ထောင်တွင်းရဲဘော်တွေအားမငယ်ဖို့ ဆောင်းဘောက်နဲ့ဖွင့်အားပေးပြီးနောက် ဗုံးပေါက်ကွဲ အားရစရာကြီး

Local News

ထောင်တွင်းရဲဘော်တွေအားမငယ်ဖို့ ဆောင်းဘောက်နဲ့ဖွင့်အားပေးပြီးနောက် ဗုံး ၂ လုံးပေါက်ကွဲ အားရစရာကြီး

ယခုတင်ဆက်ပေးမယ့် သတင်းကတော့ အင်းစိန်ထောင် သီးသန့်ဆောင် အနီးတွင် “ထောင်တွင်းရဲဘော်တို့ အားမငယ်နဲ့ ” ဆိုသော အသံဖွင့်ထားသည့် ဆောင်းဘောက်စ်နှင့်ချိတ်ဆက်ထားသော ဗုံး ၂ လုံးပေါက်ကွဲ တဲ့သတင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်း၊ အင်းစိန်ထောင် သီးသန့်ဆောင်အနီးတွင် ယနေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ဗုံး ၂လုံးပေါက်ကွဲပြီး လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်ထောင် သီးသန့်ဆောင်အနီးတွင် ဆောင်းဘောက်စ်ဖြင့် “ရဲဘော်တို့ အားမငယ်နဲ့” အစချီထားသော အသံဖွင့်ထားကြောင်း၊ ယင်းနောက် ယင်းဆောင်းဘောက်စ်နားတွင် ဗုံး ၂ လုံး ၇ နာရီဝန်းကျင်တွင် ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲသွားကြောင်း သိရှိရသည်။

ဗုံးဖြင့် ချိတ်ဆက်ထားသော ဆောင်းဘောက်စ်မှ “ထောင်တွင်းက ရဲဘော်တို့အားမငယ်နဲ့ ။မင်းတို့ ကြွေးကြော်သံတွေ ငါတို့ကြားတယ်။ တိုက်ပွဲကမပြီးသေးဘူး။ ငါတို့လည်းဆက်တိုက် နေတယ်။

မင်းတို့ ဆက်ရှင်သန်နိုင်အောင် ကြိုးစား။ငါတို့ ကြိုးစားပေးဆပ်သမျှ အရောင်ထင်ဟပ်ရမယ်။ ICJ တောင်မသွားနိုင်တော့တဲ့ ဝရမ်းပြေးစစ်ကောင်စီဖြစ်နေပြီ။ တပ်သားတွေကိုပါသတ်နေတဲ့အစိုးရဖြစ်နေပြီ ။ မင်းတို့အသံကမ္ဘာကကြားတယ်! ရဲဘော်တို့ရှင်သန်ကြပါ! တိုက်ပွဲမပြီးသေးဘူး!အချင်းချင်းစောင့်ရှောက်ပါ။ အချင်းချင်းဖေးမပါ။ အချင်းချင်းကာကွယ်ပါ။

ကျန်းမာအောင်နေပါ။ အရေးတော်ပုံ၊ အောင်ရမည်။ အာဏာရှင်စနစ်ကျရှုံးရမယ်” ဟု အသံများ ထွက်ပေါ်ခဲ့သည်။

ယင်းနောက် နံနက် ၇ နာရီတွင် ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အခုသတင်းကို Khit Thit Media မှ ရယူပါတယ်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply