ပုသိမ်ကြီးသစ်တောကြိုးဝိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်နေသည့် ယဉ်ယန္တရားများကို ပိုင်ရှင်မဲ့ ဖမ်းမိ

Local News

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်ကျွန်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ တောလမ်း ဖောက်လုပ်နေသည့် ယာဉ်ယန္တယားများကို ပိုင်ရှင်မဲ့အနေဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သိရသည်။

ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းမှာ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (CMRS)အရ တောင် ကျွန်းကြိုးဝိုင်း အကွက်အ မှတ် ၇၊ ၉၊ ၁၁၊ ၁၂ အတွင်း မတ္တရာပြင်ဦးလွင် ဆက်သွယ်သည့် တော လမ်းဟောင်းကို ခွင့်ပြုချက်မရှိဘဲ တိုးချဲ့ ဖောက်လုပ်နေကြောင်း သတင်းအရ ဇန်နဝါရီလ ၈ ရက်က သွားရောက် ဖမ်းဆီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျနော်တို့ သွားပြီးစစ်တော့ စက်တွေ၊ ယာဉ်တွေပဲ တွေ့ရတယ်၊ လူတစ်ယောက်မှ မတွေ့ရဘူး၊ ပိုင်ရှင်ဘယ်သူဘယ်ဝါဆို တာလဲ မသိရသေးတော့ စုုံစမ်းနေဆဲပါပဲ၊ ဖမ်းမိရင်တော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါဟု ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ကျွန်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ တောလမ်းဖောက်လုပ်နေကြောင်း သတင်းအရ မန္တေ လးခရိုင် သစ်တော ဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ်သစ် တောဦးစီး ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဘက်ဟိုးယာဉ် လေးစီး၊ ယာဉ် အမှတ်မပါ NISSAN Diesel မြေသယ်မော်တော်ယာဉ် တစ်စီး၊ ချိန်းဆော တစ်လက်၊ ရင်စို့လုံးပတ် ၁ ပေအောက်နှင့် ၃ ပေအောက်ရှိ သစ်ပင် ၁၉၃ ပင်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် တောင်ကျွန်းကြိုးဝိုင်းနေရာသည် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ် နေရာဖြစ်ပြီး ယခုဖောက်လုပ်နေသည့် လမ်းသည် ယခင်ကရှိခဲ့သည့် မတ္တရာပြင်ဦးလွင် လမ်းဟောင်း ကို ချဲ့ထွင်ဖောက်လုပ်သည်ဟု ယူဆရပြီး မည်သည့်တွက် လမ်းချဲ့ဖောက်လုပ်သည်ကိုမူ စုံစမ်းစစ် ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သစ်တောကြိုးဝိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်လုပ်နေမှုများကို ဖမ်းဆီးအရေး ယူရမှုမျိုး ယခင်က မရှိခဲ့ သော်လည်း သစ်တောကြိုးဝိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင် ရောက် နေထိုင်သူများကို ဟန့်တားရခြင်း၊ တရားစွဲဆိုရခြင်းများ ရှိခဲ့သည်ဟု သိရသည်။

Leave a Reply