ရှေ့တန်းစစ်မျက်နှာပြင်ကို တင့်ကား၂၀၀ကျော်စေလွှတ်ကာကွယ်ထားတဲ့ ဂျပန်

International News

ရှေ့တန်းစစ်မျက်နှာပြင်ကို တင့်ကား၂၀၀ကျော်စေလွှတ်ကာကွယ်ထားတဲ့ ဂျပန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှေ့တန်းစစ်မျက်နှာပြင်ကို တင့်ကား၂၀၀ကျော်စေလွှတ်ကာကွယ်ထားတဲ့ ဂျပန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရုရှားက ဟိုခိုင်းဒိုးကို ဝင်တိုက်လို့ရတယ်ဟုဆို မူအပေါ် ဂျပန်က တင့်ကား ၂၀၀ကျော်စေလွှတ်ကာ ဂျပန် -ရုရှား ရှေ့တန်း စစ်မျက်နှာပြင်ကို ကာကွယ်…..
ဂျပန်ပြည်သူတွေ ဇာတိသွေးဇာတိမာန်တစ်ဖန်ပြန်ကြွေးကြေ်ာလို့လာနေတာကိုတွေ့လာရပါတယ်.

ဂျပန်ရဲ့ တပ်မ၇ က တင့်ကား အစီး၂၀၀ကျော်ကို ရုရှားနဲ့ စစ်ဖြစ်နိုင်မဲ့ ဟိုခိုင်းဒိုးကို ဖြန့်ကျက်ပို့ကာ စစ်ပြင်ဆင်ထား မူသတင်းက ဂျပန်ပြည်သူတွေကြား ဟစ်ဖြစ်လို့လာနေပါတယ်..
ရုရှားကို ရင်ဆိုင်ဖို့ ဂျပန်စစ်ရေးတွေပြင်ဆင်လာတဲ့ သတင်းကြောင့် ဂျပန် နဲ့ ရုရှားအရေးကလည်း တမျိုးတဖုံအရေးကြီးလာတာမို့ ဂျပန်ရောက်မြန်မာတွေလည်း ဒီလို သတင်းမျိုးကို သိထားဖို့တော့ လိုနေပြီ…


ဂျပန်က ရုရှား နဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်လာမဲ့ ဟိုခိုင်းဒိုးမှာ ပင်မတိုက်ပွဲဝင်တင့်ကား Type 90အမျိုးအစား တင့်ကား၂၀၀ကျော်ကို ရှေ့တန်းကို ဖြန့်ကျက်ပို့လာတာပါ…
Type 90ပင်မတိုက်ပွဲဝင်တင့်ကားဆိုတာ ဂျပန်စစ်စစ် တင့်ကားဖြစ်ပြီး မီဆူဘီရှိနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ တင့်ကားအမျိုးအစားပါ..
ရွေ့လျားနေတဲ့ပစ်မှတ်တွေကို ကွန်ပျုတာနဲ့တွက်ချက်ပြီး ထိထိရောက်ရောက်ချေမူန်းနိုင်တဲ့ ဂျပန်တင့်ကားအမျိုးအစားပါ


ရုရှား က ဂျပန်ကို တိုက်ခိုက်မယ်ဆို ဟိုခိုင်းဒိုးဘက်ကနေ ဝင်လာမှာမို့ ဟိုခိုင်းဒိုးက ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်လို့လာပါတယ်..
ဂျပန်မှာ တင့်ကားတပ်က ဗဟိုမှာတောင် အင်အားအယောက်၆ထောင်ခန့်ထိရှိပါသေးတယ်..
မြောက်ပိုင်းကို ကာကွယ်ဖို့ တပ်မ ၇ ရဲ့ ကွန်မန်ဒါက – စစ်အေးကာလကတည်းက မြောက်ပိုင်းကို အခိုင်အမာ ကာကွယ်ဖို့ တည်ဆောက်ခဲ့တာ ခုချိန်ထိ မပြောင်းလဲသေးကြောင်း ပြည်သူတွေကို စိတ်မပူဖို့ ထုတ်ပြောလာပါတယ်..
ဂျပန် နဲ့ ရုရှား ၂နိုင်ငံကြားမှာ ကျောင်းတော်ရန်စဖြစ်နေတဲ့ မြောက်ပိုင်းကနယ်နမိတ်ပြသနာလည်းရှိနေပါသေးတယ်..


ရုရှားဘက်ကလည်း ဂျပန်မြောက်ပိုင်းနားမှာ အင်အား တစ်ထောင်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မူတွေပြုလုပ်ပြီး သွေးတိုးစမ်းလို့လာပါတယ်..
ဂျပန်အစိုးရအတွင်းရေးမူး matsunoက- ဂျပန်ရဲ့ မြောက်ဘက် ကျွန်းလေးကျွန်းမှာ ရုရှားက စစ်လက်နက်တွေတပ်ဆင်ပြီး စစ်ရေးလေ့ကျင့်နေတာ လက်ခံလို့မရကြောင်း ကန့်ကွက်လိုက်ပါတယ်..
ရုရှားခေါင်းဆောင် Sergey Mironovက- ကျွမ်းကျင်သူတွေအမြင်အရ ရုရှားက ဟိုခိုင်းဒိုးကို လုပ်ပိုင်ခွင့် ရှိကြောင်း ကျုးကျော်လို့ရတဲ့ သဘောပြောဆိုလာပါတယ်.
ဂျပန်ကာကွယ်ရေးဦးစီးချုပ်ဟောင်းကတော့ – ယခုလို ရုရှားပြောဆိုမူတွေကြောင့် ဂျပန်က ရုရှားကို ရန်သူတော်လို့ မှတ်ယူထားသလားဆိုတဲ့ မေးခွန်းအပေါ်
ဂျပန်က ရုရှားကို တိတိကျကျ ရန်သူလို့ သတ်မှတ်ထားတာမရှိပေမဲ့ မြောက်ဘက်မှာ ရုရှား အနောက်ဘက်မှာ တရုတ် နဲ့ မြောက်ကိုရီးယား ရန်တော့ရှိတယ်လို့ သတ်မှတ်ထားပါတယ်… ကာကွယ်ရေးဝန်ကြီးဌာနက ခြိမ်းခြောက်မူတွေအတွက်ပြင်ဆင်နေပါတယ်..


ရုရှား ဘက်က ခေါင်းဆောင်တချို့ရဲ့ ကျုးကျော်ချင်သလို ပြောဆိုမူတွေကြောင့် ဂျပန်က ရှေ့တန်းကို တင့်ကားတွေ စေလွှတ်နေပါတယ်..
ဂျပန်တင့်ကားတွေက အခြေအနေအခက်အခဲတွေကြားမှာ တင့်ကားကို အပိုင်နိုင်အကျွမ်းကျင်ဆုံးထိန်းနိုင်ဖို့ အမောင်း ကော သေနတ်ပစ် တွေပါ ရှေ့တန်းမှာ အစွမ်းကုန် လေ့ကျင့်လို့လာနေတယ်လို့ သတင်းတွေက ထုတ်ပြန်လာပါတယ်..
လေ့ကျင့်ရေးတွေက အစဉ်တိုးတက်နေကြောင်း တပ်မမှုးတွေက ပြည်သူကို အသိပေးပါတယ်..
1904-1905တုန်းက ဂျပန်မြောက်ပိုင်းမှာ ယခုလက်ရှိ ရှိနေတဲ့ တပ်မ ၇ နဲ့ ရုရှားတပ်တွေ စစ်ဖြစ်ကြပြီး ဂျပန်ရုရှား စစ်ပွဲကြီးမှာ ဂျပန်တပ်မတွေက ရုရှားတပ်တွေကို စုပေါင်းဝိုင်းတိုက်ပြီး ဟိုခိုင်းဒိုးကိုကာကွယ်နိုင်ရုံတင်မက ရုရှားကိုအနိုင်ယူကာ ဦးချိုးခဲ့ပါတယ်..


တပ်မ၇ တပ်သားတွေက တချိန်က ဘိုးဘေးတွေရဲ့ နိုင်ပွဲကို ရိုက်ကူးထားတဲ့ဗီဒီယိုကိုကြည့်ပြီး စိတ်ဓါတ်ခွန်အားတွေရရှိလို့နေပါတယ်..
ရုရှား စစ်တပ်နဲ့ ဂျပန်ရဲ့ ဟိုခိုင်းဒိုး က တပ်မတွေက ရာစုနှစ်များစွာ ထိပ်တိုက်ရင်ဆိုင်နေကြတာလို့ ဂျပန်သတင်းတွေမှာ ထုတ်လွှင့်နေပါတယ်..
မြန်မာက လူတစ်ချို့ကထင်တာ ဂျပန်က စစ်အင်အားနဲတယ်ထင်နေကြတာ ဂျပန်ရဲ့ စစ်အသုံစရိတ်က အမေရိကန်ဒေါ်လာ ၄၇ဘီလီယံတောင်ရှိပါတယ် စစ်သားအင်အားနဲနဲ နဲ့ ကျစ်ကျစ်လစ်လစ် ခေတ်မှီပြီး စနစ်တကျတည်ဆောက်ထားတာပါ..


ရုရှားက စစ်သားအင်အားပိုများပေမဲ့ စစ်အသုံးစရိတ်မှာ ဒေါ်လာ၆၂ဘီလိယံရှိတာမို့ ဂျပန် ရဲ့ သူ့စစ်အင်အားနဲ့ သူသုံးနေမူနဲ့ဆို ဂျပန်စစ်တပ်က ကျစ်လစ်ခိုင်မာပါတယ်..
အရှေ့တောင်အာရှမှာ ထိုင်းတောင် ၅ဘီလီယံပဲ သုံးတာတောင် ထိုင်းစစ်တပ်ဆို အတော်ခေတ်မှီနေတယ်ထင်နေကြတာပါ… ဂျပန်စစ်တပ်က ထိပ်သီး ခေတ်မှီစစ်တပ်ပါ… ပါချီပါချက် မဟုတ်ပါဘူး…ကဲ ထားတော့…
ဂျပန်ပြည်သူတွေက တစ်နေ့ထက်တစ်နေ့ ပြင်းထန်တဲ့မှတ်ချက်တွေလူမူကွန်ရက်မှာ ပေးလာကြတာမှာ ကောက်နုတ်ဖော်ပြ၇ရင်-
-ဂျပန်က ကာကွယ်ရေး အသုံးစရိတ်တိုးမြင့်ဖို့ အလျင်အမြန်အကောင်အထည်ဖော်ပါ…(ဒါ‌ောင် ၄၇ဘီလီယံ သုံးတာတောင် ထပ်တိုးမြင့်ခိုင်းနေတာ)
-ရုရှားက ယူကရိန်းကို ကျုးကျော်ပြီးနောက် တစ်နေ့ ငါတို့ကိုလည်း လာကျုးကျော်နိုင်တယ်လို့ တွေးပူနေတာ ခုလို ဂျပန်အတွက် လူငယ်တွေက ကာကွယ်ဖို့ တက်ကြွနေတဲ့အခါ စိတ်ခံစားမူလှုပ်ရှားရကြောင်း မှတ်ချက်ချပါတယ်..


-ရုရှားက ဂျပန်ကို လာတိုက်ရင် ယူကရိန်းထက် ပိုခက်မယ် အဓိက ထောက်ပို့ပါ ကျွန်းနိုင်ငံ ငါတို့က သဘာ၀ခံတပ်ကြီးပဲ..
-နိုင်ငံကို ကာကွယ်ကြပါ ငါတို့ အချိန်ပိုအလုပ်တွေပိုလုပ်ပြီး အခွန်တွေအများကြီးပေးဆောင်မယ်…အကောင်းဆုံးကြိုးစားကြမယ်..
-ဟိုခိုင်ဒိုးသားတစ်ယောက်အနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်.. ဟိုခိုင်းဒိုးကို စောင့်ရှောက်နေတဲ့ နတ်ဘုရားများ ဟိုခိုင်းဒိုးကို ကာကွယ်ပေးကြပါ..
စတဲ့ မှတ်ချက်များစွာထဲ မှ တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်.
ဂျပန်ရောက်မြန်မာများလည်း ဂျပန်ရဲ့ စစ်ရေးလှုပ်ရှားနေမူသတင်းတွေကို ကြည့်ရူထားသင့်ပါတယ်..

#ZWEMAN မှရေးသား…
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။