ခဏတာသီချင်းနောက်ကွယ်မှ တေးရေးကမ္ဘာရဲ့ ရင်နာစရာဇာတ်ကြောင်း

Celebrity

ခဏတာသီချင်းနောက်ကွယ်မှ တေးရေးကမ္ဘာရဲ့ ရင်နာစရာဇာတ်ကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခဏတာသီချင်းနောက်ကွယ်မှ တေးရေးကမ္ဘာရဲ့ ရင်နာစရာဇာတ်ကြောင်းလေးပဲ ဖြစ်ပါတယ်။


ကမ္ဘာပြောပြခဲ့တဲ့ ခဏတာ သီချင်းအကြောင်း ခဏတာ သီချင်းရေးဆရာရဲ့ ဇာတ်လမ်းအစ ဒီသီချင်းလေးဖြစ်လာစေတဲ့ ကျွန်တော့်ရဲ့ချစ်သူက တအားကိုချောပါတယ်။ကိုးရီးယားမင်းသမီးလေးလို့ထင်ရလောက်အောင် မြင်သူတိုင်းငေးရလောက်မတတ်လှသူလေးပါ။သူနဲ့ကျွန်တော်ကျူရှင်တစ်ခုမှာတွေ့ကြတာပါ။ကျွန်တော်တက္ကသိုလ် ဒုတိယနှစ်မှာ သူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောပါတယ်။တစ်နှစ်လောက်အကြာ တက္ကသိုလ်(တတိယ)နှစ်မှာ သူက ကျွန်တော့်ကိုပြန်ပြီး ချစ်တဲ့အဖြေပေးခဲ့ပါတယ်။သူ့ရဲ့အဖြေကိုရတဲ့နေ့မှာဘဲ သူ့ဆီကထူးထူးဆန်းဆန်းကိစ္စတစ်ခုလဲ ကျွန်တော့်ကိုသူကဖွင့်ပြောခဲ့ပါတယ်။

သူ့မှာချစ်သူရှိနှင့်ပြီးသား၊အဲဒီချစ်သူက ဂျပန်မှာရှိပါတယ်တဲ့၊အဲဒီချစ်သူက သူနဲ့သူ့မိသားစုအတွက် တစ်လကို ၃သိန်းထောက်ပံ့ ပံ့ပိုးနေပါတယ်။ဒါပေမယ့် ကျွန်တော့်ကိုသနားလို့ သူအဖြေပေးတာပါ။သူ့ရဲ့အရင်ဇာတ်လမ်းလေးကိုနားလည်ပေးပါလို့ ပြောလာတော့

အသံဖမ်းစတူဒီယိုမှာ အသံဖမ်းအင်ဂျင်နီယာခ တစ်လ ၃၀၀၀၀(သုံးသောင်း) ပဲရတဲ့ကျွန်တော့်မှာ ဂျပန်က ချစ်သူလို့မထောက်ပံ့ပေးနိုင်တဲ့ လူမွဲဂစ်တာသမားမို့ ချစ်လွန်းတဲ့စိတ်နဲ့ သူ့ဘက်ကို နားလည်ပေးခဲ့ပါတယ်။တကယ်ပဲသူ့ကိုကျွန်တော် အရမ်းချစ်ပါတယ်။ဒါကြောင့် ဂျပန်က သူ့ရည်းစားရှိတာကိုလည်းခွင့်လွှတ်နိုင်ခဲ့ပါတယ်။

ခဏတာသီချင်းရေးဆရာရဲ့ ဇာတ်လမ်းအလယ်
သူနဲ့ကျွန်တော် ရည်းစားသက်တမ်းအရှိန်ရလာတဲ့အချိန်မှာတော့ ကျွန်တော်နဲ့သူ့ရဲ့ချစ်ဇာတ်လမ်းကို ဂျပန်မှာရောက်နေတဲ့ သူ့စပွန်ဆာချစ်သူကသိသွားပါတော့တယ်။အဲဒီမှာကျွန်တော့်ချစ်သူလည်း ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။ဒါကြောင့်သူတို့ဘဝရပ်တည်မှုအတွက် တစ်လတစ်လ ပို့ပေးနေတဲ့ငွေကြေးနဲ့ ကျွန်တော့်ကိုလှဲလယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

သူက ကျွန်တော့်ကို သူ့မိသားစုနဲ့သူ့ဂျပန်ချစ်သူမိသားစု ဆုံပြီးစောင့်နေကြတဲ့သူ့အိမ်ကိုလိုက်လာခဲ့ဖို့ခေါ်ပါတယ်။ကျွန်တော်လဲသူ့ဆန္ဒအတိုင်းဖြစ်စေဖို့လိုက်သွားပါတယ်။သူကကျွန်တော့်ကို မိသားစုအားလုံးရဲ့အလယ်မှာ ဂျပန်ပြည်ကသူ့ရည်းစားဆီဖုန်းဆက်ပြီး စကားပြောဖို့ခေါ်သွားတာပါ။သူပြောခိုင်းတဲ့စကားက ကျွန်တော်နဲ့သူနဲ့ဘာမှမပတ်သက်ပါဘူး။ကျွန်တော်ကသူ့ကိုတမင်သက်သက်လိုက်ပြီး လူတွေအထင်သေးအောင် ရည်းစားဖြစ်နေတယ်လို့ သတင်းလွင့်တာပါလို့ ပြောပေးပါလို့ ဆိုပြီး တာဝန်ပေးပါတယ်။သူ့မိသားစုတွေရဲ့ရှေ့မှာ တကယ်ဖုန်းပြောတဲ့အချိန် သူ့ကိုချစ်လွန်းတဲ့စိတ်ကြောင့် ကျွန်တော် သူသင်ပေးတဲ့အတိုင်း စိတ်နာနာနဲ့ပြောလိုက်ပါတယ်။

ဂျပန်က သူ့ရည်းစားက ကျွန်တော့်ကိုစိတ်ဆိုးပြီးဖုန်းထဲကဆဲပါတယ်။မင်းကအခြောက်တဲ့။သူများရည်းစားကို မရလို့နာမည်လိုက်ဖျက်တဲ့ကောင် ဆိုပြီး ပက်ပက်စက်စက်ပြောတာကို နှစ်ဘက်မိဘ အသိုင်းအဝိုင်းကြားမှာ ခေါင်းငုံ့ခံရင်း ကျွန်တော့်ရဲ့လစာ (၃၀၀၀၀) ထဲက (၁၅၀၀၀) သူ့ကိုပေးပြီးသူ့ဘဝအဆင်ပြေဖို့ ကျွန်တော့်ဘဝအပျက်ခံခဲ့ပါတယ်။အဲဒီနေ့ကစပြီး သူနဲ့ကျွန်တော်ရဲ့ဇာတ်လမ်းပြီးခဲ့ပါတယ်။


ခဏတာသီချင်းရေးဆရာရဲ့ ဇာတ်သိမ်း
ဒီလိုလမ်းခွဲပြီးတစ်လလောက်အကြာ ထမင်းကြော် ဆိုင်တစ်ခုမှာ သူနဲ့ကျွန်တော်ပြန်ဆုံခဲ့ပါတယ်။အချိန်ကတော့မနက်ပိုင်း။အဲဒီဆိုင်ကလည်း သူနဲ့ကျွန်တော်ထိုင်နေကြပါ။သူက ကျွန်တော့်ကိုတွေ့တော့ ငိုပါတယ်။ကျွန်တော်လည်း ကျွန်တော့်ချစ်သူ ကျွန်တော့်အတွက်ဝမ်းနည်းတာကြောင့်၊စိတ်ထဲမှာကျွန်တော့်ကိုချစ်သေးတယ်ဆိုပြီးအရမ်းဝမ်းသာအံ့သြသွားပါတယ်။

သူက ကျွန်တော့်ကိုအခုလိုပြောပါတယ်။ငါတော့ ဝဋ်လည်ပြီ နင်နဲ့ပြတ်ပြီး ငါရည်းစားတစ်ယောက်ထပ်ထားလိုက်သေးတယ်။အဲဒီကောင်က ငါ့ကွယ်ရာမှာတစ်ခြားကောင်မလေးတစ်ယောက်နဲ့တွဲနေတာ၊ငါ့ညီမကတွေ့လိုက်တော့ ငါ့အစားစိတ်ဆိုးပြီး သူ့ကိုဝင်စကားပြောတယ်။ငါ့ညီမကိုလည်းတွေ့ရော လူမှားနေပြီလို့ပြောပြီးထွက်ပြေးသွားတယ်။ငါ ဂျပန်ကငါ့ရည်းစားဝဋ်လည်ပြီး သူ့နောက်ကွယ်မှာ နင်နဲ့ရှုပ်မိလို့အခုလိုဖြစ်ရတာဆိုပြီး ပြောပြတော့မှ သူ့မျက်ရည်ဟာ ကျွန်တော့်အတွက်မဟုတ်ဘဲ ဂျပန်ကသူ့ရည်းစားအတွက်ဖြစ်မှန်းသိလိုက်ရတော့ ကျွန်တော့်ဘဝကိုတော်တော်သနားမိပါတယ်။အဲဒီလို အသည်းနှလုံးနဲ့မိန်းကလေးကိုမှ ချစ်ခဲ့မိတဲ့ကျွန်တော့်လို လူမိုက်ရဲ့အကြောင်းကြေကွဲစွာရေးမိတဲ့သီချင်းက ခဏတာ သီချင်းလေးပါပဲ။

ပထမဆုံးကဗျာအဖြစ်စရေးတာပါ။သီချင်းအဖြစ်ရေးပြီးချိန်ကျွန်တော်ဂစ်တာနဲ့ဆိုနေတာကျွန်တော့်အစ်ကိုတွေကြားလို့အခုလိုယူဆိုဖြစ်တာပါ။

အဲဒီလိုသူ့ရဲ့တကယ့်နောက်ကွယ်က အချစ်ဇာတ်လမ်းလေးကိုပြောပြနေတဲ့ ဂစ်တာသမားလေးကို ကျွန်တော်က ကိုယ်ချင်းစာစိတ်နဲ့ မင်းအခုကော မင်းရည်းစားကို သတိရသေးလားလို့မေးကြည့်မိတော့ သတိရပါတယ်လို့ဖြေပါတယ်။သူ့မျက်လုံးတွေကတော့ ခပ်ဝေးဝေးကိုကြည့်ရင်း ရီဝေဝေဖြစ်နေပါတယ်။အတိတ်ကိုပြန်သတိရနေတာလည်းဖြစ်နိုင်ပါတယ်။

ကျွန်တော်ကသူ့သီချင်းထဲက ကျွန်တော်ကြိုက်တဲ့စာသားလေးအကြောင်းမေးလိုက်မိပါတယ်။ လက်ခုပ်သံကျယ်ကာမှ ….ငါ့အပြစ်ဖြစ်ရတယ် ဆိုတာ မင်းနာမည်ကြီးလို့ ပရိသတ်လက်ခုပ်သံပေးမှုရတော့မှ မင်းကောင်မလေးက မနာလိုတဲ့စိတ်ကြောင့် စွန့်ခွာသွားတာကို ဆိုချင်တာလားလို့မေးလိုက်တော့ သူက မဟုတ်ဘူးအစ်ကို ကျွန်တော်ဆိုလိုချင်တာက လက်ခုပ်သံဆိုတာ လက်နှစ်ဘက်နဲ့တီးမှမြည်တာပါ။သူ့လက်နဲ့ ကျွန်တော့်လက်နှစ်ဘက်ပေါင်းတီးပြီးလက်ခုပ်သံကျယ်ကျယ်ကြားရမှ ဒီကိစ္စဟာကျွန်တော်တစ်ယောက်တည်းလုပ်တာပါ။သူ့ဘက်ကလုံးဝမပါပါဘူး။

ဖြစ်ခဲ့သမျှကိစ္စတွေဟာ သူနဲ့ဘာမှမဆိုင်ပါဘူးလို့ ကျွန်တော့်အပေါ် အပြစ်ပုံချတဲ့ချစ်သူအတွက် ကျွန်​ေတာ်ရည်ရွယ်ပြီးရေးသားထားတာပါလို့၊သူ့ရဲ့အဓိပ္ပါယ်ကို တိုးတိုးညင်သာစွာပြောပြတဲ့ သီချင်းရေးဆရာဂစ်တာသမားလေး ကမ္ဘာကို မလေးစားဘဲမနေနိုင်တော့ပါဘူး။အနုပညာသမားတွေရဲ့ဘဝဟာ တကယ်တော့ ပရိသတ်ချစ်တဲ့သီချင်းတွေနားထောင်ရဖို့ ကိုယ့်ဘဝနဲ့ရင်းပြီး အပင်ပန်းခံ၊အဆင်းရဲခံ၊မိန်းကလေးတွေရဲ့လှည့်စားမှုမာယာတွေကိုဝမ်းသာအားရ ရယူပြီးမှသီချင်းလေးတစ်ပုဒ်နဲ့ တစ်ဘဝလုံးလဲလိုက်ရတဲ့သီချင်းရေးဆရာတွေ၊ဂီတသမားတွေရဲ့အဖြစ်မှန်ကိုသီချင်းချစ်သူပရိသတ်တွေသိနိုင်ဖို့ သူ့ကိုသိလိုသမျှတွေမေးပြီးချိန်မှာ သူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးအခြေအနေကိုမေးဖြစ်ခဲ့ပါတယ်။သူကဒီလိုပြောပါတယ်။

ခဏတာသီချင်းရေးဆရာရဲ့ နိဂုံး
ကျွန်တော့်ချစ်သူဟာ အခုအိမ်ထောင်ကျသွားပါပြီ။သူတစ်ချိန်လုံးအနိုင်ယူခဲ့တဲ့ကျွန်တော်လည်းသူ့ခင်ပွန်းမဟုတ်၊ဂျပန်ကလစဥ်ထောက်ပံ့တဲ့သူ့ရည်းစားနဲ့လဲမယူဖြစ်ဘဲရန်ကုန်က ကုမ္ပဏီ ပိုင်ရှင်တစ်ယောက်ရဲ့သားနဲ့ယူလိုက်ပြီး ခလေးတစ်ယောက်တောင်ရနေပါပြီ။သူနဲ့ကျွန်တော်
မကြာသေးခင်က BAK Shopping Center မှာတွေ့ဖြစ်လိုက်ပါတယ်။

သူကတော့ လှနေတုန်းပါပဲ။ကျွန်တော့်ကိုရုတ်တရက်တွေ့လိုက်တော့ အံ့သြသွားပုံရပါတယ်။ကျွန်တော်ကလည်း အမှတ်မရှိသေးဘဲစကားပြောလိုက်ပါသေးတယ်။ နင်ဘာတွေလုပ်နေလဲ လို့ သူကတော့ တစ်သက်လုံးနိုင်နေကျကျွန်တော့်ကို ဖုတ်လေတဲ့ငါးပိရှိနေတဲ့ပုံစံတောင်မှမပြဘဲ ငါလင်ယူသားမွေး လုပ်နေတယ်လို့ခပ်မာမာပြန်ဖြေပြီး သူသွားစရာရှိတဲ့နေရာကို ခပ်တည်တည်၊ဘာခံစားမှုမှမရှိတော့တဲ့ပုံစံနဲ့ကျောခိုင်းပြီးထွက်သွားတာကိုနောက်ဆုံးတွေ့လိုက်ရပါတယ်

ကဲ….စာဖတ်ပရိသတ်ကြီးလည်းအခုလောက်ဆိုရက်စက်တတ်တဲ့မိန်းကလေးတစ်ယောက်ကြောင့် ခံစားမှုတွေလက်ဆောင်ရသွားတဲ့ ဂစ်တာသမားလေးရဲ့ ခဏတာ သီချင်းလေးနောက်ကွယ်က တကယ့်အချစ်ဇာတ်လမ်းလေး သိခဲ့ရပြီမို့ အနုပညာသမားဆိုတာ ဘယ်လိုလူစားတွေလဲဆိုတာ သိချင်ကြသူတွေအတွက် ဒီသီချင်းလေးက သက်သေခံအထောက်အထားပါပဲ။အရှုံးသမားတွေဟာ အနုပညာသမားတွေပါပဲလို့ ရင်ဖွင့်ပြလိုက်ချင်ပါတော့တယ်။နားလည်ခံစားပေးနိုင်ကြပါစေ။

နိုင်ဇော် (Lazy Club), 2009 August Hello Journal, ဂီတနယ်ပယ်
မိုးနတ်မင်း ပရိသတ်ကြီးလည်း တေးရေးကမ္ဘာရဲ့ ကြေကွဲစရာဇာတ်လမ်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် ဒီအကြောင်းလေးကို မျှဝေပေးခဲ့ပါဦး။

Leave a Reply