မိန်းကလေးချင်းတောင် ပြန်ကြွေရတဲ့ မိန်းကလေးတွေမှာ ရှိတတ်တဲ့ အရည်အချင်းတွေ

Knowledge

မိန်းကလေးချင်းတောင် ပြန်ကြွေရတဲ့ ကောင်မလေးတွေမှာ ဒီလို အရည်အချင်း ရှိပါတယ်

လူတိုင်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ရပ်တည်နေကြရတာမျိုးပါ။ ဒါပေမယ့်လည်း တစ်ချို့တွေကတော့ တခြားသူတွေရဲ့ ပုံစံကို အားကျမိတတ်ကြပါတယ်။ ဒီမှာဆို တစ်ချို့မိန်းကလေးတွေလည်း ပါနေပါတယ်။ မိန်းကလေးအချင်းချင်းတောင် ကြွေရလွန်းတဲ့ ကောင်မလေးတွေလည်း ရှိနေပါတယ်။ ဒီလို မိန်းကလေးချင်းတောင် သဘောအကျခံရတာကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

() စတိုင်ကျတယ်

မိန်းကလေးတွေက အလှအပကို သဘောကျတတ်သူပါ။ ဒါကြောင့် လှတဲ့သူတွေကိုလည်း သဘောကျတတ်ပါတယ်။ သူတို့ကတော့ ကိုယ့်ကိုယ်ကို စတိုင်ကျအောင်၊ မျက်စိအမြင်မှာ ကြည့်ကောင်းနေအောင် ဝတ်တတ်တဲ့သူတွေကို သဘောကျတတ်ပါတယ်။ အမြဲ စတိုင်ကျနေတာပဲဆိုတဲ့ စိတ်နဲ့ ကြွေနေတတ်ကြတာ ဖြစ်ပါတယ်။

() ထက်မြက်တယ်

ဉာဏ်ရည်ထက်ထက်မြက်မြက် ရှိတဲ့ မိန်းကလေးတွေကလည်း မိန်းကလေးအချင်းချင်း ပြန် သဘောကျခံရတတ်ပါတယ်။ မိန်းကလေး အများစုက ကိုယ့်အရည်အချင်းကို သတိမထားမိတတ်တဲ့ အိမ်အလုပ်တွေပဲ လုပ်နေတာနဲ့ ဘာမှ သိပ်ပြီး ထူးထွေ မလုပ်တတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီအချက် ကြောင့် ထက်မြက်နေတဲ့ မိန်းကလေးတွေ မြင်တိုင်း တခြားသော မိန်းကလေးတွေက သဘောကျမိတတ်ကြတာ ဖြစ်ပါတယ်။

() ကိုယ်ပိုင်ဟန် ရှိတယ်

ကိုယ့်ပုံစံနဲ့ ကိုယ် နေတတ်တာကလည်း အရည်အချင်းတစ်ခုပါပဲ။ မိန်းကလေးချင်းတောင် ပြန်ကြွေရလောက်တဲ့သူတွေမှာ သူများတွေထက် ထူးခြားနေတဲ့ ပုံစံမျိုး ရှိနေတတ်ပါတယ်။ ဒီလို ထင်ထင်းရှင်းရှင်း ရှိနေတဲ့ ဟန်မျိုးကတော့ တကယ့်ကို ဆွဲဆောင်မှု ရှိနေပါတယ်။ ဒါကြောင့် သူတို့ကို သူသိများတတ်ကြပါတယ်။

() ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး

သူတို့တွေက ပတ်ဝန်းကျင် အမြင်တွေ၊ တခြားသူတွေရဲ့ အပြစ်တင်လွန်းတာတွေကို ဂရုမစိုက်တတ်ကြပါဘူး။ သူတို့တွေက လူတွေရဲ့ တုံ့ပြန်ချက်ကို သတိထားကြည့်ပေမယ့် ဂရုစိုက်နေတာမျိုး မရှိပါဘူး။ မကောင်းတာ လုပ်နေတာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့အတူ သူတို့ လုပ်တဲ့ အလုပ်တွေကို ယုံကြည်မှု ရှိရှိ လုပ်တတ်ကြပါတယ်။

() ပညာသားပါပါ စကားပြောတတ်တယ်

သူတို့တွေက အများက အားကျရတဲ့ အရည်အချင်းတစ်ချက်ကတော့ စကားပြောတတ်လွန်းတာပါပဲ။ သူတို့က စကားကို ပါးနပ်စွာ ပြောဆိုတတ်ပြီး အချက်အလက်နဲ့ ပြောတတ်ပါတယ်။ ဒီအရည်အချင်းက စကားပြောဝိုင်းတွေမှာဆို ပိုပြီး သိသာပါတယ်။ ဒီအချက်က လူအများရှေ့ စကားပြောရတာ အခက်အခဲရှိတဲ့ မိန်းကလေးတွေ အားကျသွားတတ်တဲ့ အချက်ပါပဲ။

Leave a Reply