ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အမိန့်ချဖို့ရှိ

Local News

ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အမိန့်ချဖို့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အမိန့်ချဖို့ရှိဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အဂတိအမှု ငါးမှုကို ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့အမှုပေါင်း ၁၄ မှုနဲ့ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံရထားပြီးဖြစ်ပြီး နေပြည်တော်အချုပ်ထောင်တွင်းမှာ အကျဥ်းချခံထားရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး ပထမဆုံး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားသူတွေအားလုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

မူလက ဒီအဂတိမှုငါးမှုနဲ့ပတ်သက်လို့ ဇန်နဝါရီလမှသာ အပြီးသတ်အမိန့်ချနိုင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အခုတော့ ဒီနေ့မှာ အပြီးသတ်အမိန့်ချဖို့ ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ စွဲဆိုထားတဲ့အမှုတွေအားလုံး ပြီးပြတ်သွားမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လာမယ့် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဥ်းသားတွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်သလို၊ ဒီအထဲ ဒေါ်အောင်ဆန်းစုကြည်ပါလာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။