ချစ်သူက ဂရုစိုက်လာစေဖို့…

Astrology Knowledge

ချစ်သူက ဂရုစိုက်တာခံချင်တယ်ဆိုရင်

ဒါလေး လုပ်ကြည့်ပါ။

ကိုယ့်ရဲ့ အချစ်ရေးမှာ ကိုယ့်ရဲ့ချစ်သူက

ဂရုမစိုက်လို့၊ ကိုယ့်ကို အဖက်မလုပ်လို့

ဆိုပြီး စိတ်ညစ်နေရလား။

အဲဒီလိုဆိုရင်တော့ ကိုယ့်ချစ်သူဆီက

အချစ်တွေ၊ ဂရုစိုက်တာတွေ

အပြည့်အဝ ရယူချင်မှာပဲလေ။

ချစ်သူ ကိုယ့်တစ်ယောက်တည်းကိုပဲ

ဂရုစိုက်ချစ်လာဖို့အတွက်

ယတြာကောင်းလေး တစ်ခု

ရှိပါတယ်နော်။

လုပ်ရမှာတော့ (၁၀၈) လုံးပုတီးနဲ့

တစ်ရက်ကို ကိုယ်နိုင်သလောက် စိပ်ရမှာပါ

စိပ်နေချိန်မှာ ရွတ်ရမယ့် ဂါထာတော့ ရှိပါတယ်

သဗ္ဗံ၊ ခပ်သိမ်းသော

ပရဝသံ၊ သူတစ်ပါးအလိုသို့ လိုက်ရခြင်းသည်

ဒုက္ခံ၊ ဆင်းရဲ၏

သဗ္ဗံ၊ ခပ်သိမ်းသော

မိသာရိယံ၊ စိတ်ကို အစိုးရခြင်းသည်

သုခံ၊ ချမ်းသာ၏

ပရဝသံ၊ သူတစ်ပါးအလိုသို့ လိုက်ရခြင်းသည်

မေ၊ ငါ့အား

မာအတ္ထု၊ မဖြစ်စေသတည်း

သဗ္ဗံ၊ ခပ်သိမ်းသော

မိသာရိယံ၊ စိတ်ကို အစိုးမရခြင်းသည်

ဘဝေ၊ ဖြစ်ပါစေသတည်း

လို့ ရွတ်ရမှာပါ။

ချစ်တတ်သူတိုင်း အဆင်ပြေကြပါစေ…။

Leave a Reply