ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေးအတွက် သိန်းရာနှင့်ချီပြီးလှူဒါန်းခဲ့တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူ

Local News

တစ်ခေတ်တခါကပြည်သူချစ်မင်းသားကြီးဖြစ်တဲ့ ဦးကျော်သူကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီး အောင်မြင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဦးကျော်သူက နာရေးကူညီမှုအသင်းကို ထူထောင်ထားပြီးပရိဟိတလုပ်ငန်းတွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသူတစ်ဦးပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးတွေကို လုံလုံလောက်လောက် ဝယ်ယူနိုင်ဖို့အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌဦးကျော်သူက ကျပ်သိန်း (၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ကိုဗစ်ကာကွယ်ရေး ဆေးအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နေပြည်တော်သို့ ကျပ်သိန်းတစ်ရာ (၁၀၀၀၀၀၀ဝိ/-) လှူဒါန်းခြင်း ၊နတ် လူ သာဓု ခေါ်စေသော်။“ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဦးကျော်သူ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။သူဟာ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့်ဝေဘာဂီဆေးရုံကြီးမှာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၇) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့တာဖြစ်ပါတယ်။သူဟာ နှလုံးခွဲစိတ်ခံထားရသူလည်းဖြစ်သလိုဆီးချို ရောဂါအခံရှိတာကြောင့်ကိုဗစ်ရောဂါကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေသာမက၊အနုပညာရှင်တွေကလည်း စိုးရိမ်ပေးခဲ့ကြပါသေးတယ်။

Leave a Reply