ဆန္ဒပြသောထိုင်းပြည်သူများအား ထိုင်းရဲနှင့်စစ်တပ်မှ အကြမ်းဖက်ခြင်းမပြုရန် မြန်မာသံရုံးမှသတိပေးစာထုတ်ပြန်

Local News

ဆန္ဒပြသောထိုင်းပြည်သူများအား ထိုင်းရဲနှင့်စစ်တပ်မှ အကြမ်းဖက်ခြင်းမပြုရန် မြန်မာသံရုံးမှသတိပေးစာထုတ်ပြန်

ယခုတင်ဆက်ပေးမယ့် သတင်းကတော့ ဆန္ဒပြသောထိုင်းပြည်သူများအား ထိုင်းရဲနှင့်စစ်တပ်မှ အကြမ်းဖက်ခြင်းမပြုရန် မြန်မာသံရုံးမှသတိပေးစာထုတ်ပြန်တဲ့ အကြောင်းပဲဖြစ်ပါတယ်…

“ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထုတ်ပြန်ကြေငြာချက်”

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ထိုင်းပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲခြင်းများ ပြုလုပ်ခဲ့တဲ့အပေါ် မိမိတို့ များစွာဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော ပြည်သူများအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ပါရန် မိမိတို့ အနူးညွတ်တောင်းဆိုပါသည်။

နိုင်ငံရေးအဖွဲ့စည်းများ အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းအဖြေရှာမူ့ကို ထိုင်းအစိုးရက အမြန်ဆုံးပြုလုပ်ပါရန် မိမိတို့ တိုက်တွန်းလိုက်ပါသည်။

မြန်မာသံရုံး၊ ဘန်ကောက်မြို့။
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply