ဘယ်တော့နိုင်မှာလဲ ခဏခဏမေးသူတွေကို ဆရာမမော်မော်သင်း ဖြေပေးလိုက်ပြီ

Local News

ဘယ်တော့နိုင်မှာလဲ ခဏခဏမေးသူတွေကို ဆရာမမော်မော်သင်း ဖြေပေးလိုက်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘယ်တော့နိုင်မှာလဲ ခဏခဏမေးသူတွေကို ဆရာမမော်မော်သင်း ဖြေပေးလိုက်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အားမလျှော့နဲ့ရောက်တော့မည်။ အမ ဆရာမ မော်မော်သင်းဆိုတာ ဆရာကြီးဦးအောင်သင်းရဲ့သမီးလို့မပြောရဘူး စာအရေးအသားသိပ်ကောင်းတာပဲ….။

အမ က နွေဦးတော်လှန်ရေး အပေါ်ခံစားချက်ကို ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ခရီးဖီလင်နဲ့ ဥပမာပေးထားတာလေး သဘောကျလွန်းလို့ ကျမလည်း ပြန်ခံစားပြီးရေးလိုက်ပါတယ်….။

ကျမတို့လူငယ်ဘဝက ကျိုက်ထီးရိုးဘုရားဖူးခရီးဆိုတာ တောင် ၃၃လုံး ကိုလမ်းလျှောက်တက်နိုင်မှဘုရားကိုဖူးရတာ အခုလို ကားလမ်းမဖောက်ခင် ခြေကျင်ခရီးပေါ့ အချိန်အားဖြင့် ၇ နာရီကြာတယ်….။

ရောက်ဖူးသူတွေအတွက်ကိစ္စမရှိပေမယ့် ပထမဦးဆုံး ကျိုက်ထီးရိုး သွားတဲ့သူကတော့ အရာရာဟာထူးဆန်းပြီး အရမ်းမောရတဲ့ ခရီးပေါ့ ခြေကုန်လက်ပမ်းကျပြီး ပြန်တော့မယ်ဟာ….လို့တွေးမိတာလည်း အကြိမ်ကြိမ် ပြန်လှည့်ရအောင် ကလည်း တက်လာခဲ့တဲ့ ခရီးက နည်းမှမနဲပဲ တက်လည်းမောတယ် ပြန်ဆင်းလည်းမောမယ့် အတူတူ အားတင်းပြီးရောက်အောင်တက်မယ်ဟာ ဆိုမှ…..မြန်မြန် ရောက်သွားတာ…..။

အမ မော်မော်သင်းပြောသလို တောင်တက်ခရီးမှာ ခြေကုန်လက်ပမ်းကျတဲ့အခါ နားရင်း တောင်ပေါ်ကဆင်းလာသူတွေကို အားကိုး တကြီးမေးမိတယ် ရောက်တော့မလားဟင် လို့ သူတို့ကလည်းပြောတယ် ရောက်တော့မှာ တဲ့ ဒီတစ်ကွေ့ဆိုရောက်ပြီ တဲ့…တကယ်တမ်း အကွေ့ ပေါင်း များစွာ ကွေ့ပြီးမှရောက်ရတာ….။

တောင်ခြေ ကင်မွန်းစခန်းကနေ ရွှေရင်မျှော် ရွှေရင်သာ ရွှေရင်ဆို့ ရေမြောင်ကြီး စိုင်တမော့ ဘိုးပြန်တောင် စသဖြင့် ကျိုက်ထီးရိုးတောင်တက် ခရီးရဲ့နံမည်ကျော်တောင်တွေထဲမှာနဂါးပတ်တောင် ဟာ ကျိုက်ထီးရိုးဘုရား ရင်ပြင်ရောက်ဖို့နောက်ဆုံး တောင်ဖြစ်သလို အမြင့်ဆုံး ၊ တက်ရတာအကြာဆုံးလို့ ထင်ပါတယ် လူကလည်းလက်ပမ်းကျနေပြီကိုး

နဂါးပတ်တောင်ဆိုတဲ့အတိုင်း တောင်ကိုပတ်ပြီးဖောက်ထားတဲ့လမ်းဆိုတော့ ကျိုက်ထီးရိုးဘုရား ကိုမြင်လိုက် ကွေ့သွားလိုက် ဘုရားကတောင်နဲ့ကွယ်ပြီးပျောက်သွားလိုက်ပေါ့….

အဲ့တော့ ဘုရားကိုမြင်လိုက် ရောက်ခါနီးပြီဆိုပြီး အားတက်လိုက် ဘုရားကိုမတွေ့ပြန်လိုက် မောလိုက်ပေါ့ နောက်ဆုံးတော့ တောင်ကြီးဖဝါးအောက် ဆိုတဲ့အတိုင်း ရောက်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ကျိုက်ထီးရိုးဘုရားကို ရောက်တာပါပဲ….။

လမ်းလျှောက်တက်ဖူးသူတိုင်း ဒီဖီလင်ကိုသိတယ် ဘုရားရင်ပြင်ကိုတက်တဲ့ လှေခါးထစ်မှာ ထိုင်ချလိုက်တဲ့အချိန် တိမ်တွေက ကိုယ့်အောက်မှာ မျက်နှာကိုဖြတ်တိုက်လာတဲ့အေးမြတဲ့တောင်ပေါ်လေတွေကို ရှူလိုက်ရတဲ့အခါ တောင် ၃၃ လုံးကို ဖြတ်ကျော်ခဲ့တုန်းက အမောတွေဟာ ပိန်းကြာရွက် အပေါ် ရေမတင်သလို ကင်းစင်လွင့်ပျောက်လို့…..။

အခု နွေဦးတော်လှန်ရေး ဟာ အဲ့ဒီအတိုင်းပါပဲ…ပမ်းလာပြီဆိုတော့ မေးမိတာပေါ့ ပြီးတော့မလားဟင်…ကြင်စိုးပြုတ်ဖို့ နီးပြီလားဟင် ရောက်ချင်ပြီလေ အေးဆေးနေချင်ပြီ ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်စီးပွားကိုယ်ရှာ ဥပဒေအရ အကာ အကွယ်ရနေတဲ့ နိုင်ငံသားဘဝကို ပြန်ရချင်ပြီ စစ်အာဏာရှင်တွေကို အမြန်ပြုတ်စေချင်ပြီ….။

ဒါကြောင့်မို့ အားတက်စရာသတင်းစကားကို ကြားချင်ကြတာ နွေဦးတော်လှန်ရေး အောင်တော့မယ်ဆိုတာ ကြားချင်တာ….အဲ့တော့ သတင်းစကားပါးရရင် နွေဦးတော်လှန်ရေးဟာ နိုင်အောင်တိုက်မယ် လို့ ဆုံးဖြတ်ထားသူတွေကြောင့် နိုင်ကိုနိုင်မှာ….

လုံခြုံရေးအရ မထုတ်ပြန်တဲ့ တချို့စစ်သတင်းတွေဟာ အားတက်စရာ စကစဟာ ရှုံးကိုရှုံးတော့မှာ သေချာနေပြီ မြန်မြန်ဆွဲချဖို့ အားထပ်စိုက်ဖို့ပဲ လိုနေတာ…..။

အခုဆို နဂါးပတ်တောင် ကိုရောက်နေပြီ အောင်ပွဲသတင်းတွေက ကြားရလိုက် ပျောက်သွား လိုက် အဲဒါကိုက အောင်ပွဲကြီး နီးသည်ထက် နီးလာ ပြီဆိုတဲ့သဘောပဲ…ပွဲကြာလို့ ပမ်းလာတာမှန်ပေ မယ့် တောင်အောက်ပြန်ဆင်းမယ့်သူ တစ်ယောက်မှ မရှိဘူး ဒါ့ကြောင့် ငါတို့နိုင်ကို နိုင်မှာ….။

ခြေကုန်လက်ပမ်းကျလာရင် ဖြေးဖြေးလျှောက် ရပ်မပစ်လိုက်နဲ့…ကူနိုင်သူဝင်ကူ…လှူနိုင်သူ ဝင်လှူ… မကူနိုင် မလှူနိုင်ရင် အန္တရာယ်ကင်းကင်းနဲ့ အိမ်ထဲ ကနေ မပြတ်တမ်း Click. ..

အောင်ပွဲဆိုတာ… အရှုံးမပေးသူတွေပဲရတာ….။ အရေးတော်ပုံအောင်ကိုအောင်ရမည် စစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးရမည်

ရေးသားသူ – ဂျေလှသင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။