တစ်နိုင်ငံလုံးပထမရ ကျောင်းသားမှ ကြက်ပေါင်းရည်ကုမ္ပဏီ ကြော်ငြာရိုက်ကူးမှုကို ငြင်းဆို

Local News

တစ်နိုင်ငံလုံးပထမရ ကျောင်းသားမှ ကြက်ပေါင်းရည်ကုမ္ပဏီ ကြော်ငြာရိုက်ကူးမှုကို ငြင်းဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်နိုင်ငံလုံး ပထမရ ကျောင်းသားမှ ကြက်ပေါင်းရည် ကုမ္ပဏီ ကြော်ငြာရိုက်ကူးမှုကို ငြင်းဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှတ် ၅၅၅ မှတ်ဖြင့် တစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး (အထက ၂ ရန်ကင်း) အား ကြက်ပေါင်းရည် ကြော်ငြာရိုက်ကူးရန် ကမ်းလှမ်းမှုကို ကျောင်းသား ဘက်မှ ငြင်းဆိုခဲ့သည်။

Media မှ မေးမြန်းမှုတွင်လည်း ထိုအကြောင်းကို ထည့်သွင်း ဖြေကြားခဲ့ပါသည်။ “ကျွန်တော် တကယ်မသောက်ခဲ့ ပဲနဲ့ သောက်တဲ့ ပုံ မညာချင်ဘူး ခင်ဗျ” ဟု ယဉ်ကျေးစွာ ဖြေကြားခဲ့ပြီး Interviewer မှ “ဒါဆို အခုလို အောင်မြင်မှု အတွက် အခြား ဘာ ဆေးဝါး စားသုံးမှု တစ်ခုခုများ ပြုလုပ်ခဲ့ပါသလဲ သိလို့ရမလား မောင်လေး” ဟု ထပ်မံ မေးမြန်းရာ မောင်သူတရဲမိုး မှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

“ကျွန်တော်က အထွေထွေ ဗဟုသုတ များအောင် ကြိုးစားနေထိုင်ပါတယ် အခုလို အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်ကတော့ စာကျက်ကာနီး တိုင်း နားထင်မှာ ဆရာခို ကို ပါးပါးလူးပေးပါတယ်။

ဆရာခိုဆေးမှာ အကြိတ်အဖု ဂရင်ဂျီနာ အနာစိမ်းတွေကို ပျောက်စေတဲ့ ဓါတ်တွေအပြင် ဉာဏ်ရည်ကောင်းမွန်စေတဲ့ Ingredients တွေပါ ဝင်ကြောင်း ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆေးထုတ်လုပ်ရေးမှ လည်း ဆက်သွယ်ထားပြီး မောင်သုတနှင့် လိမ်းဆေးကြေညာရိုက်ကူး ရန်ပြင်ဆင်နေပြီ ဟုသိရှိရပါတယ်။

ယခုပိုစ့်လေးမှာ သရော်စာအဖြစ်ရေးသားထားခြင်းဖြစ်ပြီး ဟာသအမြင်ဖြင့် ဖတ်ရှုပေးပါရန်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။