3 Idiots ကားထဲက ဇာတ်ဝင်ခန်းနေရာလေး ၁၂ နှစ်ပြည့်ခဲ့ပြီ

Celebrity Knowledge

3 Idiots ကားထဲက ဇာတ်ဝင်ခန်းနေရာလေး ၁၂ နှစ်ပြည့်ခဲ့ပြီ

ဒီနေ့ဟာ ရမ်ချို , ဖာဟန် , ရာဂျူးတို့သုံးယောက်ကို ချာတူး (Chatur) က ဒေါသအိုးပေါက်ကွဲပီး နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲဆိုတဲ့ Challenge လေးကို စတင်ခဲ့တဲ့ 12 နှစ်ပြည့်နေ့ပါ။

ဒီနေရာမှာ , ချာတူးကို လူအများစုက ဘာဖြစ်လို့မုန်းကြလဲဆိုတာကို ကျွန်တော်မတွေးတတ်ဘူး။
ဒါပေမဲ့ , For me Personally အရတော့ ချာတူးဆိုတဲ့‌ကျောင်းသားက တခြားနေရာတွေမှာသာ အကျင့်မကောင်းရင်နေမယ်။

အနည်းဆုံးသူ့ဘဝမှာတော့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။ ရမ်ချိုထက်သာကိုသာစေရမယ်ဆိုတဲ့ ရည်မှန်းချက်။

ပီးတော့ , သူရမ်ချိုလောက် ပါရမီမပါဘူး။ ဒါပေမဲ့နော် သူရမ်ချိုကို ဘယ်တော့မှမကြောက်နေခဲ့ဘူး။

အဲ့လိုချာတူးဆီကနေ , ဘာကိုသင်ယူခဲ့ရလဲဆိုတော့ “ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့” ဆိုတဲ့အချက်‌ကလေး။

ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ , ထုတ်ကြွားပြတာတွေအရမ်းများပေမဲ့ ဒီလိုအကျင့်တွေသာမရှိဘူးဆိုရင် ချာတူးဟာ အတုယူစရာ‌တွေ ပိုပီးများလာမှာပါ။

ဥပမာ – Self-Cnfidence , Hardworking , Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတာတွေကို အကုန်လုံးချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။

ဒီနေ့ကချာတူးရဲ့‌နေ့လေးမို့ ချာတူးကိုပိုအမွှန်းတင်နေပေမဲ့လဲ သူတယောက်ထဲတင်မကပါဘူး။
3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲကနေ သင်ယူနိုင်တာတွေက အများကြီး” ပဲရယ်။

တက္ကသိုလ်‌‌ကျောင်းတွေမှာ ပညာတင်မက , မိသားစုဝင်လို သူငယ်ချင်းအသစ်တွေကိုပါ ရှာလို့ရကြောင်း သင်ပေးခဲ့တဲ့ရာဂျူး !

ဝင်ငွေကောင်းဖို့ဆိုတာထက် ကိုယ့်ကိုနေ့စဉ်ပျော်ရွှင်နေစေမဲ့ အလုပ်မျိုးကိုပဲလုပ်ပါလို့ လမ်းပြခဲ့တဲ့ဖာဟန် !

ဘဝဟာ အပြေးပြိုင်ပွဲတခုလိုပဲ , မင်းမြန်မြန်မပြေးနေရင် ချနင်းခံခဲ့ရမှာဆိုတဲ့အသိကို သူ့ဘဝနဲ့ရင်းပီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus !

ကျောင်းသူ/သားအများစုမှာမှာလဲ မခံမရပ်နိုင်လောက်စရာ ပြသနာတွေစုပုံလာတဲ့အခါ သူတို့လွတ်မြောက်ရာလမ်းအဖြစ် Sui*ide ကို ရွေးချယ်သွားတတ်ကြကြောင်း ပညာ‌ပေးခဲ့တဲ့ Joy Lobo ဆိုတဲ့ ကျောင်းသားလေး !

ရင်ဆိုင်နေရတဲ့ပြသနာတခုဟာ ဘယ်လောက်ပဲကြီးမားနေပါစေ , မင်းရဲ့နှလုံးသားဆီ “အရာအားလုံး အဆင်ပြေသွားမှာပါ ( All is well )” ဆိုတဲ့စကားလေးတခွန်းကိုသာ ဆက်တိုက်ပြောနေဖို့ သင်ပေးခဲ့တဲ့ရမ်ချို !

ဒါတွေက ကျွန်တော် ဒီဇာတ်ကားလေးထဲကနေ သင်ကြားခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။

ဘာရယ်မဟုတ်ပါဘူး။ ဒီနေ့ကလဲ ဒီဇာတ်ကားလေးရဲ့ Memorable Day လေးလို ဖြစ်နေလို့မို့။

September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က ဒီအမှတ်အသားလေးတစ်ခုကြောင့် , 12 နှစ်အကြာမှာ သူတို့အားလုံးကို နောက်ထပ်တကြိမ် အမှတ်ရရင်း , ကျွန်တော်တို့နိုင်ငံအတွက်လဲ ရမ်ချိုရဲ့ “All is well” (အရာအားလုံး အဆင်ပြေသွားတော့မှာပါ ) ဆိုတဲ့စကားလေးကို လက်ဆောင်ပါးလိုက်ချင်ပါတယ်။

“𝗔𝗹𝗹 𝗶𝘀 𝘄𝗲𝗹𝗹” , 𝗝𝘂𝘀𝘁 𝗸𝗲𝗲𝗽 𝘁𝗲𝗹𝗹𝗶𝗻𝗴 𝘁𝗼 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁 “𝗔𝗹𝗹 𝗶𝘀 𝘄𝗲𝗹𝗹”
ရေးသားသူ – Edward – Valorous

မိုးနတ်မင်းပရိသတ်ကြီးလည်း ဒီပိုစ့်လေးကိုဖတ်ရတာ နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် ရှယ်ပေးဖို့မမေ့နဲ့နော်…

Leave a Reply