နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရတော့မယ်တဲ့။ အကုန်လုံး အဆင်သင့်ပဲလား။

Local News

ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများကြောင့် နိုင် ငံသားတိုင်း စစ်မှုထမ်းဆောင်ရ မည့် စစ်မှုထမ်းဥပဒေမှာ ကန့် သတ်ချက်များ ရှိနေသော်လည်း အနာဂတ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ အရကတော့ နိုင်ငံသားတွေရဲ့ မူလတာဝန်နဲ့ အခွင့်အရေးမှာပါ ပြီးသားဖြစ်ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ စစ်ပညာသင် ကြားဖို့တို့၊ နိုင်ငံတော်ကာကွယ် ရေး စစ်မှုထမ်းရန်တာဝန်ရှိသည် ဆိုတဲ့ဟာအရ နိုင်ငံသားတိုင်းရဲ့ တာဝန်လည်းဖြစ်တယ်’’ ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ တပ် မတော်စစ်သမိုင်းပြတိုက်တွင်ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က နိုင်ငံသားတိုင်းစစ်မှု ထမ်းရမည့်ကိစ္စနှင့်ပတ်သက်၍ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် အသိပေးတိုက်တွန်းပြောကြား ထားပြီး မြန်မာနိုင်ငံ၏ပထဝီ အနေအထား မဟာဗျူဟာအ ချက်အချာကျမှု၊ နိုင်ငံ၏လွတ် လပ်ရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေး၊ စစ်ပညာသင်ကြား ရေးနှင့် စစ်မှုထမ်းဆောင်နိုင်စေ ရေးတို့မှာ နိုင်ငံသားတိုင်းမဖြစ် မနေ လုပ်ဆောင်ရမည့် တာဝန် ဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဆိုသည်။

‘‘ခုလို ပြောကြားရတဲ့အ ကြောင်းရင်းကတော့ ပြဋ္ဌာန်းပြီး သားဥပဒေအကြောင်းအရ ပြော ကြားပြီးသားဖြစ်တယ်။ နိုင်ငံသား တိုင်းဟာ နိုင်ငံတော်ကာကွယ် ရေးတာဝန်ထမ်းဆောင်ဖို့ရှိ တယ်။ နောက်တစ်ခုကပြည်တွင်း လက်နက်ကိုင်ပဋိပက္ခအခြေအ နေတွေကြောင့် ဒီစစ်မှုထမ်းဥပဒေ ဟာတော့ ကျင့်သုံးဖို့အတွက် ကန့်သတ်ချက်တွေရှိပါတယ်’’ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိ တိုးတက်လာပါက ပြည်တွင်းစစ် မှုထမ်းဥပဒေမှာ ဆောင်ရွက်သင့် သော ဥပဒေတစ်ခုဖြစ်သည်ဟု လည်း ၎င်းကဆိုသည်။

‘‘အဲဒီနေရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က လည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာ လိမ့်မယ်။ ရရှိလာလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်မိုလို့ အနာဂတ်မှာ ဆက်လက်လုပ် ဆောင်ရမယ့်လုပ်ငန်းအဖြစ် ကြို တင်ပြီးတော့ အသိပေးထားခြင်း ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဆက်လက်ပြောကြား သည်။

နိုင်ငံသားတိုင်းစစ်မှုထမ်း နိုင်မည်ဆိုပါက နိုင်ငံတော်ကာ ကွယ်ရေးအတွက် အသိအမြင် များရရှိလာမည့်အပြင် စစ်ဘက်- အရပ်ဘက်ဆက်ဆံရေးများမှာ လည်း ပိုမိုကျယ်ပြန့်လာမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ် ချက်ပြုသည်။

‘‘ဘယ်လိုပဲပြောပြော နိုင်ငံ တော်ကာကွယ်ရေးတာဝန်ထမ်း ဆောင်တဲ့နေရာမှာတော့ ခင်ဗျား တို့ မီဒီယာထဲမှာလည်း အသက် မီတဲ့သူတွေလည်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင် ရင် ကျွန်တော်တို့နဲ့အတူတူလက် တွဲတာဝန်ထမ်းဆောင်လို့ရပါ တယ်’’ဟု ၎င်းကဆက်လက်ပြော သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား တိုင်းစစ်မှုထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၉၅၉ ခုနှစ်ကတည်းက ပြဋ္ဌာန်း ထားခဲ့ပြီး တော်လှန်ရေးကောင်စီ လက်ထက်တွင် တစ်ကြိမ်ပြင်ဆင် ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုသည်။

‘‘၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လ ၄ ရက်နေ့မှာတော့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ တာရှိတယ်။ အဲဒီဥပဒေအရဆိုရင် တော့ မြန်မာနိုင်ငံသားအမျိုး သားဆိုရင်တော့ အသက်(၁၈) နှစ်ကနေ (၃၅)နှစ်မပြည့်သေးတဲ့ နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ် ရင်တော့ (၂၇)နှစ်မပြည့်တဲ့နိုင်ငံ သားတိုင်း ၂ နှစ် စစ်မှုထမ်း ဆောင်ရမှာဖြစ်ပါတယ်။ အသေး စိတ်ကို အဲဒီဥပဒေမှာလေ့လာနိုင် ပါတယ်’’ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အိမ်နီးချင်းနိုင်ငံများတွင် ဘင်္ဂ လားဒေ့ရှ်နှင့် အိန္ဒိယကလွဲ၍ လာ အို၊ ထိုင်းနှင့်တရုတ်နိုင်ငံတို့က ကျင့်သုံးဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆို သည်။

နိုင်ငံတကာတွင် နိုင်ငံသား တိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်ပကျူးကျော်ရန် ရှိလာသည့် အချိန်မျိုး၌ အသက်သွင်းလေ့ ရှိကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြော သည်။ မြန်မာနိုင်ငံ၌ ယင်းဥပဒေ ပြဋ္ဌာန်းပြီး ပြည်တွင်း၌ ဖြစ်ပွား နေသည့် စစ်ဆင်ရေးများ၌ ပါဝင်ဆောင်ရွက်ရမည်ဆိုပါက အငြင်းပွားဖွယ်ရာ အချို့ဖြစ်လာ နိုင်သည်ဟု ၎င်းကဆိုသည်။ ‘‘နောက်တစ်ခုက ဘာလဲဆိုတော့ တပ်မတော်ရဲ့အင်အားပေါ့။ ဘာ ကြောင့်လဲဆိုတော့ စစ်မှုမထမ်း မနေရ ဥပဒေပြဋ္ဌာန်းပြီးတော့ စစ် မှုထမ်းခိုင်းမယ်ဆိုရင် တပ်မ တော်အင်အားကို ဘယ်လောက် ထိထားမလဲ၊ ဒီဟာတွေလည်း တွက်ရချက်ရမှာ။ ဘာကြောင့် လဲဆိုတာ စစ်မှုမထမ်းအနေရဆို တာ ဒီလူတွေ ခေါ်ပြီး အလကား လုပ်ခိုင်းတာမဟုတ်ဘူး’’ ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။

စစ်မှုထမ်းခိုင်းသူများအား လစာပေးရခြင်း၊ ခံစားခွင့်ပေး ရခြင်းများရှိ၍ ယင်းအတွက် ဘတ်ဂျက်ပမာဏ ကြီးမားလာ မည်ဟု ၎င်းက ဆိုသည်။ ‘‘မြန်မာ ပြည်မှာတော့ အဓိက စဉ်းစားဖို့က တော့ လက်ရှိ တပ်မတော်အပေါ် မှာ ပြည်သူလူထု အချို့မြင်နေတဲ့ အမြင်တွေရှိတယ်။ ဒီဟာတွေကို မရှင်းလင်းဘဲနဲ့ လူထုထောက်ခံမှု အားမကောင်းလို့ရှိရင် အဲဒီဥပ ဒေက လုပ်ရကိုင်ရခက်တယ်။ ဒုတိယတစ်ချက်က ဘဏ္ဍာရေး ပိုင်းကိစ္စပေါ့။ ဘဏ္ဍာရေးပိုင်း ကိစ္စက ဘယ်လောက်အထိ တပ် မတော်ကို အင်အားထားမှာလဲ။ ဘယ်လောက်ထိ တပ်မတော်က လိုအပ်နေလဲ ဒါက တစ်ချက်ပေါ့။ နံပါတ်သုံးကတော့ လက်ရှိ ပြည် တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေ ကြောင့်မို့လို့ ဒီဥပဒေကို ပြဋ္ဌာန်း ပြီးတော့ ပြည်တွင်းမှာ စစ်မှုထမ်း တဲ့လူတွေက ပြည်တွင်းပဋိပက္ခ တွေမှာ ဝင်တိုက်မယ်ဆိုလို့ရှိရင် ဒီအပေါ်မှာလည်း တချို့တိုင်းရင်း သားတွေမှာလည်း ပြောလာစရာ ဆိုလာစရာရှိတယ်’’ ဟု ဒေါက် တာမင်းဇော်ဦးက ပြောသည်။ ယင်းသို့ ဥပဒေပြဋ္ဌာန်းမည်ဆိုပါ က တပ်မတော်သားများ၏ တပ် သားအဆင့်ဆင့် ရာထူးတိုးစနစ်၊ တပ်မတော်က ထွက်လိုသူများအ တွက် စဉ်းစားရမည့်ကိစ္စတို့ အပါ အဝင် အခြေခံလိုအပ်ချက်များစွာ လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ တပ်မတော်နှင့် အစိုးရအကြား ရေရှည်စီမံချက်များ ရှိရမည်ဖြစ် သည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။ ထို့ကြောင့် စစ်မှု မထမ်းမနေရ ဥပဒေပြဋ္ဌာန်းခြင်း ကို လတ်တလောတွင် လုပ်၍ မရ သေးဘဲ အချိန်ယူရမည်ဟု ၎င်းက သုံးသပ်သည်။

‘‘စစ်မှုမထမ်းမနေရဆိုတဲ့ အမိန့်ဆိုတဲ့ဟာကြီးက တပ်မ တော်ကနေ ထုတ်ပြန်လို့မရဘူး။ ဥပမာ ဆင့်ခေါ်မယ်ဘာညာဆိုလို့ ရှိရင် ဒါတွေက နိုင်ငံတော်သမ္မတ ကနေ လုပ်ရမယ့်ကိစ္စ’’ ဟု ဒေါက် တာမင်းဇော်ဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဘိုကြည်က စစ်မှု ထမ်းဟုဆိုရာတွင် အမြဲတမ်းစစ်မှု ထမ်းနှင့် ယာယီစစ်မှုထမ်းဟူ၍ ကွာကြောင်း၊ ယာယီစစ်မှုထမ်းသူ များကို ရှေ့တန်းစစ်မျက်နှာပြင်သို့ လွှတ်၍မရကြောင်း တိကျစွာ သတ်မှတ်ထားရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ ‘‘စစ်မှုမထမ်း မနေရဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်း ရတဲ့ အဓိကရည်ရွယ်ချက်ကတစ် ချိန်ချိန်မှာ ပြည်ပကျူးကျော်စစ် တွေ ဖြစ်လာတယ်ဆိုလို့ရှိရင် လူတိုင်းက စစ်ရေးပညာကို သိ နေလို့ရှိရင် ဒါက အမျိုးသားကာ ကွယ်ရေးအတွက် ရည်ရွယ်တဲ့ ဟာမျိုးဖြစ်ရမယ်။ဆိုလိုတဲ့အခါ ဒီလိုရည်ရွယ်ချက်မျိုးကို သေသေ ချာချာ ရှင်းရှင်းလင်းလင်းဖြစ် အောင် ပြောဖို့လိုတယ်။ နောက် ပြည်သူလူထုကို ရှင်းရှင်းလင်း လင်းဖြစ်အောင် သိမြင်သာဖို့လို တယ်။ ဘာအတွက် ရည်ရွယ်တာ လဲပေါ့။ မဟုတ်ဘဲနဲ့ ကိုယ့်တိုင်း ရင်းသားအချင်းချင်း တိုက်နေတဲ့ အခါမျိုးမှာ ဒီလိုလူမျိုးကို လွှတ်ဖို့ ရည်ရွယ်တယ်ဆိုရင် ဘယ်မိဘ ကမှ ဒီလိုလွှတ်ချင်မှာမဟုတ်ဘူး။ တစ်ဦးချင်းကလည်း ဒီလိုမျိုးကို ပါဝင်ပတ်သက်ချင်မှာ မဟုတ် ဘူး’’ ဟု ဦးဘိုကြည်ကပြောသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပြ ဿနာများကို ဖြေရှင်းရာတွင် စစ် မှုမထမ်းမနေရ ပြဋ္ဌာန်းချက်ဖြင့် လုံးဝလုပ်ဆောင်၍မရကြောင်း ဦးဘိုကြည်က ပြောသည်

Leave a Reply