ရှေးအစဉ်အလာအရ အတိတ်နိမိတ်များ

Astrology
ရှေးအစဉ်အလာအရ အတိတ်နိမိတ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှေးအစဉ်အလာအရ အတိတ်နိမိတ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှေးအစဉ်အလာအရ အတိတ်နိမိတ်များ

“ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်” နဲ့ဆိုတဲ့ စကားအတိုင်း ရှေးအစဉ်အဆက်က သတ်မှတ်ထားခဲ့သောနိမိတ်တဘောင်များကို မပယ်ပျောက်အောင် ဗဟုသုတအနေဖြင့် ဖော်ပြပေးချင်ပါတယ်။

နိမိတ်တွေများစွာရှိတဲ့အထဲကမှ ကောင်းတဲ့အတိတ်နိမိတ်တွေက‌တော့…….​

(၁) သင်းပျံ့မွှေးကြိုင်သော ပန်းရနံ့၊ ရေမွှေးရနံ့တွေကို‌ ရှုရှိုက်မိပါက လုပ်ငန်းအောင်မြင်မယ့်နိမိတ်ဖြစ်ပါတယ်။ ​

(၂) ဆင်၊ မြင်း၊ ရွှေငွေကျောက်သံပတ္တမြားတို့ကိုတွေ့ပါက အလုပ်ကိစ္စအောင်မြင်မယ့်နိမိတ်ပါ။​

(၃) ဘုရား၊ တရား၊ သံဃာတော်များ ပင့်ဆောင်လာသော ယာဥ်ရထား၊ ကားတို့ကိုတွေ့မြင်ရင်တော့ လုပ်ငန်းကိစ္စအဝဝအောင်မြင်မယ့် နိမိတ်ဆောင်ပါတယ်။ ​

(၄) ရွှေ၊ ငွေရတနာများ ၀တ်ဆင်ထားသူကို တွေ့ရင်တော့ အလုပ်ကိစ္စတွေပြီးမြောက်အောင်မြင်မှာပါ။ ​

(၅) အဆိပ်ပြင်းသောသတ္တဝါမြင်တွေ့မိပါက အကြံအစည်ပြီးမြောက်စွမ်းဆောင် အောင်မြင်နိုင်ပြီးလျှင် လာဘ်ရမယ့်သဘောပါ။ ​

(၆) ဂုဏ်ပညာကြီးမြတ်သူများ၊ ဘုန်းကြီးရဟန်းတို့ကိုတွေ့မြင်ပါက အကြံအစည်အောင်မြင်ပြီး ရွှေငွေဥစ္စာတိုပွားမှာပါ။ ​

(၇) ရဟန်းခံရှင်ပြုပွဲများတွေ့မြင်ပါက စီးပွားဥစ္စာတိုးပွားကာ အကြံအစည်အောင်မြင်နိုင်ပြီး​

(၈) မီးသတ်ကားများကို တွေ့မြင်ခဲ့ရင်တော့ အပူသောကများပြေပျောက်ကာ ငြိမ်းအေးမယ့်သဘောကိုဆောင်နိုင်ပါလိမ့်မယ်။

၇ ရက်သားသမီးများအားလုံး ကောင်းသောနိမိတ်များတွေ့မြင်ပြီး လာဘ်လာဘများတိုးပွားနိုင်ကြပါစေ။

ရေးသားသူ –ဆရာမဇာဇာ(ခ)ဆရာမ ဇွန်လေးနွယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

lhttps://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။