးမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

“ကျိုက်ဇကောထောင်ကို ပြောင်းတာ၊ အချုပ်ကား ၇ စီး ပွိုင့်ကားတစ်စီး လုံခြုံရေးကား ၂ စီးနဲ့ အားလုံး ကား ၁၀ စီး ၁၆၉ ဦးပြောင်းသွားတယ်၊ Positive ၅၆ ဦးမှာ တစ်ဦးသေ အားလုံး ကား ၁၀ စီးနဲ့ ၁ ရက်နေ့ညက ပြောင်းသွားတာ” ဟု ပဲခူးမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

ပဲခူးမြို့နယ်အတွင်း ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့ နှစ်ရက်ပေါင်းတွင် COVID-19 Positive လူနာ ၁၁၈ ဦး တွေ့ရှိကြောင်း ပဲခူးမြို့နယ် ကျန်းမာရေး ဦးစီးဌာန၏ အွန်လိုင်းစာမျက်နှာတွင် ထုတ်ပြန်ချက်များအရ သိရပြီး အကျဉ်းထောင်ကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူ ထောင်ပိုင်ကြီးအား လည်းကောင်း၊ ပဲခူးခရိုင် ကျန်းမာရေးမှူးအား လည်းကောင်း၊ ပဲခူးမြို့နယ် ကျန်းမာရေးမှူးအား လည်းကောင်း ဇန်နဝါရီ ၁ ရက်မှ၂ ရက်အထိ ၂ ရက်တိုင် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။

Leave a Reply