စာမေးပွဲလာဖြေသူများမှာ ဒလန်များမဟုတ်လို့ပြောလိုက်တဲ့ ဗိုလ်တစ်ထောင်ကျောင်းအုပ်ဆရာမကြီး

Local News

စာမေးပွဲ လာရောက်ဖြေသူများမှာ ဒလန်များမဟုတ် ဟု ဗိုလ်တထောင်(၅) ကျောင်းအုပ်ဆရာမကြီးမှ အားပေးစကားပြောကြား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စာမေးပွဲ လာရောက်ဖြေသူများမှာ ဒလန်များမဟုတ် ဟု ဗိုလ်တထောင်(၅) ကျောင်းအုပ်ဆရာမကြီးမှ အားပေးစကားပြောကြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မတ်လ ၁၇ ရက်နေ့ကတော့ နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွေမှာ ဟန်ပြ စာမေးပွဲ စစ်ဆေးတဲ့နေ့ပဲဖြစ်ပါတယ်။
ထိုကဲ့သို့ ဟန်ပြ စာမေးပွဲ လာရောက်ဖြေဆိုသူများကို ကျောင်းအုပ်များမှ အားပေးစကားပြောရန် စစ်ကောင်စီက ညွှန်ကြားထားတာပါ။ထိုညွှန်ကြားချက်နဲ့အညီ အ.ထ.က (၅) ဗိုလ်တထောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစန္ဒာအောင်ကတော့ “ဒီနေ့ စာမေးပွဲ လာရောက် ဖြေဆိုတဲ့ သားတို့သမီးတို့ဟာ ဒလန်တွေမဟုတ်ဘူး။ နိုင်ငံအနာဂတ်ခေါင်းဆောင်တွေပါ။

စာကိုကြိုးကြိုးစားစားဖြေဆိုနိုင်ကြပါစေ။ လူနည်းစုတွေဘယ်လိုပဲ တိုက်ခိုက်ပါစေ အပုတ်ချပါစေ၊ ကိုယ့်ရဲ့ ယုံကြည်ရာကိုသာ အာရုံစိုက်ကြပါ။ ဆရာမကြီးဆိုလည်း ပုတ်ခတ်သူရှိတာပဲ။ ဒါပေမဲ့ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေအောင်လုပ်တယ်။ စာမေးပွဲ မဖြေဆိုဘဲ အလေးလိုက်နေတဲ့ သူတွေကသာ နောက်ကျကျန်ခဲ့မှာပါ” ဟု စာမေးပွဲ ဖြေဆိုမည့် Non CDM အဋ္ဌမတန်းကျောင်းသားများ နှင့် သင်ရိုးသစ်ဒသမတန်းကျောင်းသားများကို အားပေးခဲ့ကြောင်းသတင်းရရှိပါတယ်။


ဒေါ်နန်းစန္ဒာအောင်ကတော့ CDM လုပ်သယောင်ယောင် ဆန္ဒတွေထွက်ပြပြီးမူရာမာယာ များလွန်းတဲ့ဆရာမကြီးဖြစ်တယ်လို့လည်း မိဘတွေက ပြောကြပါတယ်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply