မုန်လာဥနီ ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး

Local News
မုန်လာဥနီ ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မုန်လာဥနီ ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မုန်လာဥနီ ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး

 

မြန်မာ လူမျိုးတွေဟာ မုန်လာဥနီကို ကြော်စားတာပဲ ဖြစ်ဖြစ်၊ အစိမ်းလိုက် သုပ်စားတာပဲ ဖြစ်ဖြစ်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေထဲမှာ ထည့်ကြော်စားတာပဲ ဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ စားသောက်တတ် ကြပါတယ်။

မုန်လာဥနီကို ဖျော်ရည် စက်ထဲမှာ ထည့်မွှေပြီး ရလာတဲ့ အနှစ်ကို ကိုယ်ကြိုက် နှစ်သက်တဲ့ ဖျော်ရည်ပုံစံ မျိုးနဲ့လည်း သောက်သုံးလို့ ရပါတယ်။ မုန်လာဥနီကို ဖျော်ရည်အဖြစ် သောက်သုံးလို့ ရပေမဲ့ လူတိုင်း မကြိုက်တတ် ကြပါဘူး။

အချို့ဆိုရင် မုန်လာဥနီကို ဟင်းထဲမှာ ထည့်ချက်ရင်တောင် မကြိုက်တဲ့သူတွေ ရှိပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး အကြိုက်ချင်း မတူတာမို့ မုန်လာဥနီ ကြိုက်သူများ ကိုတော့မုန်လာဥနီ ဖျော်ရည်ကို ဖျော်သောက် ကြည့်စေချင်ပါတယ်။

Carrots 101: Nutrition Facts and Health Benefits

မုန်လာဥနီကို ပုံမှန် စားသုံးပေးလျှင် သင့်ရဲ့အသည်း ကျန်းမာရေး အတွက် အထောက်အကူ ပေးပါလိမ့်မယ်။ မုန်လာနီမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

အသည်း ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အပြင် မျက်လုံး အမြင်အားကိုလည်း ကောင်းစေပါတယ်။

မုန်လာဥနီ ဖျော်ရည် ကို သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို ကျဆင်းအောင် ကူညီ ပေးပါလိမ့်မယ်။

မဂ္ဂနီဆီယမ်၊ ဘီတာကယ်ရိုတင်း ပါဝင်တဲ့ အပြင် ပိုတက်ဆီယမ် ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်စီ ပါဝင်တာမို့ အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက်အကူ ပေးပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားခြင်း ကိုလည်း ကာကွယ် ပေးပါတယ်။

တကယ်လို့ သင်ဟာ ဝမ်းချုပ်တတ်သူ တစ်ယောက် ဆိုရင်တော့ မုန်လာဥနီ အစိမ်းကို တို့စရာ၊ ဒါမှမဟုတ် ဒီအတိုင်း ကိုက်စားပေးပါ။ အကျိုး ရှိပါလိမ့်မယ်။

မုန်လာဥနီ ဖျော်ရည်ကို နွေရာသီ အချိန်မှာ သောက်သုံး ပေးမယ်ဆိုရင် နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းကို ထိန်းပေး ပါလိမ့်မယ်။
သင့်ခန္ဓာကိုယ် အတွက် အင်အားတွေ တိုးစေပါလိမ့်မယ်။ မုန်လာဥနီဟာ တကယ့်ကို စားကောင်းတဲ့ အစားအစာ တစ်ခုပါ။

မုန်လာဥ ဖျော်ရည်သာမက မုန်လာဥနီကို အစိမ်းပဲ ဖြစ်ဖြစ်၊ ဟင်းအဖြစ် ချက်စားတာမျိုးပဲ ဖြစ်ဖြစ် စားသုံးသင့် ပါတယ်လို့ အကြံကောင်းလေး ပေးလိုက် ပါရစေ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။